အသံတိတ် သပိတ်နေ့ နံနက် ၃ နာရီမှစ၍ စစ်တပ်နှင့်ရဲများ လုံခြုံရေး ယူမည် ဖြစ်ပြီး မြို့နယ် အားလုံး တွင် စစ်တပ်ထောက်ခံပွဲများဖြင့် လှည့်လည်မည်

၊ ဇန်နဝါရီ ၃၁ ခေတ်သစ်

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် စစ်အာဏာရှင် တော်လှန်ရေး  အသံတိတ် သပိတ် ပြုလုပ်မည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၃ နာရီမှစတင် ၍ စစ်တပ်နှင့်ရဲမျးက မြို့ပေါ် လုံခြုံရေး ကင်းပတ်ကြမည်ဖြစ်ကြောင်း ရဲဘက် သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 

ရန်ကုန် အပါအဝင် မြို့ကြီးအားလုံးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၃ နာရီ မှ စတင်၍ အသင့်အနေအထားဖြင့် လုံခြုံရေး ယူရမည်ဖြစ်ပြီး ကင်းပုန်းများ ချ ထား မည်ဖြစ်ကြောင်း၊ ထို့ပြင် စနိုက်ပါ စစ်သားများကိုလည်း အထပ်မြင့် တိုက် တာများတွင် ချထားပြီး အဓိကအားဖြင့် စစ်တပ်ထောက်ခံပွဲပြုလုပ်မည့် ရန် ကုန် မြို့တော်ခန်းမရှေ့တွင် ပတ်ပတ်လည်ကို စနိုက်ပါ စစ်သားများ ယခုညက တည်းက ချထားကြောင်း သိရှိရသည်။ 

ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် ထောက်ခံကြိုဆိုပွဲများကို ကျင်းပမည်ဖြစ်ပြီး  စစ်မှုထမ်းဟောင်းအဖွဲ့ ၊ ပျူစောထီး(ခေါ်) ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ မဘသနှင့် အမျိုးသားရေး အဖွဲ့ များက မြို့နယ် ထွေ/အုပ်ရုံးများတွင် စုစည်းကြမည်ဖြစ်ကြောင်း၊ နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီအတွင်း ကားများဖြင့် ရန်ကုန်မြို့အနှံ့ မြို့နယ်များ အလိုက် နေရာများခွဲ၍ လှည့်လည်ကြမည်ဖြစ်ကြောင်း သိရှိရသည်။ 

"မြို့နယ် သံဃာအဖွဲ့ဝင်တချို့ပါမယ်။ ရပ်ကွက်အုပ်ကြီးတွေ ရာအိမ်မှုး ဆယ် အိမ် မှူးတွေ ထွေအုပ်၊စည်ပင် ယောက်ျားလေးဝန်ထမ်းတွေကို အရပ်ဝတ်စုံ တွေနဲ့ လူစုခိုင်းထားတယ်။  အိမ်စီးကားမျိုးစုံလည်းအသင့်စုစည်းခိုင်းထား ပြီး  အသံတိတ်သပိတ် လုပ်မယ့် နံနက်၁၀ ​နာရီနဲ့ညနေ ၃နာရီကြား ကားတွေနဲ့ လမ်းမ တွေပေါ်လှည့်သွားဖို့ ညွှန်ကြားချက်တွေ ထွက်လာတယ်။ စစ်တပ်နဲ့ ရဲက လုံခြုံရေးပေးမယ်။  ကားတွေပေါ်မယ် မိမိကိုယ်ကို ကာကွယ်ဖို့ တုတ်၊ဓား၊ လေးခွ များဆောင်လာဖို့လည်း မှာထားကြတယ်"ဟု မရမ်းကုန်းမြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

ရန်ကုန်မြို့လယ်ခေါင်တွင် ပြုလုပ်သည့် စစ်တပ် အာဏာသိမ်းမှု ထောက်ခံကြို ဆိုပွဲ ၂ နှစ်ပြည့် အခမ်းအနားကိုလည်း မြို့နယ်များမှ ကားနှင့်လူများ  သွား ရောက် ပူးပေါင်း ကြမည်ဖြစ်ကြောင်း သိရှိရသည်။  

ဓာတ်ပုံ- ရန်ကုန်တွင် ကျင်းပခဲ့သည့်  စစ်တပ်ထောက်ခံပွဲ တစ်ခုမြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

Photo- AP



ရန်ကုန်.နေပြည်တော်နှင့်မန္တလေးအပါအဝင်တိုင်းမြို့ကြီးနှင့်မြို့နယ်များအားလုံးရှိဌာနဆိုင်ရာဝန်ထမ်းများအားမနက်ဖြန်အရပ်ဝတ်နဲ့ နံနက် ၁၀ နာရီမှ ညနေ  နာရီအထိသက်ဆိုင်ရာရုံးများအရှေ့နှင့်လမ်းများပေါ်တွင်ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်စေထားကြောင်းနှင့်လမ်းမလျှောက်သောဝန်ထမ်းများအားထိထိရောက်ရောက်အရေးယူမည်ဟုညွှန်ကြားထားကြောင်းရန်ကုန်ဝန်ထမ်းအသိုင်းအဝန်းမှဖုန်းဆက်ပြောဆို

(အင်တာနက်သတင်း)



Comments

Popular posts from this blog

KNUနယ်မြေတွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၄၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၈၀ကျော် သေဆုံးဟု ထုတ်ပြန်

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း

ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော

ဘုရား ကျောင်း ရဟန်း ဒါယကာကြီး KTV မှာအသတ်ခံရ

သပွတ်အူနိုင်ငံတော်

ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

ဗန်ကူးဗားမှာဟန်လေးရဲ့ fundraising ပွဲ

လေတပ် နှစ်ပတ်လည်နေ့တွင် ရုရှားလေယာဉ်မှူးများဖြင့်သာ SU-30 လေယာဉ်သစ်များကို မောင်းနှင်ပျံသန်းခိုင်း

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ