အာဆီယံနိုင်ငံများအနေဖြင့် CRPH၊ NUG၊ PDF တို့ကို အားပေးထောက်ခံခြင်း မပြုသင့်ကြောင်း ထိုင်းနိုင်ငံမှ စီစဉ်သည့်အလွတ်သဘောဆွေးနွေးပွဲ၌ နစကဝန်ကြီးများ ဆွေးနွေး

22/12/2022 19:02

NP News - ဒီဇင်ဘာ ၂၂

အာဆီယံနိုင်ငံများအနေဖြင့် CRPH၊ NUG၊ PDF တို့ကို အားပေးထောက်ခံခြင်း မပြုသင့်ကြောင်း ထိုင်းနိုင်ငံမှ စီစဉ်သည့်အလွတ်သဘောဆွေးနွေးပွဲ၌ နစကဝန်ကြီးများက ဆွေးနွေးပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြားချက်အရ ယနေ့(ဒီဇင်ဘာလ ၂၂ ရက်)တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သော အလွတ်သဘောဆွေးနွေးပွဲသို့ နစက၏ ဝန်ကြီးများဖြစ်သည့် ဦးဝဏ္ဏမောင်
လွင်၊ ဒေါက်တာကံဇော်နှင့် ဦးကိုကိုလှိုင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအလွတ်သဘောဆွေးနွေးပွဲ၌ အာဆီယံ၏တူညီဆန္ဒ(၅)ချက်အပေါ် ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စအပါအဝင် မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် အခြေအ နေများကို မြန်မာကိုယ်စားလှယ်အဖွဲ့ နစကဝန်ကြီးများက ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာအစိုးရက တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကြေညာကာ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည့်ကိစ္စ၊ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စီးပွားရေးပြန်လည် ဦးမော့လာရေးဆောင်ရွက်နေသည့်ကိစ္စနှင့် ရွေးကောက်ပွဲကော်မရှင်က အထွေထွေရွေး ကောက်ပွဲကျင်းပရန် ကြိုးပမ်းနေသည့်ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် ကြိုး ပမ်းနေမှုများကို CRPH၊ NUG၊ PDF များက ပျက်စီးစေလိုသည့်ဆန္ဒဖြင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေပြီး၊ ယင်းတို့၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူများ၊ ရဟန်းသံဃာများနှင့် သီလရှင်များ၊ ဝန်ထမ်းများ သေကြေခဲ့ကြောင်း ဆွေးနွေးပွဲနှင့်ပတ်သက်၍ နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စာသင်ကျောင်း၊ ဆေးရုံ၊ ဘဏ်များအပါအဝင် နိုင်ငံပိုင်နှင့် ပြည်သူပိုင်အ ဆောက်အဦးများ၊ လမ်း၊ တံတား၊ လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးခြင်းခံနေရသည့်အခြေအနေများကို နစကဝန်ကြီးများက ထည့်သွင်းဆွေးနွေးခဲ့
ကြောင်း သိရသည်။

ထို့ကြောင့် အကြမ်းဖက်လုပ်ရင်များအား ကျူးလွန်နေသူများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အားပေးထောက်ခံခြင်း မပြုသင့်ကြောင်းကို မြန်မာကိုယ်စား လှယ်အဖွဲ့ နစကဝန်ကြီးများက ဆွေးနွေးပြောဆိုခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါအလွတ်သဘောဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံမှ ဦးဆောင်စီစဉ်ခြင်းဖြစ်ပြီး မြန်မာအပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ပြီး ကျန်အာဆီယံ(၅)နိုင်ငံမှာ တက်ရောက်ခဲ့ခြင်းမရှိကြောင်းသိရသည်။

Comments

Popular posts from this blog

KNUနယ်မြေတွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၄၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၈၀ကျော် သေဆုံးဟု ထုတ်ပြန်

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း

ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော

ဘုရား ကျောင်း ရဟန်း ဒါယကာကြီး KTV မှာအသတ်ခံရ

သပွတ်အူနိုင်ငံတော်

ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

ဗန်ကူးဗားမှာဟန်လေးရဲ့ fundraising ပွဲ

လေတပ် နှစ်ပတ်လည်နေ့တွင် ရုရှားလေယာဉ်မှူးများဖြင့်သာ SU-30 လေယာဉ်သစ်များကို မောင်းနှင်ပျံသန်းခိုင်း

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ