"မရမ်းကုန်းတွင် လမ်းလျှောက်ထွက်သည့် ဇနီးမောင်နှံကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းဖယ်ရှား”
"မရမ်းကုန်းတွင် လမ်းလျှောက်ထွက်သည့် ဇနီးမောင်နှံကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းဖယ်ရှား”
နိုဝင်ဘာ ၄၊ ၂၀၂၁ (TRN)
မရမ်းကုန်းမြို့နယ်၊ (၇)ဂရပ်ကွက်၊ (၇) မိုင်၊ တေးနုယဉ်လမ်း၊ အမှတ် (၂၆/အေ/G1) နေအိမ်ရှေ့တွင် လမ်းလျှောက်ရန်အိမ်မှထွက်လာသည့်ဇနီးမောင်နှံကို စီစစ်ဆဲသေနတ်သမားကနိုဝင်ဘာလ ၄ ရက်နံနက် ၇း၃၀ နာရီအချိန်တွင်ပစ်ခတ်ခဲ့သဖြင့် ခင်ပွန်းဖြစ်သူသေဆုံးပြီး ဇနီးဖြစ်သူပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဦးသိန်းအောင်နှင့် ဇနီးဒေါ်သိမ့်အောင်သူတို့သည်လမ်းလျှောက်ရန်အိမ်မှအထွက်တွင် အသင့်စောင့်နေသော သေနတ်သမားကပစ်ခတ်ရာ ဦးသိန်းအောင်မှာကျည်ထိမှန်ဒဏ်ရာလေးချက်ဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးပြီးဇနီးဖြစ်သူမှာလက်၊ ခါး၊ ခြေထောက်တို့တွင်ကျည်ထိမှန်ဒဏ်ရာများရခဲ့ကြောင်းသိရသည်။
သေဆုံးသွားသူဦးသိန်းအောင်သည်Mytel ရဲ့အဓိက အရေးပါတဲ့နေရာမှာ ပါဝင်သူဖြစ်ပါသည်။ဗိုလ်မှူးသိန်းအောင်(ရေ-ငြိမ်း) DSA 28intake (ဇနီးDrသိမ့်အောင်သူ)သည် အရင်တချိန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ)ရဲ့ ကိုယ်ရံတော်ကိုယ်ရေးအရာရှိဖြစ်ပြီး လက်ရှိကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်(ဦးအောင်သောင်းသား)နှင့်အလွန်ရင်းနှီးတဲ့အပတ်စဉ်တူ သူငယ်ချင်းဖြစ်ပါတယ်။ လက်ရှိကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့လည်း အင်မတန်ရင်းနှီးတဲ့ဆက်ဆံရေးရှိကြောင်း ယင်းတို့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ဆိုပါတယ်။ဗိုလ်မှူးသိန်းအောင်(ရေ-ငြိမ်း)က အာဏာသိမ်းစစ်ခေါင်းဆောင် မအလ ရဲ့ mytel လုပ်ငန်းစုမှာ အဓိကကျတဲ့နေရာမှာ ပါဝင်နေသော်လည်း သူကိုယ်တိုင် ရှေ့ထွက်ခြင်းမရှိခဲ့ပါ။တချို့ပွဲများတွင်သူ့အမျိုးသမီးသာဖွင့်ပွဲတွေမှာ တွေ့ရလေ့ရှိပြီး တကယ့်အရေးပါတဲ့ mytelမှာ ပါဝင်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထောက်တိုင်တယောက်ဖြစ်ပါသည်။ဗိုလ်မှူးသိန်းအောင်(ရေ-ငြိမ်း)အသုံးပြုသောကားအများစုမှာလဲ တပ်မတော်ပိုင်ယာဉ်တွေဖြစ်နေတာကိုလည်းတွေ့မြင်နိုင်ပါတယ်။ဗိုလ်မှုးသိန်းအောင်လုပ်ကြံ thet ဖြတ်ခြင်းခံရသည့်အတွက် ကာကွယ်ရေးဦးစီးချုပ်ရေ ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်လေ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဗိုလ်ချုပ်ထွန်းထွန်းညီ(ကကပြည်)၊ အောင်ပြည့်စုံ(မအလသား)ထိပ်ပိုင်းစစ်ခေါင်းဆောင်များ အထူးတုန်လှုပ်သွားကြောင်း သတင်းရရှိသည်။
ဓာတ်ပုံနဲ့ သတင်းစာသားများအားလုံး အခြားသူဆီက
ကူးယူ ဖော်ပြထားခြင်းဖြစ်ပါသည်။
Comments