မြန်မာ့အရေး အဖွဲ့ကွဲခြင်းကို ရှောင်ရှားရန် အာဆီယံက တိုက်တွန်း



ဧရာဝတီ
အရှေ့တောင်အာရှနိုင်ငံများအသင်းမှ နိုင်ငံခြားရေးဝန်ကြီးများသည် နှစ်ရက်ကြာ ဆွေးနွေးပြီးနောက် တနှစ်တာ၏ ပထမဆုံးသော ဝန်ကြီးအဆင့်အစည်းအဝေးကို စနေနေ့တွင် ပြီးဆုံးသွားသည်။ အဖွဲ့ဝင်နိုင်ငံများသည်အကျပ်အတည်းဖြစ်ပွားနေသော မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင်စည်းလုံးမှုရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ က အာဆီယံသည် အဖွဲ့၏ ကျယ်ပြန့်သော ပံ့ပိုးကူညီမှုဖြင့် ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ မြန်မာစစ်တပ်က ခန့်အပ်ထားသော နိုင်ငံခြားရေး ဝန်ကြီးကို အစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ထားသည်။
ဒီအစီအစဉ်က အာဆီယံဥက္ကဋ္ဌအတွက် အထူးအရေးကြီးပါတယ်၊ မြန်မာနိုင်ငံက အခြေအနေတွေကို စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းဖို့ လမ်းညွှန်ချက်တခုအနေနဲ့ အာဆီယံအတွက် အလွန်အရေးကြီးပါတယ်” ဟု ရတ်နိုမာဆူဒီက အစည်းအဝေးအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။ “ဘုံသဘောတူညီချက်  ရပ်ကိုအကောင်အထည်ဖော်ဖို့ အာဆီယံအဖွဲ့ဝင်တွေက ခိုင်မာတဲ့ စည်းလုံးမှုကို ပြသကြပါတယ်” ဟုလည်း ၎င်းကပြောသည်။
ဘုံသဘောတူညီချက်  ရပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်မှ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် ဧပြီလ၌ ပြုလုပ်သော အဖွဲ့၏ အရေးပေါ် ထိပ်သီးအစည်းအဝေးတွင် သဘောတူညီခဲ့ပြီး အကြမ်းဖက်မှုများကို ရပ်တန့်ရန် တောင်းဆိုမှု ပါဝင်သည်။ .
အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ရတ်နိုမာဆူဒီသည် မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းမှုနှင့်ပတ်သက်၍ အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများအပေါ် စာတမ်းတင်ရာတွင် အရေးကြီးကြောင်း မီးမောင်းထိုးပြကာ “စည်းလုံးခြင်း” ဟူသော စကားလုံးကို ထပ်ခါတလဲလဲ အသုံးပြုခဲ့သည်။
မြန်မာစစ်တပ်နှင့် ခိုင်မာသော ဆက်ဆံရေးရှိသည့် ထိုင်းနိုင်ငံသည် ဒီဇင်ဘာလတွင် မြန်မာစစ်တပ်မှ ခန့်အပ်ထားသော နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရားဝင်မဟုတ်သော တွေ့ဆုံပွဲတရပ်ကို ကျင်းပခဲ့သည်။ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့ တက်ရောက်ခဲ့ပြီး အခြားအဖွဲ့ဝင်ငါးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းတို့ မတက်ခဲ့ကြပေ။
အာဆီယံနိုင်ငံတွေကြား ကုန်းကြောင်းနဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ကွာခြားမှုက ချဉ်းကပ်ပုံကို ကွာခြားမှု ဖြစ်စေပါတယ်” ဟု စင်ကာပူရှိ အာဆီယံလေ့လာရေးစင်တာမှ အကြီးတန်းလုပ်ဖော်ကိုင်ဖက်နှင့် ညှိနှိုင်းရေးမှူးSharon Seah က Nikkei Asia သို့ ပြောကြားခဲ့သည်။ “ထင်ရှားတာက ထိုင်းနိုင်ငံရဲ့ အစပျိုးမှုဟာ အဲဒီကွာဟချက်ကို တံတားထိုးဖို့ ကြိုးစားတာပါ၊ ဒါပေမယ့် ကွာဟချက်က ပိုကွာဟသွားပြီး နောက်ပြန်ဆုတ်သွားတယ်လို့ ယူဆနိုင်ပါတယ်” ဟုလည်း ပြောသည်။
မြန်မာအရေးအပြင် တောင်တရုတ်ပင်လယ်အငြင်းပွားမှုနှင့် အာဆီယံအသင်းတွင် အရှေ့တီမော၏ ပါဝင်ဆောင်ရွက်ရေး အစီအစဉ်များကိုလည်း ထည့်သွင်းထားသည်။ အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီးကို လေ့လာသူအဖြစ် ပထမဆုံးအကြိမ် အစည်းအဝေးသို့ စေလွှတ်ခဲ့သည်။ အာဆီယံခေါင်းဆောင်များသည် အရှေ့တီမောကိုအဖွဲ့၏ ၁၁ ယောက်မြောက် အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုကာ လေ့လာသူအဆင့်ကို ပေးအပ်ရန် နိုဝင်ဘာလတွင်သဘောတူခဲ့သည်။
တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်ထပ်နေသည့် ပိုင်နက်တောင်းဆိုမှုများကို ကိုင်တွယ်ဖြေရှင်းရန် ကျင့်ဝတ်ဆိုင်ရာ “တတ်နိုင်သမျှ အမြန်ဆုံး” နှင့် ဆွေးနွေးမှု အပြီးသတ်ရန် ဝန်ကြီးများသည် အဖွဲ့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်။
ကိုးကား။  Nikkei Asia

Comments

Popular posts from this blog

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

အထက်မင်းလှမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် နှစ်ဦးသေ

ရှားတောမြို့စစ်ကောင်စီဗျူဟာကုန်း ရိက္ခာသယ်ယာဥ်တိုက်ခိုက်ခံရပြီး ၅ဦးသေ၊ အများအပြားဒဏ်ရာရ

​အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်။

ရုပ်ရှင်ရုံတွေပြန်ဖွင့်တော့မယ်တဲ့

​ယူကရိန်း ရုရှားအရေး စစ်နှုတ်ခမ်းက မငြိမ်းချမ်းတဲ့ကမ္ဘာ

မအလ ကြပ်ရောပြည့်ရဲ့လား နှီးကြောစာမိမယ်

ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်