နတ်မောက်မှာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီအရာရှိ ၂ ဦးအပါ ၄ ဦးသေဆုံး

နတ်မောက်၊ ဖေဖော်ဝါရီ  ၂၆၊ ၂၀၂၃။ 

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သီးချောင်းရွာအရှေ့ဘက်မှာ စစ်ကောင်စီကားတစီးကို ဒေသခံကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

နတ်မောက်မြို့ဘက်ကနေ စိုင်ကောင်းရွာဘက်ကိုမောင်းနှင်လာတဲ့ စစ်ကောင်စီအရာရှိ ၂ ဦးနဲ့ တပ်သား ၂ ဦးပါကားတစီးကို အဲ့ဒီလမ်းပိုင်းတနေရာမှာ ဖေဖော်ဝါရီလ ၂၆ ရက်ဒီမနက်ပိုင်းက မိုင်းဆွဲပစ်ခတ်ခဲ့တာလို့ တိုက်ဒေါင်းပြည့်သူတော်လှန်ရေး အင်အားစုအဖွဲ့တာဝန်ခံ ဘကျော်ကြီးက ပြောပါတယ်။

“နတ်မောက်မြို့နယ်ထဲက စိုင်းကောင်းနဲ့နတ်မောက်မြို့နယ်ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ်မှာ စောင့်ကြိုပြီး မနက် ၉ နာရီ ၄၅ မိနစ်အချိန်မှာ မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ အိမ်စီးကား ၁ စီးကို တိုက်ခိုက်ခဲ့တာ၊ အရာခံဗိုလ်အဆင့်ရှိသူ ၂ ဦးပါတယ်၊ အားလုံး ၄ ဦး သေတယ်၊ ဘယ်တပ်ရင်းက လို့တော့ မသိရဘူး၊ ယူနီဖောင်းတွေပါတယ်၊ လက်နက်တွေပါတယ်” လို့ ပြောပါတယ်။

မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ လိုက်ပါလာသူ ၄ ဦးလုံးသေဆုံးခဲ့တယ်လို့ ခန့်မှန်းပေးမယ့် ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ခုတိုက်ခိုက်တဲ့ နေရာဟာ စစ်ကောင်စီတပ်သားတွေ စခန်းချထားတဲ့နေရာနဲ့ ၁ မိုင်ဝန်းကျင်သာ ဝေးတဲ့အပြင် တိုက်ခိုက်ပြီးနောက် နောက်ထပ်စစ်သားတွေက တပ်ကူရောက်လာတာကြောင့် ကာကွယ်ရေးရဲဘော်တွေအနေနဲ့ အမြန်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။ 

လက်ရှိအချိန်ထိ အဲ့ဒီနေရာမှာ စစ်ကားတွေရှိနေပြီး အခြေအနေအသေစိတ်ကိုတော့ စုံစမ်းလို့မရသေးဘူးလို့ တာဝန်ခံဘကျော်ကြီးက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ဇန်နဝါရီလ ၄ ရက်ကလည်း နတ်မောက်မြို့နယ်၊ ပန်းညိုကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဘိုသိန်းဆိုသူကို တိုက်ဒေါင်း - ပြည်သူ့တော်လှန်ရေးအင်အားစုက သေနတ်နဲ့ပစ်ခတ်ပြီး ရှင်းလင်းခဲ့ပါသေးတယ်။ 

သတင်း - ဒိန်းဂျား၊ စာတည်း - လင်း 

#မြေလတ်အသံ 



Comments

Popular posts from this blog

ဗုံးခွဲခံရတဲ့ ​Brave Bar နဲ့ စစ်ကောင်စီဘယ်လိုပတ်သက်နေတာလဲ

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ

ရန်ကုန်မှာ အဖမ်းအဆီးတွေ ပြန်များလာ

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်

ဖမ်းဆီးခံလိုက်ရ​သော အမျိုးသား ​ခေါင်းကွဲဒဏ်ရာဖြင့် ​ပျောက်ဆုံး​

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်

တိုက်လေယာဉ် အတက်အဆင်း သ တင်း များပေါက်ကြား၍ လေကြောင်းစစ်ဆင်ရေးများကို နေပြည်တော် အေလာ လေတပ်သို့ ပြောင်းရွှေ့

(NUG)People's government has right to stand in the world