တစ်ယောက်တည်း လက်ထောင်ပြီး အူကြောင် ကြောင်ကြီး ဖြစ်နေ

မနေ့က ပြောခဲ့တဲ့ အတိုင်းပဲ။ မတရား လုပ်တဲ့သူ ဆိုတာ နိုင်ငံတကာမှာ ဩဇာပိုကြီးလာဖို့ မပြောနဲ့။ ဝိုင်းပါ အကျဉ်ခံရတယ် ဆိုတာ UN အစည်းအဝေးမှာ ကြည့်ရင်ကို သိသာတယ်။ လက်ရှိ ရုရှားက ကုလ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ။ အဲဒီတော့ ယူကရိန်း-ရုရှားအရေး ကြားဖြတ် အရေးပေါ် အစည်းအဝေး ခေါ်မယ် ဆိုတော့ သူက သဘာပတိ လုပ်ပြီး ဆန္ဒမဲ ကောက်ရတယ်။


ထုံးစံအတိုင်း အရေးပေါ် အစည်းအဝေး ခေါ်ဖို့ သဘောတူ တဲ့သူ လက်ထောင်လို့ ရုရှား သံအမတ်က ကြေညာတော့ တရုတ်တို့ ၄ နိုင်ငံက လွဲရင် ကျန်တဲ့သူ အကုန် လက်ထောင်တယ်။ ကန့်ကွက်တဲ့သူ လက်ထောင်ပါ ဆိုတော့ ဘယ်သူမှ မထောင်ကြဘူး။ ကြေညာတဲ့ သဘာပတိပဲ သူ့ဘာသာ ကြေညာ၊ သူ့ဘာသာ တစ်ယောက်တည်း လက်ထောင်ပြီး အူကြောင် ကြောင်ကြီး ဖြစ်နေတာ ရယ်ရတယ်။ နောက်ဆုံး ကန့်ကွက်သူ တစ်ယောက်ပဲ ရှိလို့ အစည်းအဝေး ခေါ်ဖို့ သဘောတူကြောင်း အောင့်သက်သက် ရုပ်ကြီးနဲ့ ကြေညာရတယ်။


လောလောဆယ် SWIFT payment စနစ်မှာ ရုရှားဘဏ် တွေကို ဖြုတ်ချလိုက်တာ တော်တော် အထိနာတယ်။ ဘဏ်စနစ်တွေ ကမောက်ကမ ဖြစ်ကုန်တဲ့ အပြင် ဒီမှာလိုပဲ လူတွေက ဘဏ်ကို မယုံမကြည် ဖြစ်ကုန်ပြီး ငွေတွေ ဝိုင်းထုတ် ကြလို့ ATM တွေမှာတောင် တန်းစီ နေရပြီ။ ဒီကြားထဲ မြန်မြန်ဆန်ဆန် သိမ်းနိုင်မယ် ထင်တဲ့ ယူကရိန်း ကိုလည်း အလွယ်တကူ မသိမ်းနိုင်ဘဲ ရုရှား စစ်သား အလောင်းတွေ ပုံနေပြီ။ ဆန့်ကျင်သူတွေကို ဒီလောက် ဖိနှိပ် အုပ်ချုပ်တဲ့ ရုရှားလို နိုင်ငံမှာတောင် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်လာတာ အံ့ဩ မဆုံးဘူး။  ပူတင်တောင် ရှက်ရမ်း ရမ်းပြီး နျူထုတ်သုံးဖို့ ခြိမ်းခြောက် နေရတယ်။ တကယ် ထုတ်လိုက်ရင် ဝင်မပါဘဲ ရပ်ကြည့်နေတဲ့ နိုင်ငံတွေကိုပါ ခြိမ်းခြောက်မှု ဖြစ်လာမှာ မို့လို့ ပွဲက ပိုကောင်း လာနိုင်တယ်။


လောလောဆယ်တော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် နှစ်ဘက်စလုံးက လေသံ ပစ်နေတယ်။ နဂိုတုန်းက ပူတင်က သူ့ရဲ့ အောက်ဆွဲ နိုင်ငံ ဘီလာရုစ်မြေမှာ ယူကရိန်းကို အပေါ်စီးက ခပ်ချေချေ ဆွေးနွေးဖို့ ကြံစည်ထားတာ။ လတ်တလော အခြေအနေတွေ အရ ယူကရိန်း ဘက်က ရွေးချယ်ထားတဲ့ နေရာမှာပဲ ကြိုတင် သဘောတူညီမှု (precondition) ဘာမှ မပါဘဲ ဆွေးနွေးရဖို့ ဖြစ်နေတယ်။ စစ်ပွဲ ကြာလာလေ သူ့နိုင်ငံရဲ့ အခြေအနေက ယိမ်းယိုင်လာလေ ဖြစ်လာမှာကိုး။ ယူကရိန်း ကတော့ နောက်ဆုတ် စရာ ဘာမှ မရှိတဲ့သူ ဆိုတော့ ဘုရင့်နောင် ဖောင်ဖျက် သလို တိုက်မှာပဲ။


ပူတင်ကြီး ပျားတုတ်နေတာ မြင်တော့ တို့ဆီက မအေလိုး မင်းအောင်လှိုင်နဲ့ တူလိုက်တာ လို့တောင် တွေးမိသေးတယ်။ ပိုင်ပါတယ် ဆိုပြီး အာဏာ ကောက်သိမ်းတာ။ တစ်နှစ်ကျော် ကြာတဲ့ အထိ ပိုင်ပိုင်နိုင်နိုင် မအုပ်ချုပ် နိုင်ရုံ မကဘဲ စိုးမိုး နယ်မြေတွေကိုပါ တဖြည်းဖြည်း လက်လွှတ် လာနေရပြီ။ ဒီကြားထဲ တိုင်းပြည်က စီးပွားရေးကျ၊ နိုင်ငံတကာက ဝိုင်းကျဉ်၊ သူ့လူတွေကအစ မလေးစားတော့တဲ့ အခြေ အနေ ရောက်နေတာ။ မတရား လုပ်ချင်တဲ့ သူတွေ နောက်ဆုံးတော့ ကျရှုံးရမှာ ထုံးစံပဲ

.mimikal


Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်