ရန်ကုန်မြို့လယ်ခေါင် ဆူးလေမီးပွိုင့်တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်သား အောင်စိုးထွန်းကို YBS ခရီးသည်တင်ယာဉ်က တက်ကြိတ်၍ သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၈  ခေတ်သစ်

ရန်ကုန်မြို့လယ်ခေါင် ဆူးလေမီးပွိုင့်တွင် ရဲတပ်သား အောင်စိုးထွန်းကို YBS ခရီးသည်တင်ယာဉ်က တက်ကြိတ်၍ သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်တချို့နှင့် ဖြစ်စဉ်ကို သိရှိသော သတင်းရင်းမြစ်တချို့၏ ပြောဆိုချက်အရ သိရှိရသည်။ 

ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စက်ဘီးစီးလာသော ရဲတပ်သား အောင်စိုးထွန်းက ရန်ကုန် မြို့လယ်ခေါင် ဆူးလေ မီးပွိုင့် မီးနီကို ဖြတ်မောင်းစဉ် မီးစိမ်းကို ဖြတ်မောင်းလာသော YBS 87 က ဖြတ်တိုက်မိပြီး တက်ကြိတ်မိကြောင်း၊ ရဲတပ်သား အောင်စိုးထွန်းသည် YBS ခရီးသည်တင်ယာဉ် အောက်ထဲသို့ ဝင်သွားပြီး ဆေးရုံတင်ပို့ခဲ့သော်လည်း သေဆုံးသွားကြောင်း၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ တွင် သဂြိုလ်ခဲ့ပြီး အောင်စိုးထွန်းသည် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်သားတစ်ဦးဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး ရဲတပ်သား အောင်စိုးထွန်းသည် မီးနီကို ဖြတ်မောင်း၍ ကား ကြိတ် ခံရခြင်းဖြစ်သော်လည်း အမှား ကျူးလွန်မှုမရှိသော YBS 87 ယာဉ်မောင်းကို ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်း အမှုဖွင့်ထားကြောင်း သိရှိရသည်။





Comments

Popular posts from this blog

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်