ရန်ကုန်တွင် စစ်တပ် ကင်းလှည့်ယာဉ်များနှင့် ရဲစခန်းများ တိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၇ ဦး သေဆုံး


ရန်ကုန်၊ မတ် ၅

ခေတ်သစ်မီဒီယာ

ရန်ကုန်တွင် ပျံလွှားအောင် စစ်ဆင်ရေး အဖြစ် ဖေဖော်ဝါရီလ ၄ရက်နှ မတ်လ ၄ရက်နေ့အထိ ၁လတာအတွင်း စစ်တပ် ကင်းလှည့်ယာဉ်များနှင့် ရဲစခန်းများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ထံမှ သိရသည်။  


ရန်ကုန် အရှေ့ပိုင်းခရိုင်

=============


ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပျံလွှားအောင် စစ်ဆင်ရေးအနေနှင့် ဗုံးခွဲတိုက်ခိုက်မှု ၁၁ ကြိမ်၊ ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့ကာ ကင်းလှည့်ယာဉ် ၃ စီး၊ လေတပ်ဗိုလ်ကြီးအဆင့်ရှိသူ နေအိမ်၊ အကြမ်းဖက်စစ်ကောင်စီပိုင် MyTel Showroom တစ်ခုနှင့် စစ်ကောင်စီအခြေစိုက် အဆောက်အအုံတစ်ခု ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။


ရန်ကုန် အနောက်ပိုင်းခရိုင်

===============


ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေး တပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီး MyTel တာဝါတိုင် တစ်ခုနှင့် ရဲစခန်း အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။


ရန်ကုန် တောင်ပိုင်းခရိုင်

============= 


ရန်ကုန် တောင်ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်မှု ၁ ကြိမ်၊ ဗုံးခွဲတိုက်ခုက်မှု ၆ ကြိမ်၊ ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံးခဲ့ကာ MyTel တာဝါတိုင် တစ်ခု၊ ကင်းလှည့်ယာဉ်များနှင့် စစ်ကောင်စီအခြေစိုက် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ 


ရန်ကုန် မြောက်ပိုင်းခရိုင်

=============

ရန်ကုန် မြောက်ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်မှု ၁၃ ကြိမ်၊ ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေကာ MyTel တာဝိုင်တိုင် တစ်ခု၊တိုက်လေယာဉ် ၂ စီး၊ ကင်းလှည့် ကင်းလှည့်ယာဉ်များနှင့် စစ်ကောင်စီ အခြေစိုက် အဆောက်အအုံအချို့ထိခိုက်ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။ 


အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ခရိုင်/မြို့နယ်(ပကဖ) ၊ ဗမာ့လူငယ်ကွန်ရက်၊ SSUG, MO7(Eagle) DRG, Black Peacock, MO 8 , HRD, GZDF, ACPLF, Hmawbi  Revolution Force, YPDF(ဗဟန်း), Spring Brother Force, The Boys , STA, Dark Shadow, MDF , SOF , HRDF, MO 3 (Dawn), YFA, Zero to Hero, Z Fighter, GOD, Free Tiger Ranger , SRF , YUG (Army) , APLF အဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Photo - AFP


Comments

Popular posts from this blog

NUG၊ NUCC ၊ CRPH နှင့် PDF များကို ချေမှုန်းရေး စစ်ကောင်စီ၏ ၈ နာရီ နီးပါး ကြာသော သွေးပျက်ခြောက်ခြားနေသည့် လျှို့ဝှက်အစည်းအဝေး မှတ် တမ်းများ ရန်ကုန်ခေတ်သစ်က မကြာမီ ထုတ်ပြန်မည်

စစ်ကိုင်းနှင့် မကွေးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

အစွန်းရောက်အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က မြန်မာဘာသာဖြင့် သူ၏ တွစ်တာ လူမှုကွန်ရက်တွင် သတင်း ထုတ်ပြန်ထား

မကွေးခရိုင် PDF တပ်ရင်း ၁ တွင် ရဲဘော်များကို လစာ တချို့ပေးအပ်၊

ယင်းမာပင်နှင့် ဆားလင်းကြီး အစပ်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

ခလရ ၂၆၉ နှင့် ခလရ ၂၆၆ မှ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံ၊ ခဲယမ်းများနှင့်အတူ အလင်းဝင်

စစ်ဘေးဒုက္ခသည် လေးသိန်းကျော်ကို NUG ထောက်ပံ့