ရွှေဘို အမှတ် (၈) လေ့ကျင့်ရေးတပ် တပ်မှူးဟောင်း၊ စစ်ဗိုလ်မှူးကြီးဟောင်း တစ်ယောက် ပစ်သတ်ခံရ

MFP ၊ ဖေဖော်ဝါရီ - ၁၂


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်က ဘုန်းကြီးကျောင်းဝင်းအတွင်း ဖေဖော်ဝါရီ (၁၀) ရက်  ညနေပိုင်းက ရွှေဘိုမြို့ အမှတ် (၈) လေ့ကျင့်ရေးတပ် တပ်မှူးဟောင်း၊ စစ်ဗိုလ်မှူးကြီးဟောင်း တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
သေဆုံးသူဟာ ရွှေဘိုမြို့ အမှတ်(၈) လေ့ကျင့်ရေးတပ်၊ စခတ (၈) မှာ  ၂၀၁၆-၂၀၁၇ အထိ တပ်မှူး အဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီး ကိုကိုကြီး(ငြိမ်း) ဆိုသူ ဖြစ်ပြီး ဘုန်းကြီးကျောင်းဝင်းထဲ ပစ်သတ်ခံရခြင်း ဖြစ်ကာ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ရွှေဘိုမြို့  အမှတ် (၄) ရပ်ကွက်နေ ဗိုလ်မှူးကြီးဟောင်း ဦးကိုကိုကြီး (၅၅) နှစ်ကို ဘုန်းကြီးကျောင်းအတွင်း ရှိနေစဉ် ဆိုင်ကယ် နှစ်စီးနဲ့ ရောက်လာသူတွေက သေနတ်နဲ့ လာရောက်ပစ်ခတ်သွားပြီး ဦးကိုကိုကြီးမှာ သေနတ်ထိမှန်ဒဏ်ရာတွေနဲ့ ပွဲချင်းပြီး သေတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။ 
စစ်ဗိုလ်မှူးကြီးဟောင်း ပစ်သတ်ခံရပြီးနောက် စစ်အုပ်စုက သောင်းကျန်းလာနိုင်လို့ အများပြည်သူ အနေနဲ့  စစ်အုပ်စုနှင့် ဝေးဝေး နေကြဖို့ တော်လှန်ရေး အင်အားစုတွေ ကိုယ်စား မေတ္တာရပ်ခံကြောင်း ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို





Comments

Popular posts from this blog

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း