ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်ရုံး သေနတ်၊ လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်

Breaking News- ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်ရုံး သေနတ်၊ လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်မှု ရာအိမ်မှူး  ဦး သေဆုံး 


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ခေတ်သစ်


ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်ရုံးကို ယနေ့ မွန်းလွဲပိုင်း သေနတ်၊ လက်ပစ်ဗုံးများဖြင့် ဝင်ရောက် ပစ်ခတ်ရာ  အမှတ် ၉၄ ရပ်ကွက် ရာအိမ်မှူး ဝင်းမြင့်နှင့် ထွန်းထွန်းဝင်းတို့ သေဆုံးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ 


ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ  နာရီ ၃၅ မိနစ်အချိန် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ယုဇဥယျာဉ်အိမ်ရာ ၁၄လမ်းထိပ်ရှိ အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထဲတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လက်ပစ်ဗုံးများ ပါပေါက်ကွဲကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများကြောင့်  ရာအိမ်မှူး ဝင်းမြင့်နှင့် ရာအိမ်မှူး ထွန်းထွန်းဝင်းတို့ သေဆုံးကြောင်း သိရှိရသည်။ 


ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စစ်မှုထမ်းဟောင်း ခင်မောင်ဇင်  နဲ့ ရာအိမ်မှူး ထွန်းထွန်းဝင်း၊ ရာအိမ်မှူး ဝင်းမြင့်တို့ရှိနေတယ်။ ရပ်ကွက်ရုံးထဲမှာ  သေနတ်သံ ၇ချက်ကြားရ တယ်။ ရက်ကွက်အုပ်ချုပ်ရေးမှူးရုံး ထဲဝင်ပစ်တာ။လက်ပစ်ဗုံး ၁လုံးကွဲတယ်။ အခင်းဖြစ်ပြီးတော့ ရဲကား  ကား စစ်ကား၂စီး ရောက်နေတယ်။  လူနာ တင်ကား၂စီးလာတယ်။  အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်က  ရေတပ် ထောက်လှမ်းရေး အငြိမ်းစားက လွတ်သွားတယ်။  ၂၀၂၀ရွေးကောက်ပွဲတုန်းက သူရရွှေမန်း ပါတီက အမတ်အဖြစ် ဝင်ပြိုင်သေးတယ်။ မနိုင်ဘူး ရှုံးတယ်။ သေဆုံးတာကရာအိမ်မှူး ဝင်းမြင့်နဲ့ ထွန်းထွန်းဝင်း သေတယ်ဟု မြို့ပြပျောက်ကျား တော်လှန်ရေးရဲဘော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။ 










သာကေတတွင် PDF များကို ဖမ်းဆီးရာတွင် ပါဝင်သည့် လူမိုက်၊ ပျူစောထီး၊ မဘသ၊  လက်နက်ကိုင် နေမျိုးအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ သာကေတ တစ်မြို့နယ်လုံးကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးနေ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ 


ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် PDF များကို ဖမ်းဆီးရာတွင် ပါဝင်ပြီး စစ်တပ် သတင်းပေး လုပ် ဆောင်နေသူ လူမိုက် ပျူစောထီး၊ မဘသ လက်နက်ကိုင် နေမျိုးအောင် ယနေ့ မွန်းလွဲပိုင်း ၃ နာရီ ၁၈ မိနစ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။


ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီ ၁၈ မိနစ်အချိန် ခိုင်ရွှေဝါလမ်းမကြီးပေါ် သောက်ရေကန်အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ လူမိုက် ထောင်ထွက် နေမျိုးအောင်သည် မဘသ၊ အမျိုးသားရေး အစွန်းရောက်များနှင့် စစ်တပ်ထောက်ခံပွဲများတွင် ပါဝင်သူဖြစ်‌ပြီး ရပ်ကွက်ကို ခြိမ်းခြောက်နေသူဖြစ်ကြောင်း၊ သာကေတတွင် စစ်တပ်ထောက်ခံသူနှင့် မဘသ  တင်လင်းထိုက် လူမိုက်  နဂါးလေး၊ လူမိုက် ဝင်းထွဋ်ဝင်းတို့နှင့်အတူ နေမျိုးအောင်က ပြည်သူ့စစ်(ခေါ်) ပျူစောထီး အဖွဲ့ ဖွဲ့၍ PDF များကို ဖမ်းဆီးခြင်း၊ သတင်းပေးခြင်း၊ ပြည်သူလူထုကို ရမ်းကား ဖိနှိပ်ခြင်းပြုလုပ်နေသူဖြစ်ကြောင်း သိရှိရသည်။ 


"ပစ်ခံရတာက ဦးခေါင်းထိပြီး ပွဲချင်းပြီးသေတယ်။  သူနေတာက သာလ္လာဝတီ ၁၃ရပ်ကွက် ၂လမ်းဘက်မှာနေတာ။ ခိုင်ရွှေဝါ လမ်းဘက်က သူတို့ ကျက်စားတဲ့ဂွင်တွေ။ နေမျိုးအောင်က ထောင်ထွက် လူမိုက်၊ မဘသ ၊ စစ်တပ်ထောက်ခံသူလည်းဖြစ်တယ်။ လက်နက်လည်းရှိတယ် သူ့မှာ။ ရပ်ကွက်နဲ့ ပြည်သူတွေကို ဒုက္ခပေးနေသူ"ဟု သာကေတပြည်သူတစ်ဦးက ပြောသည်။ 


လက်ရှိတွင် စစ်တပ်က သာကေတတစ်မြို့လုံးကို ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း ၊ သာကေတမြို့နယ်အတွင်းရှိ ကမာကြည်တံတားသာကေတအဝိုင်း၊ ရွှေပုစွန်၊ ရှုခင်းသာ၊ ၁ စျေးကွေ့နား တို့တွင် ပိတ်ဆို့ စစ်ဆေးနေကြာင်း သိရှိရသည်။ 




ရေတာရှည်တွင် ကျေးရွာများကို ဓားပြတိုက် ပြန်လာသော စစ်ကြောင်းကို တိုက် ခိုက်မှု  စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ဦးကျော်သေဆုံးပြီး လက်နက်  လက်၊ ခဲယမ်းများနှင့်  ခိုးရာပါ ရွှေနှင့်ဖုန်း သိမ်းဆည်းရမိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ 


ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ကျေးရွာများကို ဓားပြတိုက် ပြန်လာသော စစ်ကြောင်းကို တိုက်ခိုက်ရာ  စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးကျော်သေဆုံးပြီး လက်နက်  လက်၊ ခဲယမ်းများနှင့်  ခိုးရာပါ ရွှေနှင့်ဖုန်းများ သိမ်း ဆည်းရမိကြောင်း  တောင်ငူခရိုင် PDF တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 


ဖေဖော်ဝါရီလ ၁၆ ရက်နေ့   နံနက်  နာရီမှ မွန်းလွဲ  နာရီအထိ ပဲခူးတိုင်း၊ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊တပ်ခွဲ ၄၊ တပ်ခွဲ  ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ သည်  ရေတာရှည်မြို့နယ် ဇရစ်ရိုးကုန်းကျေးရွာနှင့် လိပ်သိုမြို့နယ် ပိန်းသီလာကျေးရွာ အနောက်ဘက် စစ်တောင်းမြစ်ဘေးတွင် တိုက်ပွဲဖြစ်ပွားရာအကြမ်းဖက်စစ်ကောင်စီဘက်မှ ၃၀ ဦး‌ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရှိရသည်။ 

 

စစ်တပ်ဘက်မှ လက်နက်  လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိရာတွင်  


၁။ MA3  ()လက်

၂။ MA11  ()လက်

၃။ MA2  ()လက်

၄။ ကျည်ဘောက်  (၁၈ခု

၅။ ကျည်  (၅၂၀တောင့်

၆။ (၆၀)မမဗုံးသီး ()လုံး နှင့် ရိက္ခာအများအပြားတို့ဖြစ်ကြောင်း သိရှိရသည်။ 


သေဆုံးသွားသော စစ်သားများထံမှ  


၁။ လက်ကောက် ()ကွင်း

၂။ ဆွဲကြိုး ()ကုံး

၃။ လက်စွပ်()ကွင်း

၄။ ဖုန်း()လုံးတို့ကိုပါ သိမ်းဆည်းရရှိပြီး သိမ်းဆည်းရရှိသော လက်ဝတ်ရတနာများနှင့် အသုံးအဆောင်ပစ္စည်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မူလပိုင်ရှင်များထံ အတိအကျ ပြန်လည်အပ်နှံနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 


ထို့ပြင် ဖေဖော်ဝါရီလ  ရက်နေ့   ရက်နေ့  ၁၂ ရက်နေ့  ၁၄ ရက်နေ့တွင်လည်း PDF ပူးပေါင်းတပ်ဖွဲ့များနှင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း၊  ၎င်းတိုက်ပွဲများတွင်လည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး အရေအတွက် အတိအကျကိုမူ ထပ်မံအတည်ပြုလျက်ရှိကြောင်း သိရှိရသည်။






Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ