တရုတ်ထုတ်လျှပ်စစ်ကားမီးထလောင်

 

https://youtu.be/I5abwuAShWs

Delta News December 31, 2022 နိုင်ငံတကာရေးရာ တရုတ် ကားပြပွဲတစ်ခုရဲ့ ပြခန်းထဲမှာ ထားရှိတဲ့ လျှပ်စစ်ကားတစ်စီး မီးထလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ တရုတ် ကုမ္ပဏီ IAT Automobileက Conceptအဆင့် ရှေ့ပြေးပုံစံ နမူနာ အနေနဲ့ ထုတ်လုပ်ထားတဲ့ လျှပ်စစ်ကားလေးဟာ ပြခန်းထဲမှာ ရှိနေတုန်း ရုတ်တရက် မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်မှာ လူမှုကွန်ရက် မီဒီယာတွေပေါ် စတင်ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေအရ ပြခန်းထဲမှာ လောင်ကျွမ်းတဲ့ မီးက အတော်လေး ပမာဏ များပြားတာကို တွေ့ရပါတယ်။ ပြပွဲ မစတင်မီ အချိန်ပိုင်းလောက်မှာ ကားက ရုတ်တရက် မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုရဲ့ အကြောင်းရင်းကိုတော့ အသေးစိတ် မသိရသေးပါဘူး။ မီးလောင်မှု ဖြစ်ပွားချိန် ပြပွဲမှာ ရှိနေတဲ့ ဂျာနယ်လစ် တစ်ယောက်က ဖြစ်စဉ်ကို မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ တရုတ်ဟာ ကမ္ဘာပေါ်မှာ လျှပ်စစ်ကား ထုတ်လုပ်မှုနဲ့ သုံးစွဲမှု အမြင့်မားဆုံး နိုင်ငံတွေထဲက တစ်ခု ဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပြိုင်ဘက် ကုမ္ပဏီတွေကို ယှဉ်ပြိုင်ဖို့ တရုတ် နည်းပညာ လုပ်ငန်း တော်တော်များများက လျှပ်စစ်ကား စျေးကွက်ထဲ ဝင်ရောက်လာကြပေမယ့် တရုတ် လျှပ်စစ်ကားတွေရဲ့ လုံခြုံရေး စံနှုန်းတွေအပေါ် သံသယ မေးခွန်းတွေ ထွက်ပေါ်နေချိန်မှာ အခုလို ဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့ရတာပါ။ တရုတ် သတင်းဌာန Jiemianရဲ့ အဆိုအရ မီးလောင်မှု ဖြစ်ပွားခဲ့တာဟာ အိမ်သုံး အသေးစား လျှပ်စစ်ကား Concept ပုံစံတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် လူတွေ ထိခိုက် ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။ IATကတော့ သူတို့ရဲ့ လျှပ်စစ်ကားက မီးထလောင်တာလို့ တိုက်ရိုက် အတည်မပြုဘဲ ပြခန်းကို ပြင်ဆင်နေရင်း အကြောင်းရင်း အတိအကျ မသိရသေးတဲ့ မီးလောင်မှုတစ်ခု ဖြစ်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။ ပြခန်းက မီးကို ငြှိမ်းသတ်နိုင်ခဲ့ပေမယ့် ပြပွဲ ခန်းမထဲမှာ ညှော်နံ့တွေက နာရီပေါင်း အတော်ကြာအောင် ဆက်ပြီး စွဲကျန်နေခဲ့ပါတယ်။ ဘာကြောင့် မီးလောင်တာပဲဖြစ်ဖြစ် ဒီကိစ္စဟာ ကားကို တာဝန်ယူ ထုတ်လုပ်ထားတဲ့ IAT ကုမ္ပဏီ အတွက်တော့ မျက်နှာပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကလည်း ဒက်ထရိုက် ကားပြပွဲမှာ Infinitiရဲ့ QX Inspirationဆိုတဲ့ Concept နမူနာ ကားတစ်စီးဟာ စင်မြင့်ပေါ်မှာ တခမ်းတနား ပြသနေတုန်း နည်းပညာ ချွတ်ယွင်းမှုတွေ ပေါ်ပေါက်လာတာကြောင့် အရှက်ရစရာတွေ ကြုံတွေ့ခဲ့ဖူးပါတယ်။

Comments

Popular posts from this blog

မိန်းမပျိုများကို နေပြည်တော်ရှိ စစ်ကောင်စီတပ်မှ အရာရှိများအား ပြုစုရန် အဓမ္မ စေလွှတ်ခံနေရ

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ပဲခူးတိုင်း မြို့နယ်အချို့တွင် စစ်ကောင်စီက VPN စစ်ဆေးမှုအကြောင်းပြ ငွေညှစ်နေ

အလုံမြို့နယ်တွင် စစ်ကောင်စီတပ်က အသက် ၄ နှစ်အရွယ် ကလေးငယ်ကို မူကြိုကျောင်းအတွင်း ဝင်ရောက် ဖမ်းဆီး

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်