Skip to main content

စစ်ကောင်စီတပ်နှင့် ၆နာရီကြာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော် ရဲဘော် ၆ ဦးကျဆုံး


ဖေဖော်ဝါရီ၊ ၂၀၂၃။ သံလွင်ခက်

မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)နှင့် စစ်ကောင်စီတပ်တို့အကြား ၆နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး MRDAဘက်မှ ရဲဘော် ၆ ဦးကျဆုံးခဲ့သည်ဟု သိရသည်။

ယခုနှစ် ဇန်နဝါရီ၃၁ရက်တွင် ယင်းမာပင်မြို့နယ် ညောင်ပင်ရွာကျေးရွာ အရှေ့တောင်ဘက်နေရာ၌ စစ်ကောင်စီတပ်နှင့် MRDA တပ်တို့ နံနက်၈ နာရီမှ နေ့လည် ၂ နာရီ အထိ ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း၌ MRDAရဲဘော် ၆ ဦးကျဆုံးခဲ့သည်ဟု MRDAရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။

” အဲနေ့က မနက် ၇ နာရီလောက်မှာ နာရီဝက်လောက် တိုက်ပွဲ တစ်ခါအရင်ဖြစ်သေးတယ်။ နောက် ညောင်ပင်ရွာနားလေးကျမှ အပြင်းအထန်ဖြစ်တာ။ ကျဆုံးရဲဘော်တွေကို အမိန့်ပြန်တမ်းထုတ်ပြန်ပြီး အဲနေ့ညနေကပဲ သင်္ဂြိုဟ်လိုက်ရတယ်” ဟု ၎င်းကဆိုသည်

ဇန်နဝါရီ၃၀ရက်တွင် ယင်းမာပင်မြို့မှ ထွက်လာသည့် အင်အား ၂၀၀ ဦးခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို MRDAတပ်ဖွဲ့ဝင်များက စောင့်ကြို၍တိုက်ခိုက်ခဲ့ရာ ၃၁ ရက်တွင် တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

ထိုနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများရှိနိုင်သော်လည်း စစ်ရေးတင်မာနေဆဲ အခြေအနေဖြစ်သည့်အတွက် အတိအကျ အတည်ပြုနိုင်သေးခြင်းမရှိသေးဟု MRDA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ယင်းမာပင်မြို့နယ်အတွင်း၌ အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိနေသည်ဟု သိရသည်။


Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

မြိတ်မြို့မှ ပုလောသို့ အင်အား ၃၀၀ ကျော်ဖြင့်တက်လာသော စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၅၀ ဦးထက်မနည်းသေဆုံး(ရုပ်/သံ)

မအလရဲ့ပြည်ထောင်စုနေ့အထိမ်းအမှတ်မီးရှို့ပွဲ

အသားထဲကလောက်ထွက်သူ

ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်းဟာ သာမာန်ရိုးရိုးသားသား သေသွားခဲ့ရတာ မဟုတ်ပါဘူး ။