လှည်းကူးမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ကြံ့ခိုင်ရေးနဲ့ အစားထိုးခန့်အပ်ဖို့ စစ်ကောင်စီ စီစဉ်



မဲခေါင်၊ ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အစားထိုး ခန့်အပ်ဖို့ စစ်ကောင်စီက စီစဉ်နေပြီလို့ လှည်ကူးမြို့နယ် ကြံခိုင်ရေးပါတီ တာဝန်ရှိသူက ပြောပါတယ်။

လှည်းကူးမြို့ပေါ်က ရပ်ကွက် ၅ ခု အပါအဝင် ကျေးရွာအုပ်စု ၅၇ အုပ်စုမှ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက ဒီဇင်ဘာလကုန်ပိုင်းမှာ အပြောင်းအလဲ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

အခုလို အပြောင်းအလဲ ပြုလုပ်ရာမှာ လက်ရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူး အားလုံးကို တာဝန်မှ ရပ်နားပြီး ကြံ့ခိုင်ရေးပါတီဝင်တွေကို အစားထိုး ခန့်အပ် တာဝန်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

"အသစ်ခန့်မယ့် သူတွေထဲမှာ သုံးပုံက ပါတီဝင်တွေ ဖြစ်လိမ့်မယ်။ ကျန်တဲ့ တစ်ပုံကတော့ အဆင် ပြေတဲ့သူတွေ ဖြစ်မှာပေါ့။ NLD လက်ထက်က လူတွေတော့ မပါတော့ဘူး။ တစ်ချို့လည်း ထွက်ဖို့ အတွက် စာတင်ထားတာတွေ ရှိတယ်လို့ သိရတယ်။ အသစ် ပြန်ခန့်အပ်တဲ့ သဘောပါ" လို့ ကြံ့ခိုင်ရေးပါတီဝင်က ဆက်ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေမှူး အချို့ နှုတ်ထွက်စာ တင်ခဲ့ပေမယ့် စစ်ကောင်စီက ထွက်ခွင့် မပေးဘဲ ခြိမ်းခြောက် ခိုင်းစေနေလို့ အုပ်ချုပ်ရေးမှူး အဖြစ် ဆက်လက် လုပ်ကိုင်နေရ သူတွေလည်း ရှိတယ်လို့ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

"နှုတ်ထွက်စာ တင်တဲ့ သူတွေရှိတယ်။ ပစ်သတ်ခံရမှာ ကြောက်လို့ ထွက်စာတင်တဲ့ သူတွေ ရှိသလို စစ်ကောင်စီ လက်အောက်မှာ မလုပ်ချင်လို့ ထွက်ချင်တဲ့ သူတွေလည်း ပါကြတယ်လေ။ ကြံ့ခိုင်ရေးက လူတွေ ဝင်လုပ်မယ် ဆိုတော့လည်း လုပ်ပေါ့။ အာဏာသိမ်း ကာလမှာတော့ ဘာပြောလို့ရမလဲ။ သူတို့ ခိုင်းတဲ့ အတိုင်း လုပ်ရတာ" လို့ သူကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လှည်းကူးမြို့နယ် အတွင်း ပြည်သူတွေ ရွေးချယ် တင်မြှောက်ထားတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက တာဝန်မှ ရပ်နားခဲ့ပြီး အရင် န.ဖ.အ စစ်ကောင်စီ လက်ထက်က အုပ်ချုပ်ရေးမှူးဟောင်း အများစုကို ပြန်လည် တာဝန်ပေး ခန့်အပ်ထားတာ ဖြစ်ပါတယ်။

MK-005
#MeKongNews


Comments

Popular posts from this blog

တရုတ်သမ္မတ ရှီကျင့်ဖျင်၏သမီး အမေရိကတွင် နေထိုင်နေဟုဆို

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ

Finlandization ဆိုတဲ့ ဝေါ ဟာရ

ပူတင်က nuclear တပ်စုများအား alert လုပ်ထား

ဧရာဝတီတိုင်းအတွင်းရှိ ဘုရားများ၏ ဘွဲ့အမည် တည်သည့်ခုနှစ်နှင့် လှူဒါန်းသူ အမည်များအား ကောက်ယူထားရန် မင်းအောင်လှိုင် ညွှန်ကြား

အကောင်းဆုံးယှဉ်ပြိုင်ပုံကဒီလို

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်