ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာ စင်တာ ဖွင့်ပွဲကို မင်းအောင်လှိုင်နဲ့အတူ တက်ဖို့ ရုရှား အစိုးရ အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM အကြီးအကဲ Aleksei Likhachevရောက်ရှိ

ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေရှိ  ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာ စင်တာ ဖွင့်ပွဲကို မင်းအောင်လှိုင်နဲ့အတူ တက်ဖို့ ရုရှား အစိုးရ အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM အကြီးအကဲ Aleksei Likhachev က  ပုဂ္ဂလိဂျက်လေယာဉ်နဲ့ ရန်ကုန် လာရောက်
+++++++++++++++
ဖေဖော်ဝါရီ ၅ 
ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေဝင်း(RC2) အတွင်း ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာစင်တာကို အကြမ်းဖက် မင်းအောင်လှိုင်ကိုယ်တိုင် မနက်ဖြန် ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်းမှာ တက်ရောက် ဖွင့်လှစ်မှာ​ဖြစ်ပြီး ရုရှား အစိုးရ အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM ရဲ့ ညွှန်ကြားရေးမှူးချုပ်  Mr Aleksei Likhachev လည်း Private ဂျက်လေယာဉ်နဲ့ ရန်ကုန်ကို လာရောက်ကြောင်း သိရပါတယ်။
Mr Aleksei Likhachev  လိုက်ပါတဲ့ ရုရှား RA-73545 ၊ Bombardier BD-700-1A11 Global 5000 အမျိုးအစား ပုဂ္ဂလိက ဂျက်လေယာဉ်ဟာ မော်စကိုက တစ်ဆင့် ရန်ကုန်မြို့ကို ဒီနေ့ ညနေပိုင်းမှာ ရောက်ရှိလာကြောင်း ၊ ဖေဖော် ဝါရီ ၆ ရက်နေ့ မနက်ပိုင်း  ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာစင်တာ ဖွင့်ပွဲကို တက်ရောက်မှာဖြစ်ကြောင်း၊   Mr Aleksei Likhachev နဲ့အတူ ရုရှားROSATOM  ကုမ္ပဏီက အရာရှိ ၂ ဦးပါ လိုက်ပါလာကြောင်း သိရပါတယ်။
အကြမ်းဖက် မင်းအောင်လှိုင်ဟာ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေမှာ ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာစင်တာကို ဖွင့်လှစ်ပြီးနောက် ဧရာ၀တီတိုင်းဘက် ထွက်ခွာမှာဖြစ်‌ပြီး ယုဇန ဦးဌေးမြင့် အကောင်အထည်ဖော်နေတဲ့ မြို့သစ် စီမံကိန်းကို သွားရောက်မှာဖြစ်ကြောင်း သိရပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မှာ Nuclear Technology Information Center တည်ထောင်ဖို့ ရုရှား နိုင်ငံပိုင် အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM နဲ့ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ၃ လနီးပါးကြာချိန်မှာ အခုလို ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေဝင်းအတွင်း နူကလီးယား အချက်အလက် နည်းပညာစင်တာ ဖွင့်လှစ်တာဖြစ်ကြောင်း သိရပါတယ်။
လက်ရှိမှာ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ (RC2) အတွင်း စနိုက်ပါတပ်များ၊ ကင်းပုန်းများ၊ လုံခြုံရေးများ အထူးတင်းကျပ်စွာ ချထားကြောင်း သိရပါတယ်။
၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၂၂ ရက်နေ့  မြန်မာနိုင်ငံအတွက် နူကလီးယား စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ပါတယ်။
(မောင်း)



Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️