“ဗဟိုအလုပ်အမှုဆောင်တစ်ဦးနှင့် ဗဟိုကော်မတီဝင်သုံးဦးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှထုတ်ပယ်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မတ်လ (၃)ရက်နေ့ နေ့စွဲပါ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်အရ ဗဟိုအလုပ်အမှုဆောင်တစ်ဦးနှင့် ဗဟိုကော်မတီဝင်သုံးဦးအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှထုတ်ပယ်လိုက်သည်။
ဗဟိုအလုပ်အမှုဆောင်ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဒေါ်စန္ဒာမင်း၊ ဦးဝင်းမြင့်အောင် နှင့် ဦးတိုးလွင် စုစုပေါင်း လေးဦးတို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှထုတ်ပယ်လိုက်ခြင်းဖြစ်သည်။ သတင်းဖော်ပြချက်အရ အဖွဲ့ချုပ်၏ မူဝါဒနှင့်ရပ်တည်ချက်များကို ၎င်းတို့က ဆန့်ကျင်ပြီး ပြည်သူ့ဆန္ဒကို လေးစားလိုက်နာခြင်း မရှိသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပယ်လိုက်ပြီး ၎င်းတို့သည် အဖွဲ့ချုပ်ပါတီနှင့် မည်သို့မျှ မသက်ဆိုင်တော့ ကြောင်းကို အသိပေး ကြေညာထားပါသည်။
Comments