VPower နဲ့ စစ်တပ်ကို အဓိက ချိတ်ဆက်ပေးခဲ့တာက ထွန်းမင်းလတ်

By ကျော်မောင်—

၂၀၂၁ မေလက Nikkei Asia ဆောင်းပါးမှာပါတဲ့ စိတ်၀င်စားစရာ အချက်ကတော့ 

🔻 A key figure in VPower's deals with the Myanmar military is Tun Min Latt, son of retired Lt. Col. Khin Maung Latt. He was named in a 2019 United Nations Fact-Finding Mission report on the military's economic interests as a private shareholder in the Star Sapphire Group of Companies 🔻 ဆိုတာပါပဲ 

မြန်မာစစ်တပ်နှင့် VPower သဘောတူညီချက်များတွင် အဓိကကျသူမှာ အငြိမ်းစား ဒု-ဗိုလ်မှူးကြီး ခင်မောင်လတ်၏သား ထွန်းမင်းလတ်ဖြစ်သည်။  သူ့ကို Star Sapphire Group of Companies တွင် စစ်တပ်၏ စီးပွားရေး အကျိုးစီးပွားအတွက် ပုဂ္ဂလိက ရှယ်ယာရှင်အဖြစ် 2019 United Nations Fact-Finding Mission အစီရင်ခံစာတွင် ထည့်သွင်းခဲ့သည်။

၂ နှစ်ခန့် ကြာသောအခါ ‌မီးပေးတဲ့ သင်္ဘောကြီးလည်း ထွက်ခွာသွားခဲ့ပါပြီ....

ဟောင်ကောင် အခြေစိုက် VPower နဲ့ တရုတ်အစိုးရပိုင် CNTIC တို့ဟာ မြန်မာ့အရေးစောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေရဲ့ မေးခွန်းထုတ်မှုနဲ့ ဝေဖန်မှုကို ၂၀၂၁ တည်းက ရင်ဆိုင်ခဲ့ရပါတယ်။ အဓိကကတော့ စစ်တပ်နဲ့အကျိုးစီးပွား‌ ရှိနေတဲ့အတွက်ပါ။ ဒါ့ကြောင့် မြန်မာမှာ သူတို့လုပ်နေတဲ့ စီမံကိန်းတွေထဲက တချို့ကို ရပ်နားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၂၁ မေလ Nikkei Asia ဆောင်းပါး၊  ဩဂုတ်လ Myanmar now ဆောင်းပါးနဲ့ ဧရာဝတီသတင်းတို့မှာပါတဲ့ စိတ်၀င်စားစရာ အချက်တွေကတော့
ကတော့ 

🔻 VPower နဲ့ CNTIC ဟာ မြန်မာမှာ လျှပ်စစ်ကဏ္ဍအတွက် အကျိုးတူပူးပေါင်းဆောင်ရွက်နေကြတာဖြစ်တယ်။ VPower က ၁၀၀ ရာခိုင်နှုန်းရှယ်ယာအပြည့်နဲ့ လည်ပတ်နေတဲ့ စီမံကိန်းတွေလည်း ရှိသလို CNTIC နဲ့ ဖက်စပ်လုပ်နေတဲ့ စီမံကိန်းတွေလည်းရှိတယ်။ အာဏာမသိမ်းခင် VPower က မြန်မာနိုင်ငံထဲ ဆောင်ရွက်နေတဲ့ စီမံကိန်း ၉ ခုရှိတယ်။

🔻 စီမံကိန်းတွေက ရန်ကုန်၊ မြင်းခြံ၊ ကျောက်ဖြူစတဲ့ဒေသတွေမှာ အသီးသီးပျံ့နှံ့ပြီးရှိနေတယ်။ (comment ကပုံမှာ ကြည့်ပါရန်) အဲတာတွေထဲမှာမှ စစ်တပ်ရဲ့ ဦးပိုင်လီမိတက် (MEHL) အောက်က မြေကွက်တွေကို ငှားရမ်းထားတာမျိုး‌တွေလည်း ရှိနေတယ်။ အဓိကက သန်လျင် သီလဝါမှာလို့ပြောတယ်။

🔻 ဒါ့ကြောင့် အာဏာသိမ်းမှုအပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး VPower က သူ့ရဲ့စီမံကိန်းတချို့ကို စာချုပ်သက်တမ်းမတိုးတော့ဘူးလို့ ဆုံးဖြတ်ခဲ့တာတွေရှိလာတယ်။ ကျောက်ဖြူနဲ့ မြင်းခြံက စီမံကိန်းတွေကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း ဧရာ၀တီသတင်းမှာ လွန်ခဲ့တဲ့ ၂ နှစ်က ရေးထားတယ်။

🔻 VPower နဲ့ စစ်တပ်ကို အဓိက ချိတ်ဆက်ပေးခဲ့တာက ထွန်းမင်းလတ်လို့ဆိုတယ်။ (အခုထိုင်းမှာ မူးယစ်မှုနဲ့ ဖမ်းခံထားရတဲ့ တယောက်) 






..

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ