ပြန်ကျလာသောခဲတလုံး

လ သန်းရွှေကဒေါ်စုကိုနေအိမ်
အကျယ်ချူပ်လိုက်ပေမယ့်ပါတီ
ကိုရှင်သန်ခွင့်ပေးလိုက်တယ်၊

ပါတီနိုင်ငံရေးမပါလိုတဲ့ကျောင်းသား
နဲ့ပြည်သူတွေကနောက်ဆုတ်ပေးလိုက်တယ်
ခင်ညွန့်ကိုလုပ်ပိုင်ခွင့်ပေး နိုင်ငံရေးအစွယ်
ရှိသူတွေကို အကုန်ထိန်းပြီးတော့မှ၁၉၉၂က
စလို့ အန်နယ်လ်ဒီ အနားပေးလိုက်တာ၊

မအလ က ဖမ်းပြ ပစ်ပြလိုက်ရင်ငြိမ်သွား
မယ်ထင်ပြီး ဒေါ်စုကိုဖမ်း ပါတီကိုဖျက်ဖို့
လုပ်တယ်၊ အာဏာရှင်တွေထဲမှာ အညံ့ဆုံး
ဖွတ်ပဒတ်တကောင်ဖြစ်သွားတယ်။

ပထမဆုံးစတွေ့တာ GZတွေနဲ့ပဲ၊

၂၀၁၀ကနေ၂၀၂၀အထိကာလမှာလူငယ်
တွေဟာ အနာဂတ်ဆိုတာရှိတယ်၊ကြိုးစား
သလောက်အရာထင်လိမ့်မယ်လို့ယုံကြည်
နေကြတာ အနာဂတ်ကိုပြန်လိုချင်တာတခုပဲ၊

ပါတီဖျက်မယ်လို့သိန်းစိုးကပြောချိန်မှာ
တရုတ်ကတစခန်းထလိုက်တာ မအလ
မြောက်သစ်ကိုင်းလွတ်သွားတာ မြောင်းထဲ
မကျမှာစိုးလို့ အာစီယံကပါထပ်ကန်ချလိုက်
တယ်။

လုံခြုံရေးစည်းပေါက်ချက်ကလဲနလံမထူနိုင်
တော့ဖူး၊ နှစ်၇၀ဆောက်တည်ထားတဲ့စစ်ရေး
ပုံစံက ပြည်နယ်မြို့တွေနဲ့တိုင်းရင်းသားလက်နက်
ကိုင်တွေကိုစစ်စခန်းတွေနဲ့ခြားထားတဲ့စနစ်၊
အသံကြားရုံနဲ့တောင်ခွဲခြားလို့ရတဲ့အခြေအနေ၊

PDF ကလုံခြုံရေးစည်းအထဲမှာ​ရောက်နေတာ
ဘယ်လိုနည်းနဲ့မှဆွဲထုတ်ပြီး စည်းအပြင်တွန်းပို့
လို့မရတော့ဖူး၊ ဝတ်စုံဝတ်တိုက်နေတာမဟုတ်ဖူး
ဂျိူပါတာလဲမဟုတ်၊

အခုကြားရတဲ့သတင်းတွေအရ မြို့ထဲကကင်းစခန်း
တွေမှာ နေ့ခင်းဖက်ကို စခ ရခ တွေမစောင့်ခိုင်း
တော့ဖူး PDFတွေသေနတ်ပစ်ကျင့်ဖို့ မတ်တတ်ရပ်
ခိုင်းထားသလို ဖြစ်နေလို့ ညဖက်ပဲစောင့်ခိုင်းတော့
မယ်တဲ့၊ညတိုက်ပွဲတွေစလာပါတော့မယ်၊

မခိုင်လုံပေမယ့်တက်လာတဲ့သတင်းတပုဒ်မှာ
အမေစုကို ပါဝါ၅၄ကိုနေရာပြောင်းမယ်ကြား
ထားတယ်။

ဆွဲစရာကောက်ရိုးတခုအစရှာတော့မယ်
မအလရဲ့စွမ်းရည်ကဒါမိုင်ကုန်ပဲ
ခဲတလုံးနဲ့တူတယ် ပြန်ကျလာတာတော့
မြောင်းထဲတန်းနေတာပဲ။

Comments

Popular posts from this blog

ဗုံးခွဲခံရတဲ့ ​Brave Bar နဲ့ စစ်ကောင်စီဘယ်လိုပတ်သက်နေတာလဲ

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ

ရန်ကုန်မှာ အဖမ်းအဆီးတွေ ပြန်များလာ

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်

ဖမ်းဆီးခံလိုက်ရ​သော အမျိုးသား ​ခေါင်းကွဲဒဏ်ရာဖြင့် ​ပျောက်ဆုံး​

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်

တိုက်လေယာဉ် အတက်အဆင်း သ တင်း များပေါက်ကြား၍ လေကြောင်းစစ်ဆင်ရေးများကို နေပြည်တော် အေလာ လေတပ်သို့ ပြောင်းရွှေ့

(NUG)People's government has right to stand in the world