ယူကရိန်းကိုပေးမဲ့ အမေရိကန်အဝေးပစ်လက်နက်ကို လျှော့မတွက်ဖို့ ရုရှားအာကာသ အေဂျင်စီအကြီးအကဲဟောင်းက သတိပေး

၈/၂ Burma News Network 
ယူကရိန်းကို ပေးပို့မဲ့ အမေရိကန်စစ်လက်နက်အကူအညီအသစ်ထဲက GLSDB အဝေးပစ်ပဲ့ ထိမ်းဒုံးကျည်ဗုံးတွေဟာ အန္တရာယ်အလွန်များကြောင်း ရုရှားအာကာသအေဂျင်စီ အကြီးအကဲ ဟောင်း ဒီမီထရီ ရိုဂိုဇင်က သတိပေးပြောဆိုလိုက်ပါတယ်။ 
အမေရိကန်နဲ့ ဆွီဒင် ပေါင်းစပ်ထုတ်လုပ်ထားတဲ့ အဆိုပါ အဝေးပစ်ဒုံးကျည်တွေဟာ ရုရှား ရေဒါတွေကို အလွယ်တကူ ရှောင်ရှားနိုင်သလို ပေါက်ကွဲစေတတ်တဲ့ ထိပ်ဖူးထုထည်ဟာ ကြီးမားတယ်လို့လည်း ရိုဂိုဇင်က ဆိုပါတယ်။ တပ်ဆင်ထားတဲ့နည်းပညာအရ ရုရှားလေကြောင်းရန်ကာကွယ်ရေးရေဒါတွေအနေနဲ့ GLSDB ဒုံးကျည်ဗုံးတွေလာတာကို ကြိုတင်ထောက်လှမ်း နိုင်စွမ်းမရှိပဲ အနီးရောက်မှ သိနိုင်လိမ့်မယ်လို့လည်း ရိုဂိုဇင်က ပြောပါတယ်။ 
တန်ဖိုးကြီးတဲ့ လက်နက်ကြီးအခြေစိုက်စခန်းတွေ ရေဒါစခန်းတွေကို တန်ဖိုးနည်းနည်းနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်အောင် ထုတ်လုပ်ထားတဲ့ ဒုံးကျည်အမျိုးအစားဖြစ်ပြီး တန်ဖိုးကျသင့်ငွေ ဒေါ်လာ ၄ သောင်းပဲ ရှိတာမို့ အရေအတွက် များများပေးနိုင်မဲ့အခြေအနေရှိတယ်လို့လည်း ရိုဂိုဇင်က ဆိုပါတယ်။ 
GLSDB ဒုံးကျည်ဗုံးကို ဘယ်စစ်မြေပြင်မှာမှ အသုံးမပြုဘူးသေးပဲ ယူကရိန်းမှာ စတင်အသုံးပြုမှာမို့ ပိုပြီး သတိထားဖို့လိုတယ်လို့လည်း ရိုဂိုဇင်က ပြောပါတယ်။  ယူကရိန်းတပ်တွေက ဘယ်လို ဒုံးပစ်စင်နဲ့ ပစ်ခတ်မယ်ဆိုတာ မသိရသေးသလို ဘယ်အချိန်မှာ လက်တွေ့အသုံးပြုနိုင်မယ်ဆိုတာ မသိသေးဘူးလို့လည်း ရိုဂိုဇင်က ဆိုပါတယ်။ ပုံမှန်အားဖြင့် လက်တွေ့ပစ်ခတ်အသုံးပြုဖို့ လချီကြာတတ်တာမို့ ရုရှားတပ်တွေအနေနဲ့ အခုကတည်းက ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားဖို့လိုမယ်လို့လည်း ရိုဂိုဇင်က သူ့လူမှုကွန်ယက်ပေါ်ကနေ သတိပေးရေးသားထားပါတယ်။




Comments

Popular posts from this blog

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

အထက်မင်းလှမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် နှစ်ဦးသေ

ရှားတောမြို့စစ်ကောင်စီဗျူဟာကုန်း ရိက္ခာသယ်ယာဥ်တိုက်ခိုက်ခံရပြီး ၅ဦးသေ၊ အများအပြားဒဏ်ရာရ

​အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်။

ရုပ်ရှင်ရုံတွေပြန်ဖွင့်တော့မယ်တဲ့

​ယူကရိန်း ရုရှားအရေး စစ်နှုတ်ခမ်းက မငြိမ်းချမ်းတဲ့ကမ္ဘာ

မအလ ကြပ်ရောပြည့်ရဲ့လား နှီးကြောစာမိမယ်

ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်