ငွေတောင်စားသောက်ဆိုင်အနီးရှိ ရပ်ကွက်ရုံး ဗုံးကွဲမှုဖြစ်စဉ်အပြီး တောင်ဥက္ကလာပမြို့နယ်အတွင်း ဖမ်းဆီးမှုများရှိနေ -

SouthOkkala News ( ဇန်နဝါရီ ၂၃ )

တောင်ဥက္ကလာပမြို့နယ် ၊ သံသုမာလမ်းပေါ်ရှိ ၁၄ ရပ်ကွက် အုပ်ကြီးရုံးတွင် ဇန်နဝါရီ ၂၁ ရက်နေ့ ဗုံးပေါက်ကွဲမှုအပြီး မြို့နယ်တွင်းရှိ အိမ်တချို့ကို ယမန်နေ့ညက ဝင်ရောက်ဖမ်းဆီး၍ ပစ္စည်းများကိုလဲသိမ်းယူမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

" တ/ဥက္ကလာ ၊ ၁၀ ရက်ကွက် ၊ ဘယသင်္ကြန်လမ်းထဲက ရွှေပန်းထိမ် အိမ်တအိမ်ကိုဝင်ဖမ်းသွားတယ်။ ရှိသမျှလူတွေ အကုန်လုံးကို မျက်လုံးအဝတ်စီး ၊ လက်ပြန်ကြိုးတုတ်ပြီးဖမ်းသွားတာ။ အိမ်ထဲကပစ္စည်းတွေလဲသယ်သွားတယ်။ ကားပါမချန် ယူသွားကြတာ " ဟုရပ်ကွက်နေပြည်သူများမှ ပြောကြားသည်။

ထိုညတွင်လဲ တ/ဥက္ကလာ ၊ ၁၃ ရပ်ကွက်ရှိ အိမ်တအိမ်မှ အမျိုးသမီးတဦးကိုလဲ ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

ထိုရပ်ကွက် ရုံးဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် စစ်တပ်ထောက်တိုင် ငွေတောင်စားသောက်ဆိုင် ဝန်ထမ်းများ၏ ဖမ်းဆီး ရိုက်ခဲ့မှုကြောင့် ရဲဘော်တဦး ကျဆုံးခဲ့ရသည်။



Comments

Popular posts from this blog

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်