အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်မှာ နောက်ပင်လှည့်မကြည့်ဘဲ ထွက်ပြေး

ရာအိမ်မှူး  ဦးသေဆုံးခဲ့သော ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ် ကွက်ရုံးကို ဝင်ရောက်ပစ်ခတ်ချိန်ရပ်ကွက်အုပ်ချုပ်ရေးမှူး စစ်မှု ထမ်းဟောင်း ခင်မောင်ဇင် နောက်ပင်လှည့်မကြည့်ဘဲ ထွက်ပြေး၍ လွတ်မြောက်ခဲ့


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ်


ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်ရုံးကို ယမန်နေ့ သေနတ်၊ လက်ပစ်ဗုံးများဖြင့် ဝင်ရောက် ပစ်ခတ်ရာ  အမှတ် ၉၄ ရပ်ကွက် ရာအိမ်မှူး ဝင်းမြင့်နှင့် ထွန်းထွန်းဝင်းတို့ သေဆုံးခဲ့ပြီး   စစ်မှုထမ်းဟောင်းရပ် ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်မှာ နောက်ပင်လှည့်မကြည့်ဘဲ ထွက်ပြေး၍ လွတ် မြောက်သွားကြောင်းဒေသပြည်သူများက ပြောသည်။ 


ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ  နာရီ ၃၅ မိနစ်အချိန် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ယုဇဥယျာဉ်အိမ်ရာ ၁၄လမ်းထိပ်ရှိ အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထဲတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လက်ပစ်ဗုံးများ ပါပေါက်ကွဲကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများကြောင့်  ရာအိမ်မှူး ဝင်းမြင့်နှင့် ရာအိမ်မှူး ထွန်းထွန်းဝင်းတို့ သေဆုံးကြောင်း သိရှိရသည်။ 


"ဒီနေ့ မနက် ရပ်ကွက်ထဲမှာ အပြောအများဆုံးက မနေ့က ပစ်ခတ်မှုဖြစ်ချိန် အုပ်ကြီး ခင်မောင်ဇင် "နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ပြေးသလား မှတ်ရတယ် ပြေးချက်က အသားကုန်တဲ့။ ပစ်မယ့် လူငယ်တွေလည်း ဝင်လာရော အုပ်ကြီးက သူ့လူတွေတောင် သူ သတိမပေးနိုင်ဘူး ကိုယ် လွတ်ရုန်းပြေးတာ။ သူ့လူ  ဦးသေတယ်။ သူတော့ လွတ်သွားတယ်။ သူ့ကိုလည်း လိုက်ပစ်တာ အပြေးကောင်း လို့ မထိတာဟု ယုဇနဥယျာဉ်မြို့တော်နေ ပြည်သူတစ်ဦးက ပြောသည်။ 


ယမန်နေ့ ရပ်ကွက်ရုံးအတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် ရာအိမ်မှူး ဝင်းမြင့်နှင့် ထွန်းထွန်းဝင်းတို့ သေဆုံးပြီး  ရာအိမ်မှူး မြင့်ဝေ၊ ရာအိမ်မှူး ဖြိုးကိုကိုမောင်  ရာအိမ်မှူး မခင်ဆွေဝင်း၊ ရာအိမ်မှူး အောင်ဝင်း စုစုပေါင်း  ဦး  သေနတ် မှန်ဒဏ်ရာရရှိကြောင်း၊ ရာအိမ်မှူး အောင်ဝင်းမှာ ခေါင်းတွင် ကျည်ထိမှန်ထား၍ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။


ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်ရုံးကိုဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။



Comments

Popular posts from this blog

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ရုရှား လက်နက်ဝယ်ယူမှု များမှာ အောင်သောင်းရဲ့ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက်

စစ်တပ်နောက်မှာ တရုတ်ရှိလို့ ပြည်ပနိုင်ငံတွေ မကူညီရဲတာဆိုတဲ့ ဂျင်း

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

​ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ