စစ်အုပ်ချုပ်ရေး ကြေညာထားသော မြောင်မြို့နယ်နှင့် မြင်းမူ မြို့နယ် တို့တွင် ပျူစောထီး အဖွဲ့ ဖွဲ့စည်းနိုင်ခြင်းမရှိတော့ဘဲ အင်အားစုဆောင်းမရသဖြင့် စစ်ကောင်စီ အခက်တွေ့နေ


ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ခေတ်သစ်
စစ်ကိုင်းတိုင်းအတွင်းရှိ  စစ်အုပ်ချုပ်ရေး ကြေညာထားသော မြောင်မြို့နယ်နှင့် မြင်းမူမြို့နယ်တွင် စစ်ကောင်စီက ပြည်သူ့စစ်ခေါ် ပျူစောထီး အဖွဲ့များ ဖွဲ့စည်းရန် ကြိုးစားသော်လည်း အောင်မြင်မှုမရှိဘဲ အင်အားစုဆောင်းမရတော့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနအတွင်း တင်ပြစာအရ သိရှိရသည်။ 
စစ်ကိုင်းတိုင်းအတွင်းရှိ မြင်းမြို့နယ်တွင် ပြည်သူ့စစ်(ခေါ်) ပျူစောထီး အဖွဲ့များ ဖွဲ့စည်းရန် အမာခံသတင်းပေးများနှင့် စိတ်ပါဝင်စားသူများကို ကြိုတင်စည်းရုံးရယူထားပြီးဖြစ်သော်လည်း လက်ရှိ အခြေအနေတွင် ၎င်းတို့မှာ အခြေားဒေသများသို့ တိမ်းရှောင်ထွက်ခွာခြင်းများရှိသဖြင့် ပျူစောထီးများ မဖွဲ့စည်းနိုင်ကြောင်း၊ တရားဝင် ဖွဲ့စည်းကြိုးစားသွားမည် ဖြစ်ကြောင်း တင်ပြထားသည်။
အလားတူ မြောင်မြို့နယ်အတွင်းတွင်လည်း ကျေးရွာပြည်သူများ နေထိုင်ခြင်းမရှိသဖြင့် ပြည်သူ့စစ်(ခေါ်) ပျူစောထီးများ ဖွဲ့စည်းရန် အင်အား မရှိ၍ အခက်အခဲများ ရှိနေကြောင်း၊ လက်ရှိတွင် ပျူစောထီး ဖွဲ့စည်းလိုသော ကျေးရွာမရှိကြောင်း၊ စစ်ကိုင်းတိုင်းမြို့နယ်တွင် ပြည်သူ့စစ်ဖွဲ့စည်းလိုသော ကျေးရွာများရှိကြောင်း စာရင်းနှင့်တကွ တင်ပြထားသည်။ 
"အခုက ပျူစောထီး အဖြစ် လုပ်ကြတဲ့ ရွာတွေကိုလည်း PDF တွေ ၀ိုင်းရံထားတော့ ရွာထဲကတောင် သူတို့ မထွက်ရဲဘူး။ တချို့ ပျူစောထီး ရွာတွေလည်း စားနပ်ရိက္ခာတွေ ပြတ်တောက်တော့ လက်နက်ချပါမယ်ဆိုပြီး PDF ဆီမှာ အလင်းဝင်တာတွေ ရှိတယ်။ စစ်တပ်ကလည်း ရဟတ်ယာဉ်နဲ့ အင်အားချ ရိက္ခာချပေးပြီးရင် ကုန်းလမ်းက မသွားရဲတော့ အမြဲလည်း ရိက္ခာ လူသူ မထောက်ပံ့နိုင်ဘူး။ စစ်တပ်ကိုယ်တိုင်က ဒီစစ်ကိုင်းတိုင်း မြောင်၊ မြင်းမူနဲ့ အခြားမြို့နယ်တွေမှာ သူတို့အသက် သူတို့ ရှာကြံမွေးနေရတာ ပျူစောထီးတွေကိုလည်း လုံခြုံရေးမပေးနိုင်ဘူး။ အဲဒီလို အခြေအနေတွေကြောင့် ပျူစောထီးတွေ လုပ်မယ့်သူမရှိတော့ဘဲ အကုန်ထွက်ပြေးကုန်ကြတာပါ" ဟု စစ်ကိုင်းခရိုင် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 
အကြမ်းဖက်စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသော စစ်ကိုင်းတိုင်း၊ မြို့နယ် ၁၁ မြို့နယ်မှာ ပျူစောထီးများ ဖွဲ့စည်းနိုင်မှု မရှိခြင်း၊ ရှိရင်းစွဲ ပျူစောထီးများ ထွက်ပြေးနေကြခြင်းတို့ကြောင့် လုံခြုံရေးအရ ထိန်းချုပ်ရန် မဖြစ်နိုင်တော့ဘဲ စစ်တပ်က လက်လွှတ်နေရသည့် မြို့နယ်များ ဖြစ်ကြောင်း သိရှိရသည်။ 













Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်