ရှေ့နေ ဒေါ်ရွက်နုအောင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ


ရှေ့နေ ဒေါ်ရွက်နုအောင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရတရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်အား တွေ့ရစဉ်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ အမှုလိုက် ရှေ့နေ ဒေါ်ရွက်နုအောင် ကို မန္တလေး အိုးဘိုထောင်တွင်း အထူးတရားရုံးကနေ ဒီဇင်ဘာ ၂၈ ရက် ဒီနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

“သူ့ (ဒေါ်ရွက်နုအောင်) ကို ၅၀ (ည) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချလိုက်တယ်။ ဒီနေ့ မန္တလေးအိုးဘိုထောင် အထူးတရားရုံးကနေ အမိန့်ချတာပါ။ ကျန်းမာရေးလည်း ကောင်းပုံရပါတယ်”

ဒေါ်ရွက်နုအောင်ဟာ မန္တလေးအခြေစိုက် ဒေသခံခုခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကို ငွေသုံးသိန်း ထောက်ပံ့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ မန္တလေးခရိုင်ရဲမှူးက တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာပါ။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) မှာတော့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်း တစ်ခုခုကို ငွေကြေးထောက်ပံ့ရင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တစ်သက်ထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးရှေ့နေ တစ်ဦးလည်းဖြစ်တဲ့ ဒေါ်ရွက်နုအောင်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင်၊ တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်တွေရဲ့ အမှုတွေကို အဖမ်းမခံရခင်က လိုက်ပါဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

နေပြည်တော်က နာမည်ကျော် သက်ငယ်မုဒိမ်းမှုဖြစ်တဲ့ ဗစ်တိုးရီးယားအမှုမှာလည်း ခံရသူ ကလေးငယ်ဘက်က ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့သူပါ။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်း တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကို ဆန့်ကျင်လို့ နိုင်ငံရေးအမှုတွေကို လိုက်ပေးနေတဲ့ ရှေ့နေတွေ အပါအဝင် ရှေ့နေ စုစုပေါင်း ၂၈ ဦး ဖမ်းဆီးခံထားရပါတယ်။

Comments

Popular posts from this blog

U.N. ကအာဏာသိမ်းမှုမအောင်မြင်စေရန်အတတ်နိုင်ဆုံး လုပ်ဆောင်မည်

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

(NUG)People's government has right to stand in the world

ဝဏ္ဏအောင်၊ မြောက်ဒဂုံကျဆုံး

တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတ

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)

စာရင်းစစ်ချုပ်ရုံးတွင် CDM ပြုလုပ်သူများနှင့် ထွက်ပြေးသူများရှိသောကြောင့် ဒုစာရင်းစစ်မှူးရာထူးလစ်လပ်နေရာ ၄၄၆ နေရာအတွက် ၀န်ထမ်းများခေါ်ယူနေရ

မတ် ၂၇ အပြီး PDF ကို မအလရှင်းနိုင်မှာလား?

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "