ရန်ကုန်သင်္ကြန်စည်းကားရေးနှင့် ရပ်ကွက်တစ်ခု ကျပ်နှစ်သိန်းကောက်ခံရန် စစ်ကောင်စီညွှန်ကြား

ဖေဖော်ဝါရီလ ၁၈ ရက်

ရန်ကုန်မြို့၌ သင်္ကြန်ပွဲတော်ကာလမဏ္ဍပ်များဆောက်လုပ်ရန်နှင့် ပျော်ပွဲ၊ရွှင်ပွဲများကျင်းပရန် ရပ်ကွက်တစ်ခုလျှင် ကျပ်နှစ်သိန်း ကောက်ခံရန် စစ်ကောင်စီက ညွှန်ကြားထားသည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့က ပြောသည်။

အဆိုပါ ညွှန်ကြားချက်မှာ တိုင်းစစ်ဌာနချုပ်မှ တဆင့် တိုင်းအစိုးရအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများကို နှုတ်မိန့်ဖြင့်ကနဦးပြောကြားခြင်းဟု ဆိုသည်။

"တနေ့က မြို့နယ်အုပ်မှူးက ခေါ်ပြောတယ်။အဓိကတော့ ရပ်ကွက်တစ်ခုချင်းအလိုက် နှစ်သိန်းစီကောက်ပြီး တိုင်းအစိုးရအဖွဲ့ကိုပေးရမယ်။ပြီးတော့ ပျော်မယ့်၊ ရွှင်မယ့်လူတွေပါ သင်္ကြန်နားနီးရင် ရှာပေးရမယ်လို့လည်း ပြောတယ်"ဟု တာမွေမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

ယခုကဲ့သို့စီစဉ်ခြင်းကြောင့် မြို့နယ်ရှိ ငွေကြေး အဆင်ပြေသူများထံ စစ်ကောင်စီက ငွေကြေးကောက်ခံမည်ဟုလည်း ၎င်းက ရှင်းပြသည်။

"၁၅ ရက်နေ့က ထင်တယ်။ရပ်ကွက်ရုံးထဲ မှာ အဲဒီ ပိုက်ဆံ နှစ်သိန်းကောက်ရမယ်ဆိုတာ ပြောနေတယ်။မဏ္ဍပ်တွေ များများလုပ်ရမယ်လို့လည်း ပြောသံကြား တယ်"ဟု မရမ်းကုန်းမြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူက ပြောသည်။

တော်လှန်ရေးအခြေအနေများကို ဖုံးကွယ်ရန် စစ်ကောင်စီက မကြာခဏကြိုးပမ်းနေပြီး ပြီးခဲ့သည့် နှစ်သစ်ကူးနေ့တွင် ပျော်ပွဲ၊ရွှင်ပွဲများကျင်းပရန် ၎င်းတို့ ချမှတ်ထားသည့် ညမထွက်ရ အမိန့်ကိုပင် ခေတ္တပယ်ဖျက်ခဲ့ဖူးသည်။

အာဏာသိမ်းပြီးနောက်ပိုင်း (၂)နှစ်ကျော်ကာလအတွင်း သင်္ကြန်ပွဲတော်ကာလ နှစ်ကြိမ်တွင် စစ်ကောင်စီက လမ်းလျှောက်ရေပက်ခံနေရာများ နှင့် ၎င်းတို့ စီစဉ်ခဲ့သည့် ရေပက်ခံကားအချို့ဖြင့် စည်းကားရန် ကြိုတင်ဖန်တီးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
Hlaing Info


Comments

Popular posts from this blog

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ရုရှား လက်နက်ဝယ်ယူမှု များမှာ အောင်သောင်းရဲ့ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက်

စစ်တပ်နောက်မှာ တရုတ်ရှိလို့ ပြည်ပနိုင်ငံတွေ မကူညီရဲတာဆိုတဲ့ ဂျင်း

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

​ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ