သန်လျင်တွင် စစ်ကောင်စီ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ပေးသည့် ပညာရေး၀န်ထမ်းများ၏ နေ့စားခကို မြို့နယ်ထွေအုပ်ရုံးမှ မပေးဘဲ ဖြတ်စားထားဟုဆို

ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၉ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း စစ်ကောင်စီ ရွေးကောက်ပွဲအတွက်  လူဦးရေ စာရင်းများကောက်ယူရာတွင် ပညာရေး၀န်ထမ်းများဖြစ်သည့် ဆရာ၊ဆရာမများကို ဇန်နဝါရီလမှစတင်၍ ခိုင်းစေခဲ့ပြီး နေ့စားခ တစ်နေ့လျှင် ၄၈၀၀ ကျပ် ပေးမည်ဟုဆိုကာ ယနေ့အထိ မြို့နယ်ထွေအုပ်ရုံးမှ မပေးသေးကြောင်း မြေပြင်တွင် ပါ၀င်ဆောင်ရွက်ခဲ့သည့် ဆရာမတစ်ဦးထံက သိရသည်။  
စစ်ကောင်စီသည် တိုင်းနှင့်ပြည်နယ်များ၏ မြို့နယ်အသီးသီးတွင်ရှိသည့် လူဦးရေ စာရင်းများကို ယခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ လိုက်လံကောက်ယူစေခဲ့ပြီး ပညာရေး၀န်ထမ်းများ၊ ထွေအုပ်ရုံး၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်း စာရင်းကောက်ယူမှုများပြုလုပ်ခဲ့ကြသည်။
"မြေပြင်မှာ လိုက်လံကောက်ယူရတာ အန္တရာယ်ကြားထဲမှာ။ စာလည်းသင်ရ၊ ကောက်ယူတဲ့ အခါမှာလည်း တိုက်ခိုက်ခံရနဲ့။ ခုဆို ရှေ့လထဲကနေ ခုထိ ၂၂ ရက်ရှိပြီ နေ့စားခတွေမပေးဘူး။ မရကြဘူး။ တစ်နေ့ ၄၈၀၀ ပေးမယ်လို့ အစိုးရ(စစ်ကောင်စီ)က ညွှန်ကြားထားတာပါ" ဟု စစ်ကောင်စီ၏ ပညာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူ အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထိုသို့ကောက်ယူသူများကို နေ့စားခအဖြစ် တစ်နေ့လျှင် ၄၈၀၀ ကျပ် ပေးမည်ဟု စစ်ကောင်စီအစိုးရက ညွှန်ကြားထားပြီး ယနေ့အချိန်ထိ မြို့နယ်ထွေအုပ်ရုံးမှ နေ့စားခများကို ပေးခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ သန်လျင်မြို့နယ်ထွေအုပ်ရုံးသို့ ဧရာ၀တီတိုင်းမ်မှ ဆက်သွယ်ခဲ့ရာတွင် ဖြေကြားလိုခြင်းမရှိကြောင်း ပြောဆိုသည်။
စစ်ကောင်စီ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူမှု ၁၃ဒဿမ၅ သန်းကျော်ပြီးစီးခဲ့ပြီး ထပ်မံကောက်ယူရန် ၁,၇၀၀,၀၀၀ (တစ်သန်းခုနစ်သိန်း) ကျော်ကျန်ရှိ နေသေးကြောင်း စစ်ကောင်စီလက်အောက်ခံ လူ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား၀န်ကြီးဌာနက သိရသည်။
#Ayeyarwaddy_Times


Comments

Popular posts from this blog

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ