ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာ စင်တာ ဖွင့်ပွဲကို မင်းအောင်လှိုင်နဲ့အတူ တက်ဖို့ ရုရှား အစိုးရ အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM အကြီးအကဲ Aleksei Likhachevရောက်ရှိ

ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေရှိ  ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာ စင်တာ ဖွင့်ပွဲကို မင်းအောင်လှိုင်နဲ့အတူ တက်ဖို့ ရုရှား အစိုးရ အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM အကြီးအကဲ Aleksei Likhachev က  ပုဂ္ဂလိဂျက်လေယာဉ်နဲ့ ရန်ကုန် လာရောက်
+++++++++++++++
ဖေဖော်ဝါရီ ၅ 
ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေဝင်း(RC2) အတွင်း ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာစင်တာကို အကြမ်းဖက် မင်းအောင်လှိုင်ကိုယ်တိုင် မနက်ဖြန် ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်းမှာ တက်ရောက် ဖွင့်လှစ်မှာ​ဖြစ်ပြီး ရုရှား အစိုးရ အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM ရဲ့ ညွှန်ကြားရေးမှူးချုပ်  Mr Aleksei Likhachev လည်း Private ဂျက်လေယာဉ်နဲ့ ရန်ကုန်ကို လာရောက်ကြောင်း သိရပါတယ်။
Mr Aleksei Likhachev  လိုက်ပါတဲ့ ရုရှား RA-73545 ၊ Bombardier BD-700-1A11 Global 5000 အမျိုးအစား ပုဂ္ဂလိက ဂျက်လေယာဉ်ဟာ မော်စကိုက တစ်ဆင့် ရန်ကုန်မြို့ကို ဒီနေ့ ညနေပိုင်းမှာ ရောက်ရှိလာကြောင်း ၊ ဖေဖော် ဝါရီ ၆ ရက်နေ့ မနက်ပိုင်း  ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာစင်တာ ဖွင့်ပွဲကို တက်ရောက်မှာဖြစ်ကြောင်း၊   Mr Aleksei Likhachev နဲ့အတူ ရုရှားROSATOM  ကုမ္ပဏီက အရာရှိ ၂ ဦးပါ လိုက်ပါလာကြောင်း သိရပါတယ်။
အကြမ်းဖက် မင်းအောင်လှိုင်ဟာ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေမှာ ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာစင်တာကို ဖွင့်လှစ်ပြီးနောက် ဧရာ၀တီတိုင်းဘက် ထွက်ခွာမှာဖြစ်‌ပြီး ယုဇန ဦးဌေးမြင့် အကောင်အထည်ဖော်နေတဲ့ မြို့သစ် စီမံကိန်းကို သွားရောက်မှာဖြစ်ကြောင်း သိရပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မှာ Nuclear Technology Information Center တည်ထောင်ဖို့ ရုရှား နိုင်ငံပိုင် အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM နဲ့ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ၃ လနီးပါးကြာချိန်မှာ အခုလို ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေဝင်းအတွင်း နူကလီးယား အချက်အလက် နည်းပညာစင်တာ ဖွင့်လှစ်တာဖြစ်ကြောင်း သိရပါတယ်။
လက်ရှိမှာ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ (RC2) အတွင်း စနိုက်ပါတပ်များ၊ ကင်းပုန်းများ၊ လုံခြုံရေးများ အထူးတင်းကျပ်စွာ ချထားကြောင်း သိရပါတယ်။
၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၂၂ ရက်နေ့  မြန်မာနိုင်ငံအတွက် နူကလီးယား စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ပါတယ်။
(မောင်း)



Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

၂၆ ၂၇ နောက်ပိုင်းတွေမှာ ပွဲကြီးတွေချည်းပဲ ဖြစ်လာတော့မယ်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထား

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

​ပူတင်က သူ့မိသားစုကို လျို့ဝှက် "မြေအောက်ဘန်ကာ" ထဲ ပုန်းခိုင်းထား

မြိတ်မြို့မှ ပုလောသို့ အင်အား ၃၀၀ ကျော်ဖြင့်တက်လာသော စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၅၀ ဦးထက်မနည်းသေဆုံး(ရုပ်/သံ)