ဘာတွေ့တွေ့မကောက်ဖို့လိုအပ်

ပုသိမ်တွင် မစ်ရှင်ဖော်ဆောင်မှု မအောင်မြင်လို့ ဘာတွေ့တွေ့ ပြည်သူတွေမကောက်ဖို့အတွက် ပြောက်ကျားတပ်ဖွဲ့သတိပေး 

ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၆ ရက် 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီ တပ်တွေ စစ်ဆေးရေးလုပ်တဲ့နေရာမှာ မစ်ရှင်တစ်ခု ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ပြည်သူတွေ သတိထားသွားလာဖို့အတွက် ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

မရမ်းချိုလမ်းဆုံမှာ စစ်ဆေးနေတဲ့ စစ်ကောင်စီ အုပ်စုကို အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ဖို့ စီစဥ်ခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့တာကြောင့် ခုလို အသိပေးရတာဖြစ်တယ်လို့ ပုသိမ်မြို့ပြပြောက်ကျား တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ 

'' အဲ့နားမှာ မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံးကျန်ခဲ့တယ်၊ ပြည်သူတွေအနေနဲ့လည်း ဘာပစ္စည်းပဲ အဲ့နေရာမှာ တွေ့တွေ့ မကောက်ဖို့ ပြောချင်ပါတယ်'၊ နောက်ပိုင်း ခုထက်ပိုကောင်းအောင်ကြိုးစားပါမယ်လို့ ပြည်သူတွေကို အသိပေးချင်ပါတယ်''လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။ 

စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့စီစဥ်ခဲ့ပေမယ့် နည်းပညာချို့ယွင်းမှုကြောင့် မအောင်မြင်ခဲ့လို့ နောက်ပိုင်း မစ်ရှင်တွေမှာ ခုထက်ပိုကောင်းအောင်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ 

'' မပေါက်သွားတဲ့အတွက် စိတ်မကောင်းဘူး၊ ညီမတို့က မလုပ်နိုင်ဘူး ဒါပေမယ့် လုပ်နိုင်တဲ့သူတွေ လုပ်တဲ့အခါ ဒီကောင်တွေကို ထိစေချင်တယ်၊ သေစေချင်တယ်၊ အားမလျော့ပါနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့အတူရှိနေပါတယ် ပြောချင်ပါတယ်''လို့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။ 

ပုသိမ်မြို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်၊ အရန်မီးသတ်တွေက ခုမစ်ရှင်ဖော်ဆောင်ဖို့စီစဥ်ထားတဲ့နေရာမှာ ညတိုင်းလိုလို သောက်စားပြီး ပြည်သူတွေကို စစ်ဆေးတာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ 

#ပုသိမ် #မစ်ရှင် #မအောင်မြင် #သတိပေး #မြို့ပြပြောက်ကျားတပ်ဖွဲ့ #Ayeyarwaddy_Times



Comments

Popular posts from this blog

​ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

​ရန်ကုန်မြို့နယ်အတွင်း ထပ်မံသတိထားဖွယ်ရာများ

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်