နှစ်သစ်ကူးပွဲ ပြည်သူ့ရင်ပြင်မှာဆင်နွှဲကြဖို့ စစ်ကောင်စီက ရပ်ကွက်တွေအတွင်း လော်နဲ့လှည့်အော် ဖိတ်ခေါ်နေ

မဲခေါင်၊ ဒီဇင်ဘာ ၃၁

ရန်ကုန်မှာ စစ်ကောင်စီ ကျင်းပတဲ့ နှစ်သစ်ကူး ပွဲတော် ဆင်နွှဲကြဖို့ အတွက် ပြည်သူ့ရင်ပြင်သို့ လာရောက် လည်ပတ်ကြပါရန် ရပ်ကွက်တွေ အတွင်း စစ်ကောင်စီ လက်အောက်ခံတွေက လော်နဲ့ လိုက်လံ အော်ဟစ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ည နှစ်သစ်ကူးပွဲ စည်ကားစေဖို့ အတွက် စစ်ကောင်စီက ညမထွက်ရ အမိန့်ကို အခု တစ်ည အတွက် ဖြေလျှော့ပေးထားပြီး လူစည်ကားဖို့ အတွက် ပြည်သူ့ရင်ပြင်မှာ ပွဲတွေ စီစဉ်နေတာ ဖြစ်ပါတယ်။

"မနက် ၁၀ နာရီလောက်က ရပ်ကွက်တွေထဲ ပတ်အော်နေတာ။ နှစ်သစ်ကူး ပြည်သူ့ရင်ပြင်မှာ စည်ကားစွာ လုပ်ဖို့ အတွက် ပြည်သူတွေ လာကြပါ ဆိုပြီး အော်နေတာ။ ဘယ်ပြည်သူမှ ပျော်နေတာ မဟုတ်ဘူး။ ဒီနေ့ညပွဲမှာ ပျော်မယ့် သူတွေက စစ်ကောင်စီ ထောက်ခံသူတွေ၊ ရေပေါ်ဆီ အချို့ မူးရူးပြဲကွဲမယ့်ပွဲပဲ။ အဲ့မှာ တစ်ခုခုဖြစ်လို့ သေကြမယ်ဆိုလည်း လက်ခုပ်တီးပြီး အားပေးနေမယ်" လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

ရန်ကုန်မှာ ဒီကနေ့ည နှစ်သစ်ကူးပွဲ လူစည်ကားတဲ့ နေရာတွေမှာ စစ်ကောင်စီက ဗုံးဖောက်ခွဲဖို့ စီစဉ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ပြည်သူတွေ လာရောက်မှု မရှိမှာ စိုးရိမ်တဲ့ အတွက် ရပ်ကွက် တွေမှာ အခုလို မိုက်တွေနဲ့ လိုက်အော်နေတာ ဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

"ကမ်းနားကနေ သင်္ဘောတွေနဲ့ အပျော်ခရီး အခမဲ့တွေ လုပ်နေတယ်။ လူစည်ကားနေတဲ့ ပုံစံလုပ်ပြီး ရွေးကောက်ပွဲ အတွက် ပုံတွေ ပြချင်တာ။ သွားတဲ့လူတွေကတော့ ဒလန်ပဲပေါ့ဗျာ။ ကိုယ့်အိမ်မှာ ပျော်လည်း ရပါတယ်။ တော်လှန်ရေး အတွက် တိုက်ပွဲဝင်နေတဲ့ ကလေးတွေကို မျက်စိထဲ မြင်ယောင်ကြည့်ကြပါ။ ဒီမှာတော့ ပျော်နေကြတယ်။ လက်နက်အားကိုးနဲ့ လူသတ်နေတဲ့ ကောင်တွေ လုပ်တဲ့ပွဲကို မသွားသင့်ဘူးလို့ မြင်တယ်" လို့ ကမာရွတ်မြို့နယ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာတော့ လှည့်ကင်း ပတ်ကင်းတွေ ပုံမှန်ရှိနေပြီး စစ်ကောင်စီ လက်အောက်ခံတွေက ယာဉ်ပိတ်ဆို့ စစ်ဆေး ဖမ်းဆီးမှုတွေ လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK-005
#MeKongNews

MK-005
#MeKongNews

Comments

Popular posts from this blog

မိန်းမပျိုများကို နေပြည်တော်ရှိ စစ်ကောင်စီတပ်မှ အရာရှိများအား ပြုစုရန် အဓမ္မ စေလွှတ်ခံနေရ

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ပဲခူးတိုင်း မြို့နယ်အချို့တွင် စစ်ကောင်စီက VPN စစ်ဆေးမှုအကြောင်းပြ ငွေညှစ်နေ

အလုံမြို့နယ်တွင် စစ်ကောင်စီတပ်က အသက် ၄ နှစ်အရွယ် ကလေးငယ်ကို မူကြိုကျောင်းအတွင်း ဝင်ရောက် ဖမ်းဆီး

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်