ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ထွက်လာသောရဲများကို တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး(ရုပ်သံ)


ရန်ကုန်၊ ဖေဖော်ဝါရီ ၇
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ထွက်လာသော ရဲများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ၅ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Moe Nyo Revolution Force – MNRF ထံမှ သိရသည်။
ယနေ့ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ခြေလျင်ထွက်လာသော ရဲ ၇ ဦးကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ ဦး နေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊
ရဲစခန်းအတွင်းမှ ၄၀ မမ ၄ လုံး၊ ၆၀ မမ ၂ လုံး၊ ၈၀ မမ ၂ လုံးဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Moe Nyo Revolution Force- MNRF ၊ Local Defence Force of Dragon နှင့် ဒေါင်းစစ်သည် Sagaing Region People Defence Forceတို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ထွက်လာသောရဲများကို တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး(ရုပ်သံ)





Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ