ယူကရိန်း-ရုရှ ဆွေးနွေးပွဲ ထပ်မံဆုံတွေ့ရန် ချိန်းဆို

ဂြိုလ်တုဓါတ်ပုံများအရ မိုင်၄၀ ခန့် ရှည်လျားတဲ့ ရုရှစစ်ယဥ်တန်းဟာ ယူကရိန်းမြို့တော် ကိဖ် အပြင်ဖက် မိုင်၂၀ အတွင်း ရောက်နေပြီး ပတ်ပတ်လည်ဝိုင်းထားကြောင်း နဲ့ မြို့တော်ကိုစသိမ်းပါက တရက်မှ လေးရက်အတွင်းကျဆုံးသွားနိုင်ကြောင်းသိရပါတယ်။ 


ယူကရိန်း-ရုရှ ဆွေးနွေးပွဲ ထပ်မံဆုံတွေ့ရန် ချိန်းဆိုပြီး ရလာဒ်မရှိပဲ ပြီးဆုံးသွားပါတယ်။ 


ယူကရိန်းဟာ ဘယ်လောက်ပဲတောင့်ခံနိုင်နိုင် ယူကရိန်းအပြင်မှ ရှိနေသေးတဲ့ ရုရှတပ်တွေထပ်ဝင်လာရင် ဒုတိယလှိုင်း နဲ့ အခြေအနေဆိုးသွားနိုင်ပါတယ်။ တကယ့်အရှိတရားက ယူကရိန်းစစ်တပ်ဟာ ရုရှ နဲ့ယှဥ်ရင် အလွန်အင်အားသေးငယ်တာပဲ ဖြစ်တယ်လို့ဆိုပါတယ်။ 


စီးပွားပိတ်ဆို့မှု အပြင်းအထန်ခံနေရတာရယ်၊ ရုရှငွေတန်ဖိုး ပြုတ်ကျတာရယ်၊ စစ်ပွဲဟာခင်းထားသလို ဖြစ်မနေတာရယ် အခြေအနေတွေပေါင်းစပ်ပြီး ပူတင်ရဲ့ စိတ်အခြေအနေ ပုံမှန်မဖြစ်ပဲ ဆုံးဖြတ်ချက်အလွဲတွေချလို့ ကမ္ဘာကြီး စစ်ဘေးဒုက္ခပိုနက်ရှိုင်းလာမှာလည်း စိုးရိမ်နေကြပါတယ်။ 


ပူတင်ဟာ ကိုဗစ်ကြောင့် လူတွေနဲ့ဆက်ဆံမှု ဖြတ်ထားတယ်၊ သူ့အကြံပေးတွေ အစိုးရအဖွဲ့တွေနဲ့ မတွေ့ဘူး၊ သူ့ဘေးမှာ သူ့ရဲ့ လက်ထောက်တွေပဲရှိတယ်လို့ဆိုပါတယ်။


ICC တရားရုံးက ရုရှရဲ့ ယူကရိန်းအပေါ်ကျုးကျော်မှု ကို တရားစွဲဆိုနိုင်ခြင်း ရှိ မရှိ စတင်စုံစမ်းမယ်လို့ ဆိုပါတယ်။  


ရုရှဟာ ပတ်ဝန်းကျင်မှ အောက်စီဂျင်ကို ဖြတ်တောက်ပစ်တဲ့ တားမြစ်ဗုံး vacuum bomb တွေသုံးတယ်လို့ ယူကရိန်းကစွတ်စွဲပါတယ်။


အမေရိကန်နိုင်ငံက ရုရှသံတမန် ၁၂ ယောက်ကို ပြည်နှင်ဒဏ်ပေးပါတယ်။ 


ရုရှ ဘီလီယံနာသူ​ဌေးများ၏ ကိုယ်ပိုင်လေယာဥ်များ ဘယ်နိုင်ငံတွေဆီ ပျံသန်းနေတယ်ဆိုတာ တွတ်တာလူမှုကွန်ယက် မှာ ဖေါ်ပြနေပါတယ်။

(ကျော်စွာမင်း)

ဓါတ်ပုံ၊ internet. 

မြို့တောင်အပြင်ဖက်မှ ရုရှ ယာဥ်တန်း။


Comments

Popular posts from this blog

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်