အမေရိကန်ဟာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ဝင်ရောက်စွက်ဖက်တော့မယ်လို့ ယူဆနေ

အခုရက်ပိုင်းမှာ တိုက်ဆိုင်တာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတော့ စဉ်းစားစရာတွေ ဖြစ်လာတယ်။ ရိုးရိုးတိုက်ဆိုင်တာ မဟုတ်တဲ့ ထူးခြားဖြစ်စဉ်တွေမို့ တွေးကြည့်ကြစေချင်လို့ပါ။
1️⃣ မတ်လ ၁၁ ရက်က အာရှရဲ့ နေတိုးမဟာမိတ်လို့ တင်စားကြတဲ့ လေးပွင့်ဆိုင်နိုင်ငံများရဲ့ ထိပ်သီး အစည်းအဝေးလုပ်ပါတယ်။ QUAD လေးနိုင်ငံဟာ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျား၊ အိန္ဒိယနဲ့ ဂျပန်ဆိုတဲ့ စစ်အင်အားကြီး တိုင်းပြည်တွေပါ။ (ကမ္ဘာမှာ စစ်အင်အားအရ အမေရိကန် နံပါတ် ၁၊ အိန္ဒိယ ၄၊ ဂျပန်ဟာ စစ်အင်အား နံပါတ် ၅၊ ဩစတြေးလျား ၁၉ ရှိပါတယ်။ မြန်မာက ၃၈ ပါ။)
2️⃣ ကုလသမဂ္ဂရဲ့ R2P လို့ခေါ်တဲ့ ကာကွယ်ပေးရန်တာဝန်ဆိုတဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ စေလွှတ်ကူညီရေးကိစ္စမှာ မြန်မာနိုင်ငံကို အနီရောင် ထိပ်တန်းအဆင့် သတ်မှတ်လိုက်ပါတယ်။ R2P ဆိုတာ လူတိုင်းသိတာကြောင့် ထပ်မရှင်းတော့ဘူး။
3️⃣ ပြင်သစ်နိုင်ငံ ဦးဆောင်ပြီး QUAD လေးနိုင်ငံပါဝင်တဲ့ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဘင်္ဂလားပင်လယ်အော်ထဲမှာ ဧပြီ ၄ ရက်ကနေ ၇ ရက်အထိ လေးရက်ကြာ ဆင်နွှဲမယ်လို့ ကြေညာပါတယ်။ ခေတ်မီ လေယာဉ်တင်သင်္ဘောကြီး နှစ်စင်း၊ အဏုမြူရေငုပ်သင်္ဘောတွေ၊ ဖရီးဂိတ်စစ်သင်္ဘောကြီးတွေ၊ ဒုံးကျည်တင်ယာဉ်တွေ၊ ဖျက်သင်္ဘောတွေ ပါဝင်တဲ့ ငါးနိုင်ငံ စစ်လေ့ကျင့်မှုကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာတို့ ပတ်လယ်တည်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ အင်အားအပြည့် ပြုလုပ်မှာ ဖြစ်ပါတယ်။
4️⃣ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ဟာ QUAD လေးနိုင်ငံအပြင် တောင်ကိုရီးယားကိုပါ သွားရောက်ပြီး ဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။ ကက်ဘိနက် ဝန်ကြီးနှစ်ယောက်အတူတူ ခရီးသွားပြီး အစည်းအဝေးတွေ ပြုလုပ်တာ ထူးခြားပါတယ်။
5️⃣ မတ်လ ၁၈ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရးဝန်ကြီး အန်တိုနီ ဘလင်ကင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့ဟာ အမေရိကန်ပြည်ထောင်စု အာလာစကာပြည်နယ်မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ မတ်လ ၁၈ ရက်နေ့မှာ အဖြေတစ်ခုခု ရနိုင်စရာ ရှိမယ်လို့ မျှော်လင့်ရပါတယ်။
6️⃣ မတ်လ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ တပ်မတော်နေ့လို့ နာမည်ပြောင်းထားတဲ့ တော်လှန်ရေးနေ့ ကျရောက်ပါတယ်။ နေပြည်တော်မှာ စစ်ရေးပြအခမ်အနား လုပ်မလုပ် အတိအကျ မသိရသေးဘူး။ မြန်မာစစ်ဖက်ခေါင်းဆောင်တွေ စုံစုံညီညီ တက်ရောက်မှာလား မသေချာဘူး။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လူကိုယ်တိုင် မိန့်ခွန်းပြောကြားမှာ မဟုတ်ဘဲ ရုပ်သံတီဗီစခရင် အကြီးကြီးကတဆင့် ပြောကြားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
7️⃣ ရုရှားနဲ့ တရုတ်နိုင်ငံတွေက စစ်ရေးကျွမ်းကျင်သူများကတော့ အမေရိကန်ဟာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ဝင်ရောက်စွက်ဖက်တော့မယ်လို့ ယူဆနေပြီး အခြေအနေ ပိုမိုဆိုးဝါးစေမယ်လို့ သုံးသပ်နေကြပါတယ်။ တရုတ်ဘာသာ ဆိုရှယ်မီဒီယာဖြစ်တဲ့ WeChat မှာ ဆောင်းပါးတစ်ခုကတော့ အမေရိကန် လေယာဉ်တင်သင်္ဘောကြီး ရုစဗဲ့လ်ဟာ အခုဆိုရင် မလက္ကာရေလက်ကြားကို ကျော်လွန်လာပြီး မြန်မာနိုင်ငံအနီးထိ သွားရောက်မယ်လို့ ခန့်မှန်းရကြောင်း ဖော်ပြထားပါတယ်။ လေယာဉ်တင်သင်္ဘောပေါ်မှ တိုက်လေယာဉ်အတက်အဆင်းတွေကိုလည်း လေ့ကျင့်နေကြောင်း ရေးထားတယ်။ တကယ်လို့ အမေရိကန်ကသာ တိုက်ခိုက်မယ်ဆိုရင် မြန်မာ့တပ်မတော်ဟာ ဘာမှ ပြန်လုပ်နိုင်မှာ မဟုတ်ဘူးလို့လည်း ရေးထားပါတယ်။ မြန်မာ့နိုင်ငံရေးအခြေအနေဟာ အလွန်ရှုပ်ထွေးနေတာကြောင့် အမေရိကန်အနေနဲ့ ဝင်ရောက်မစွက်ဖက်ဘဲ မြန်မာနိုင်ငံသားတွေ သူတို့ပြဿနာ သူတို့ဘာသာ ဖြေရှင်းကြစေဖို့ တိုက်တွန်းထားပါသေးတယ်။
မူရင်း တရုတ်ဘာသာဆောင်းပါး လင့်ခ်ကိုလည်း ထည့်ပေးထားပါတယ်။ Google Translate အကူအညီနဲ့ ဖတ်ကြည့်နိုင်ပါတယ်။
8️⃣ မြန်မာနိုင်ငံမှာ တပ်မတော်နေ့ ကျင်းပမယ့် ကာလတဝိုက်မှာ မြန်မာ့ပင်လယ်ပြင်အနီး ဒုံးကျည်တစ်ကမ်းအကွာမှာ ငါးနိုင်ငံ ရေတပ်အုပ်စုကြီး အလုံးအရင်းနဲ့ ရှိနေမှာပါ။ တိုက်ပွဲဝင် မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက် အတုယောင် (false hope) မဖြစ်စေချင်သလို လိုရာဆွဲတွေးခြင်း (wishful thinking) ကိုလည်း မလိုလားပါဘူး။ ကိုယ့်ဖာသာ ဆက်စပ် စဉ်းစားကြည့်ကြဖို့ပါ။

Min Myat Maung

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ