ယုဇန ဌေးမြင့်၏ စီမံကိန်းဇုန်သို့ မင်းအောင်လှိုင်သွားရောက်မည်၊ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထား

ပန်းတနော်အနီးတွင် ရဟတ်ယာဉ်ကွင်းများပါ ထည့်သွင်း တည်ဆောက်ထားသော ယုဇန ဌေးမြင့်၏ စီမံကိန်းဇုန်သို့ မင်းအောင်လှိုင်သွားရောက်မည်၊ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထား

ရန်ကုန်၊  ဖေဖော်ဝါရီ ၆ ခေတ်သစ်

ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့နယ်အနီးတွင် ယုဇန ဌေးမြင့်၏ စီမံကိန်း ဇုန်အတွင်းသို့ အကြမ်းဖက် မင်းအောင်လှိုင် သွားရောက်မည်ဖြစ်ပြီး စစ်တပ်က လုံခြုံရေး အပြည့်အကျပ် ချထားကြောင်း စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

ယုဇန ဌေးမြင့်သည် ပန်းတနော်၊ ရွှေလောင်းနှင့်ပုသိမ်မြို့အကြားတွင် မြေဧက ထောင်ပေါင်းများစွာကို သိမ်းယူထားပြီး ယင်းမြေဧကတွင် စက်မှုဇုန် စီမံကိန်းနှင့်မြို့သစ် စီမံကိန်း ပုံစံ အကောင်အထည်ဖော်နေကြောင်း၊ အဆိုပါ စီမံကိန်း ဇုန်ဧရိယာအတွင်းတွင် ရဟတ်ယာဉ်ကွင်း ၃ ကွင်းနှင့် လေယာဉ်ဆီ၊ စက်သုံးဆီ ထည့်သွင်းနိုင်သော ဆီဆိုင်ကို ပါ ထည့်သွင်းတည်ဆောက်ထားကြောင်း သိရှိရသည်။ 

"အဲဒီစီမံကိန်းက နည်းနည်းတော့ ထူးခြားတယ်။ ဘာလို့ဆိုတော့ ရဟတ်ယာဉ်ကွင်း ၃ ကွင်းပါတယ်။ ပြီးတော့ ဆီဆိုင်က လေယာဉ်ဆီပါ ထည့်လို့ရတယ်လို့သိရတယ်။ ဘာအတွက်လဲတော့မသိဘူး။ အရင် ငါးကန်တွေ လယ်တွေကို သိမ်းခဲ့တာ။ မူလပိုင်ရှင်တွေ ဘာတစ်ပြားတစ်ချပ်မှ လျှော်ကြေးမရဘူး။ စီမံကိန်းကိုလုပ်နေတာ ၅ နှစ်လောက်တော့ရှိမယ်" ဟု စစ်တပ်နှင့်ပတ်သက်သော သတင်းရင်းမြစ်က ပြောသည်။ 

လက်ရှိတွင် ယင်းဧရိယာစီမံကိန်းအတွင်းရှိ အလုပ်သမားများကို အပြင်မထွက်ရန် ပိတ်ပင်ထားပြီး စစ်တပ်က အင်အား ၅၀၀ ဝန်းကျင် လုံခြုံရေး တင်းကျပ်စွာ ချထားကြောင်း၊ ယနေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က ယင်းစီမံကိန်းနေရာသို့ လာရောက်မည်ဖြစ်ကြောင်း  သိရှိရသည်။ 

ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက် မင်းအောင်လှိုင်သည် ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေတွင် နူကလီးယား အချက်အလက်စင်တာ ဖွင့်ပွဲ တက်ရောက်နေပြီး မကြာမီ ဧရာ၀တီတိုင်းရှိ ယုဇန ဌေးမြင့်၏ စီမံကိန်းဇုန်သို့ လာရောက်မည်ဖြစ်ကြောင်း သိရှိရသည်။







Comments

Popular posts from this blog

မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ

တပ်မ ၃၃ ၊ တပ်မ၇၇ ဒရုန်းပစ်မှတ်များဖြစ်လာပါပြီ

မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "

စစ်ကောင်စီမိသားစုဝင်တွေ၊ စစ်တပ် အသိုင်းအဝိုင်း မိသားစုဝင်တွေ သွားလာလှုပ်ရှားပုံပြောင်း

Keppel Land သည် မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်းကို ကန်ဒေါ်လာ ၇၇ သန်းဖြင့် နုတ်ထွက်ခဲ့

ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို PDFများ စီးနင်းသိမ်းပိုက်ထား

စစ်ကောင်စီ အသေအပျောက်များသည့် ဒီမော့ဆို ကျောက်ဆည်ကန်တိုက်ပွဲ (ရုပ်သံ)