ညွှန်ချုပ်ဟောင်းတစ်ဦးပိုင်သည့် နေပြည်တော်ရှိ Mandalay Paradise စားသောက်ဆိုင်တွင် ဗုံးပေါက် ကွဲ

ဧရာဝတီတိုင်းမ်
မတ်လ ၁ ရက် 

ဆည်မြောင်းညွှန်ချုပ်ဟောင်း ဦးကျော်မြင့်လှိုင်ပိုင် ဆိုင်သည့် နေပြည်တော်ရှိ Mandalay Paradise စားသောက်ဆိုင်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ‌ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဧရာဝတီလမ်းမပေါ်ရှိ Mandalay Paradise စားသောက်ဆိုင်တွင် ည ၈ နာရီခန့်က ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

"ဗုံးပေါက်တာတော့ ကြားတယ် အထိခိုက်ရှိမရှိတော့ မသိရသေးဘူး၊ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ထုတ်ပြန်တာမရှိသေးဘူး။ ကျွန်တော်တို့လည်းစုံစမ်းနေဆဲပါ၊ မနက်လောက်တော့သိရမယ်ထင်တယ် "ဟု ဒေသတော်လှန်ရေးအဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။ 

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုကို ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေပေ။ 

ဖေဖော်ဝါရီ ၂၈  ရက်နေ့ကလည်း ဇမ္ဗူသီရိမြို့နယ် ၊ရွှေကြာပင်ရပ်ကွက်၊ မြစ်ငယ်လမ်းနှင့် စန္ဒီလမ်းထောင့်ရှိ အမျိုးသားလွှတ်တော် ဒုဥက္ကဌဟောင်း ဦးမြငြိမ်း၏ နေအိမ်အား လက်လုပ်ဗုံးဖြင့် ပစ်တိုက်ခိုက်ခံရပြီး အိမ်အမိုးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းအရင်းမြစ်များထံမှသိရသည်။ 

#နေပြည်တော် #ညွှန်ချုပ်ဟောင်း #စားသောက်ဆိုင် #ဗုံးကွဲ #Ayeyarwaddy_Times











ဦးသိန်းစိန်နဲ့နီးစပ်သူ ဆည်မြောင်းညွှန်ချုပ်ဟောင်းပိုင် နေပြည်တော်ကစားသောက်ဆိုင်မှာ ဗုံးပေါက်

မဲခေါင်၊ မတ် ၁

USDP သမ္မတဟောင်း ဦးသိန်းစိန်နဲ့ အလွန်ရင်းနှီးနဲ့ ဆည်မြောင်းညွှန်ချုပ်ဟောင်း ဦးကျော်မြင့်လှိုင်ပိုင်ဆိုင်တဲ့ နေပြည်တော်က Mandalay Paradise  စားသောက်ဆိုင်မှာ လွန်ခဲ့တဲ့ နာရီပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မတ်လ ၁ ရက်နေ့ ည ၈ နာရီအချိန်လောက်က ပေါက်ကွဲတာဖြစ်ပြီး အဲဒီဆိုင်ဟာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဧရာဝတီလမ်းမပေါ်ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဦးကျော်မြင့်လှိုင်ဟာ သက်တော်ရှည်ဆည်မြောင်းညွှန်ချုပ်ဖြစ်ပြီး ဦးသိန်းစိန်သမ္မတဖြစ်စဉ်က အမြဲလို မနက်စာအတူစားလေ့ရှိတဲ့အထိ ရင်းနှီးကျွမ်းဝင်သူဖြစ်ပါတယ်။ သူ့ရဲ့သားဖြစ်သူ ကျော်သက်ဟာလည်း ရန်ကုန်မြို့က စိမ်းလန်းစိုပြေအပါအဝင် စားသောက်ဆိုင်၊ အဝတ်အထည်ဆိုင်နဲ့ Gym ခန်းမတွေဖွင့်လှစ်ထားသူ ဖြစ်ပါတယ်။

ဒါ့ပြင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မြစ်ငယ်လမ်းနဲ့ စန္ဒီလမ်းထောင့်မှာရှိတဲ့ အမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌဟောင်း ဦးမြငြိမ်းရဲ့ နေအိမ်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်အချိန်ခန့်က လက်လုပ်ဗုံးပစ်ခံရတယ်လို့ သိရပါတယ်။ 

MK - 005
#MeKongNews 
#ဦးကျော်မြင့်လှိုင်


Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်