PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

တိုင်းပြည် ကျဆုံးပျက်စီးရေး လမ်းကြောင်းပေါ် ရောက်နေ၊  ချင်း​၊ စစ်ကိုင်း၊ မကွေးနှင့်ကရင်နီတို့တွင် စစ်တပ်က ဘာသာရေးနှင့်ပြည်သူပိုင်များကို တိုက်ခိုက်မှု PPST ပြင်းထန်စွာ ရှုတ်ချ
ခေတ်သစ်မီဒီယာ
ရန်ကုန် ၊ နိုဝင်ဘာ ၅

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည် လက်နက်ကိုင် ၁၀ ဖွဲ့ပေါင်းစုထားသော PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်၍ သတိပေးလိုက်သည်။ 

PPSTက  ချင်းပြည်နယ် ထန်တလန်အပါအဝင် စစ်ကိုင်း၊ မကွေးနှင့် ကရင်နီဒေသများတွင် စစ်ကောင်စီက ပြည်သူများ၏ ဘာသာရေးအဆောက်အအုံအပါအဝင် အိုးအိမ်များကို ပစ်မှတ်ထား တိုက်ခိုက်မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အပါအဝင် ကြေညာချက် တွင်ဖော်ပြထားသည်။ 

PPST အနေနှင့် ပြည်တွင်း ပြည်ပ Stakeholders များနှင့် တွေ့ကာ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောထားများကို စုစည်းရန် ဆွေးနွေးညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားကြောင်း၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် ပြည်သူများရင်ဆိုင်ရသည့် အကျပ်အတည်းသည် တိုင်းပြည်ကျဆုံးပျက်စီးရေးလမ်းကြောင်းပေါ်သို့ ရောက်နေကာ ဒေသတွင်း တည်ငြိမ်မှုပါ ခြိမ်းခြောက်ခံနေရကြောင်း၊ ကုလသမဂ္ဂက အသစ်ရွေးချယ်ခန့်အပ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ ၏ လက်ရှိ မြန်မာပြည်တွင်းလက်ရှိကြုံတွေ့နေသည့် အထွေအထွေအကျပ်အတည်းဖြေရှင်းရေးနှင့် ပတ်သက်သည့် လုပ်ငန်းများတွင် PPST က လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ 

စစ်ဘေးရှောင်ပြည်သူများ၏ လုံခြုံရေးနှင့် လူသားချင်းစာနာမှုအထောက်အကူများ အမြန်ဆုံရရှိရေးကြိုး ပမ်းဆောင်ရွက်သွားမည်ဟု ပါရှိကာ အကြမ်းဖက် ဖက်စစ် စစ်ကောင်စီ၏ ကျုးလွန်မှုများနှင့် ကျူးလွန်သူများကို ပြင်းထန်စွာ အရေးယူပေးရန်လည်း PPST ၏ ကြေညာချက်တွင် ပါရှိသည်။

အဆိုပါ သဘောတူကြေညာချက်များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးထုတ်ပြန်ချက်အဖြစ် ထုတ်ပြန်ခြင်းဖြစ်သည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ် ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ကျင်းပပြုလုပ်သော PPST အစည်းအဝေး။  

Comments

Popular posts from this blog

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်