ဦးဖြိုးမင်းသိန်းကို အမိန့်ချမှတ်တာ ၁၀ မိနစ်လောက်ပဲ ကြာ လုံခြုံရေးအပြည့်နဲ့ ပြန်ခေါ်သွား


ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ငွေဒဏ်သာချမှတ်ခံရ
RFA Burmese
2023.02.21

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ငွေဒဏ်သာချမှတ်ခံရ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဖြိုးမင်းသိန်းအား ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အားကစားကွင်းမှာ ကျင်းပသည့် လူထု ဟောပြောပွဲတွင် တွေ့ရစဉ်။
REUTERS

စစ်ကောင်စီကဖမ်းဆီးပြီး ရာဇသတ်ကြီး ပုဒ်မ - ၁၃၀(က)နဲ့ တရားစွဲဆိုထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်တရားရုံးကနေ ဒဏ်ငွေ ကျပ်တစ်သိန်း ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်တဲ့ ဦးဖြိုးမင်းသိန်းဟာ ၂၀၂၂ ခုနှစ် က ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်ဩဇာသုံးမှု ဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ - ၁၃၀ (က) နဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

ဦးဖြိုးမင်းသိန်းကို အမိန့်ချမှတ်တဲ့ တရားခွင်ကြားနာမှုဟာ ၁၀ မိနစ်နီးပါးသာကြာမြင့်ပြီး စစ်ကောင်စီ တပ်သားတွေ လုံခြုံရေးအပြည့်နဲ့ ပြန်ခေါ်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

"သူ့ကို အမိန့်ချမှတ်တာ ၁၀ မိနစ်လောက်ပဲ ကြာတယ်။ ပြီးတော့ စစ်တပ်က ယူနီဖောင်းဝတ်တွေနဲ့ ကားတန်းကြီး ပြန်ထွက်သွားတယ်။ ပုဒ်မ - ၁၃၀ (က) ဟာ ငွေဒဏ်ရော၊ ထောင်ဒဏ်ရော ချမှတ်နိုင်ပါတယ်။ ထောင်ဒဏ်ဆို အမြင့်ဆုံးပြစ်ဒဏ်က သုံးနှစ်ပေါ့၊ ဒီပုဒ်မနဲ့ တရားစွဲဆိုခံရသူတိုင်း နှစ်နှစ်ကနေ သုံးနှစ်အထိ ကျခံရတယ်။ သူကတော့ ငွေဒဏ်ပဲ ကျခံလိုက်ရတယ်ပေါ့"

ဦးဖြိုးမင်းသိန်းဟာ စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ရေကြည်အိုင်စစ်ကြောရေးကို ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဦးဖြိုးမင်းသိန်းကို ငွေဒဏ် တစ်သိန်း ချမှတ်လိုက်တာမှန်ကန်ကြောင်း ဘီဘီစီမြန်မာပိုင်းကို ဖေဖော်ဝါရီ ၂၁ နေ့မှာ အတည်ပြုဖြေဆိုထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေအပေါ် အဲဒီ ရာဇတ်သတ်ကြီးပုဒ်မ - ၁၃၀ (က) နဲ့ တရားစွဲဆိုခဲ့ပေမယ့် ထောင်ဒဏ်သာ ချမှတ်ခံခဲ့ကြရတာပါ။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကယ်ဒမီအခေါက်ရွှေ ခုနစ်ပိဿာနဲ့ အမေရိကန်ဒေါ်လာ ခြောက်သိန်းပေးခဲ့ကြောင်း ဦးဖြိုးမင်းသိန်း ကိုယ်တိုင် သက်သေထွက်ဆိုခဲ့ပါတယ်။


Comments

Popular posts from this blog

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

၂၆ ၂၇ နောက်ပိုင်းတွေမှာ ပွဲကြီးတွေချည်းပဲ ဖြစ်လာတော့မယ်

ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထား

​ပူတင်က သူ့မိသားစုကို လျို့ဝှက် "မြေအောက်ဘန်ကာ" ထဲ ပုန်းခိုင်းထား

မြိတ်မြို့မှ ပုလောသို့ အင်အား ၃၀၀ ကျော်ဖြင့်တက်လာသော စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၅၀ ဦးထက်မနည်းသေဆုံး(ရုပ်/သံ)