MLM လိမ်တယ်ဆိုတာတော်ရုံရှက်ကြောပြတ်နဲ့မရဖူး

Pyramid Schemes များသည် MLM နည်းဗျူဟာတစ်ခုအဖြစ် အသွင်ယူထားသော လိမ်လည်လှည့်ဖြားသော အစီအမံများဖြစ်သည်။
 ကနေဒါအစိုးရက MLMကို ခေတ်သစ်စီပွါးရေးစနစ်တခု
အဖြစ်လက်ခံသော်လည်း ပစ်ရမစ် စီးပွါးရေးစနစ်ကို
တားမြစ်ထားတယ် ဆိုလိုချက်က MLMအမည်ခံပြီး
ပစ်ရမစ်ဆန်ဆန်ရောင်းချရင်အရေးယူခံရမယ်လို့ဆိုလို
တာပါ

ဘာလို့ပစ်ရမစ်စနစ်ကိုပိတ်ရတာလဲ

၂၀၀၀ခုနှစ်က အော့တာဝါကမြန်မာလင်မယား၂ယောက်
တိုရန်တိုမှာ လာရောင်းတယ် ကိုယ်ရောက်သွားချိန်မှာ
အယောက်၂၀ လောက်ဝယ်ပြီးပြီ တယောက်$၁၀၀၀
ဆိုတော့ $၂၀၀၀၀ လောက်ခိုင်နေပြီ ပစ္စည်းတန်ဖိုးက
$၂၅၀ထက်မပိုပါဖူး မကြားဖူးတဲ့ရောင်းမထွက်တွေ၊

သူရှင်းပြတာနားထောင်ရင်း ဘော့ပင်တလက်နဲ့လိုက်
တွက်တယ် အဆင်မပြေဖူး

ကိုယ်က၁၀၀၀ဖိုး ၂ယောက်ကိုရအောင်ရောင်းရမယ်
သူတို့ကလဲ၂ယောက်စီထပ်ရောင်းရမယ်
ကိုယ်ကစရေလို့ ပစ်ရမစ်တခုစာပြည့်ရင် အပတ်စဉ်
ပိုက်ဆံရမယ်၊ လောလောဆယ်တော့ $၇၅၀ဆုံးပြီ၊

ပစ်ရမစ်တခုစာကလဲဘယ်တော့မှပြည့်လာမှာ
မဟုတ်ဖူး ဘောကန်သလိုပေါ့ နောက်တန်းကကန်မတင်
ပဲရှေ့တန်းကဂိုးသွင်းခွင့်ရမှာမဟုတ်ဖူး

ပစ်ရမစ်treeထဲက တဆင့်ဆင့်မှာရပ်တာနဲ့ပိုက်ဆံမရဖူး
ရချင်ရင် ဘယ်သူဘယ်ဝါမှန်းမသိတဲ့သူကို ၂ယောက်
ပြည့်အောင်ရောင်းပေးဖို့ သွားပြောရမယ်

မြန်မာလင်မယားက တပတ်အကြာမှာသူတည်းတဲ့
အိမ်ရှင်ဘဏ်ထဲ ကုမ္ပဏီအကောင့်ကနေ $၁၅၀ လွှဲ
ပေးလိုက်ပြီးလာသမျှလူကိုပြတယ် နောက်တလဆို
အပတ်စဉ်သူဘယ်လောက်ရတော့မှာဆိုပြီးဆွယ်တယ်

အံမယ် သူတင်ပြတဲ့ presentation မှာတလ $၂၀၀၀၀
ရတဲ့သူတောင်ပါသေး😂

ဘာပဲဖြစ်ဖြစ် ၂၅၀တန်၁၀၀၀ရအောင်ရောင်းဖို့
တော်တော်နလပိန်းတုံးတဲ့သူကိုလိုက်ရှာရမှာ
အဲ့နလပိန်းတုံးကလဲသူထက်နလပိန်းတုံးတဲ့သူ
ကိုထပ်ရှာပြီး ၂၅၀တန်၁၀၀၀ရအောင်ရောင်းရမယ်
ဘယ်လိုမှအဆင်မပြေနိုင်တဲ့စျေးရောင်းနည်း
အဲ့လင်မယားကလဲ treeတခုပြည့်စရာမလိုပါဖူး
 
အယောက်၂၀ဆို ၂၀၀၀၀ခိုင်လဲ အဆင်ပြေတယ်

အံမယ် ကိုယ့်ကတရုတ်စကားတတ်လို့ ချိုင်းနား
တောင်း ကတရုတ်မြန်မာတွေကိုရောင်းပေးဆိုပဲ

အဲ့တာနဲ့ အိမ်ရှင်ကျွေးတဲ့ မုန့်ဟင်းခါးအဝစားပြီး
ပြန်လာလိုက်တယ်

ငွေဆိုတာကြိုက်သင့်တယ် 
ပစ္စည်းတခုဟာ ၁၅%ထက်အမြတ်တင်ရောင်းရင်
ရေရှည်တည်တံ့တဲ့လုပ်ငန်းဖြစ်မလာဖူး
လူလိမ်ဆိုတာကလဲတပွဲတိုးလုပ်တာ
ယုံအောင်ပြောတတ်တဲ့ ပါးစပ်ကိုပိုင်တယ်
၂၅၀တန်ကို၁၀၀၀ရအောင်ပြောရောင်းတာနည်းတဲ့
ပါးစပ်ပေါက်မဟုတ်ဖူး ၄၂၀အကြီးစားတွေ

လိမ်တဲ့သူဆိုတာ ရအောင်လိမ်မှာပဲ
မိမိကအလိမ်မခံရဖို့ပဲ

စိတ်ထဲမှာဘာဖြစ်လိုက်လဲဆိုတော့ ဘာလို့သူ့ဆီက
ဝယ်မလဲ ကုမ္ပဏီတိုက်ရိုက်ဆက်ပြီး သူ့လိုပဲကိုယ်
စားလှယ်ဟန်ဆောင်ပြီး သူရောင်းသလိုရောင်းပဲ
ရောင်းမှာပေါ့ဆိုတဲ့အသိဝင်တယ် ဒါပေမယ့်မလုပ်ပါဖူး
သူများကိုတခါလိမ်မိရင်အဲ့တညလုံးအိပ်မရဖူး
လိမ်တယ်ဆိုတာတော်ရုံရှက်ကြောပြတ်နဲ့မရဖူး
ကြိုက်သလောက်အပြစ်တင် ပြုံးခံပြီးစောက်ကြော
တင်းနိုင်မှရမှာ၊ 

ဟိုတယောက်လိုပေါ့ ချေးထားတဲ့ပိုက်ဆံပြန်တောင်း
တော့အသားသာလှီးယူသွားပါတဲ့ မခက်ဖူးလား😌

.




Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်