ဖက်ဒရယ်အရေးလက်တွဲဆောင်ရွက်ကြရန် SSPP နှင့် NMSP တို့ကို ယာယီသမ္မတကြီး ဖိတ်ခေါ်

သတင်း ပြည်တွင်း By ရွှေနွယ် 07 February 2023


မဇ္ဈိမ။ ။ဖက်ဒရယ်ဒီမိုကရေစီကပြည်ထောင်စုတည်ဆောက်ရေး အတူလက်တွဲဆောင်ရွက်ကြရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့ကို အမြဲဖိတ်ခေါ်လျက်ရှိကြောင်း NUG  ယာယီသမ္မတကြီးက ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  /၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတကြီး ဒူဝါလရှီးလက ထိုသို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ  ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ရဲ့ထုတ်ပြန်ချက်အရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုလိုလားတဲ့အင်အားစုတွေနဲ့ လက်တွဲချိတ်ဆက်မယ့်အကြောင်းထုတ်ပြန်ခဲ့ပြီး တဆက်တည်း မှာပဲ မွန်ပြည်သစ်ပါတီမှ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေကို အသိအမှတ်ပြုလျက်တိုင်းပြည်ရဲ့ အနာဂတ်ဖက်ဒရယ်အရေးအတွက် အတူလက်တွဲဆောင်ရွက်နိုင်ဖို့ကို မိမိတို့အစိုးရအနေဖြင့် အမြဲဖိတ်ခေါ်လျက်ရှိပါတယ်” ဟု ယာယီသမ္မတကြီးကပြောသည်။
မွန်ပြည်သစ်ပါတီ(NMSP)က ဖေဖော်ဝါရီလ  ရက်နေ့တွင်ကျရောက်ခဲ့သော (၇၆ကြိမ်မြောက် မွန် အမျိုးသားနေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ခြင်းလည်းမရှိ၊ ဖြေရှင်းရန်နည်းလမ်းရှာကြံခြင်းမပြုဘဲ ရွေးကောက်ပွဲသစ်တစ်ခုကျင်းပရန်အားထုတ်နေခြင်းမှာ ရလဒ်ကောင်းမရရှိနိုင်သည်သာမက သွေးထွက် သံယိုမှုပိုများသည့်ပဋိပက္ခကိုသာဦးတည်နိုင်သည် ” ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဖေဖော်ဝါရီလ  ရက်နေ့ကပြုလုပ်ခဲ့သည့် တိုးချဲ့ဗဟို ကော်မတီမျက်နှာစုံညီ(နှစ်ချုပ်)အစည်းအဝေးထုတ်ပြန်ချက်၌ “ဖက်ဒရယ် ဒီမိုကရေစီဖြစ်ရန် ဖက်ဒရယ် နှင့် ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် လက်တွဲ ကြိုးပမ်းသွားမည်” ဟုဖော်ပြထားသည်။
NUG  ယာယီသမ္မတကြီးကလည်း “စစ်ကောင်စီကိုတွန်းလှန်နိုင်ရန် ပြည်တွင်းအင်အားစုတွေအကြား ညီညွတ်မှုသည် အင်အားတရပ်ဖြစ်သကဲ့သို့ စုစည်းမှု၊ ညီညွတ်မှုနှင့် လက်တွေ့ကျသောပူးပေါင်းမှုများ တည်ဆောက်ရန်လိုအပ်ကြောင်း” ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် အစည်းအဝေးသို့တက်ရောက်ခဲ့ကြသည့် ကတ်ဘိနက်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီး များအနေဖြင့် တိုင်းရင်းသားအရေး၊ မဟာမိတ်ချိတ်ဆက်မှုအပိုင်းတို့ကို ဦးစားပေးဆောင်ရွက်ရန်လည်း သမ္မတကြီးမှတိုက်တွန်းခဲ့သည်။
စာတည်း   Alden
စာမူတည်းဖြတ်။ ။စောဖေ


Comments

Popular posts from this blog

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ

Keppel Land သည် မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်းကို ကန်ဒေါ်လာ ၇၇ သန်းဖြင့် နုတ်ထွက်ခဲ့

မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ

တပ်မ ၃၃ ၊ တပ်မ၇၇ ဒရုန်းပစ်မှတ်များဖြစ်လာပါပြီ

နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။

မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "