ဆယ်-ကွတ်ခိုင်၊ သပိတ်ကျင်း၊ ယင်းမာပင်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများပြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ခေတ်သစ်


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်-ကွတ်ခိုင် နယ်စပ်၊ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တို့တွင် ယနေ့တိုက်ပွဲများဖြစ် ပွားပြီး စစ်ကောင်စီဘက်မှ သေဆုံးမှု များပြားကြောင်း ဒေသကာကွယ်ရေးတပ် များထံမှ သိရှိရသည်။ 


မူဆယ်-ကွတ်ခိုင်နယ်စပ် တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးသူများသော ကြောင့် တိုက်လေယာဉ် ဖြင့် ဗုံးကျဲ

=========================================


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်နှင့်ကွတ်ခိုင်မြို့နယ်အစပ် တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ အရာရှိကြီးများသေဆုံးနေပြီး အကြမ်းဖက်စစ်ကောင်စီလေတပ်မှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက် ခိုက်နေကြောင်းKIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။ 


ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် နံနက်  နာရီခန့်မှ စ၍ ကချင်လွတ်မြောက်ရေးတပ်မတော် KIA  တပ်မ ဟာ ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် တပ်မ ၉၉ လက် အောက်ခံတပ်ဖွဲ့များနှင့် မူမြို့ဆယ်မြို့နယ် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များကို KIA တပ်ဖွဲ့မှ ခုခံတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်တပ်မှအရာရှိများအပါအဝင် အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။


ထိုသို့ အကြမ်းဖက်စစ်တပ်မှ အရာရှိကြီးများ သေဆုံးသည်အထိ ကျရှုံးနေသ ဖြင့် နေ့လည် ၁၂ နာရီ  မိ နစ် တွင်တံတားဦးလေဆိပ်မှ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးဖြင့်  နာရီခွဲ အထိ  ကြိမ်လှည့် ပတ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ နေ့လည်  နာရီ ၄၆ မိနစ်တွင်လည်း မြစ်ကြီး မြို့ လေတပ်စခန်းမှ တိုက် လေယာဉ်တစ်စီးပျံတက်လာပြီး နာရီ ၅၆ မိနစ်မှ စတင်ကာ ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း၊ တံတား ဦး လေဆိပ်မှလည်း ညနေ  နာရီ ၅၈ မိနစ်တွင်ဂျက်ဖိုက်တာတိုက်လေယာဉ် တစ်စီး ထပ်မံတက်လာ ကာ  နာရီ ၂၂ မိနစ်တွင်ထပ်မံဗုံး ကျဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။


အဆိုပါအကြမ်းဖက်စစ်တပ်သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စတင်ပြီး စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ ညနေ နာရီ ၄၅ မိနစ်တွင် KIA တပ်နှင့်စတင်တိုက်ပွဲဖြစ်ခဲ့ရာ သေဆုံးသွားသော ရာထူးကြီးသူများကို ပလပ်စတစ်အုပ်ကာLight Truck ကားဖြင့်  သယ်ယူသွားကြောင်း၊ ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက် နေ့ကလည်း တိုက်ပွဲအတွင်းသေဆုံးသွားသော စစ်သားအရာရှိကြီးများကို 4 Wheel ကား  စီးဖြင့် သယ် ဆောင်သွားကြောင်း သိရသည်။


တိုက်ပွဲအတွင်း သေဆုံးသွားသော လက်အောက်ငယ်သား စစ်သားအလောင်းများမှာ သယ်ယူ ခြင်းမခံရ ပဲ စုပုံလျက်ရှိကြောင်းနှင့် KIA တပ်ဖွဲ့မှ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ မသိရသေးပေ။


မြတောင်တိုက်ပွဲသို့ စစ်ကူလာသော စစ်ကား တစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ

========================================


မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊  မိုင် ကျေးရွာမှ ထီးချိုင့်မြို့နယ်၊ မြတောင် ကျေးရွာအထက်ဘက်တွင် ဖြစ်ပွားနေသော တိုက်ပွဲသို့ စစ်ကူပေးရန် ထွက်လာသော စစ်ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် သားများ ထိခိုက်သေဆုံးနိုင်ကြောင်း တကောင်း PDF မှ သတင်းနှင့်ပြန် ကြား ရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယနေ့ဖေဖော်ဝါရီလ ၁၅ ရက် ညနေ  နာရီ မိနစ် ၂၀ ခန့်တွင် အင်အား ၄၀ ခန့်ဖြင့် စစ်ကူပေးရန် ထွက် လာသော  အကြမ်းဖက်စစ်သားများလိုက်ပါလာသည့်  ၁၂ ဘီးကားတစ်စီးကို သစ်တပင်ကျေးရွာ အနီး အရောက် ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့မှ ရှေ့ ထွက်မိုင်း  လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကား ကို ထိထိမိမိထိမှန်ပြီးအကြမ်းဖက်စစ်သား များထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။


မိုင်းဆွဲလိုက်တဲ့ အချိန် ကားက ထိုးရပ်သွားတယ်၊ ထိုးရပ်သွားတဲ့အချိန် ကွက် တိပဲ မိုင်းက ဘော်ဒီကို ထိသွားတာ၊စစ်ခွေးသေဆုံးထိခိုက်နိုင်ပေမယ့် အတိ အကျမသိရသေးဘူး၊ မြတောင်အထက်ဘက် တိုက် ပွဲကို စစ်ကူသွားတဲ့ကားပါ၊ အဲဒီအထိတော့ ကားကမရောက်နိုင်ဘူး၊ နီကယ်စက်ရုံလောက်ပဲ ရောက်မှာ၊ မြတောင်တိုက်ပွဲအခြေအနေကတော့ မသိရသေးဘူး” ဟု တကောင်း PDF မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


အဆိုပါတိုက်ခိုက်မှုကို  တကောင်း ပကဖ နှင့် Special 9-HPDF ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းများ တွေ့ရှိပါက အချိန်မှီ သတင်းပို့ ပေးပါ ရန်၊ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းများနှင့် ဝေးဝေးမှ သွားလာနေထိုင်ကြရန် တကောင်း ပကဖ က သတိပေးထားသည်။


ယင်းမာပင်မြို့ပေါ်ရှိ စစ်တပ်စခန်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်သား  ဦး သေ ဆုံး

===========================================


စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား  ဦးသေဆုံးပြီး  ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း  Chindwin Toe Na Yar တပ်ဖွဲ့ထံမှ သိရသည်။


ဖေဖော်ဝါရီလ ၁၃ ရက်  ၁၁ နာရီ ၄၅ မိနစ်တွင် ယင်းမာပင်မြို့ပန်းခြံ၊ ရဲစခန်း၊ စုပေါင်းရုံးတို့တွင် တပ် စွဲနေရာယူထားသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမလက်နက်ကြီးများဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား  ဦးသေဆုံးပြီး  ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၉  Chindwin Toe Na Yar PDF   Real Hero  Jungle Hunter Revolution Force   Tritle Two တပ် ဖွဲ့ တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး   နာရီအထိ ကြာမြင့်ခဲ့ကြောင်းသိရသည်။


ဓာတ်ပုံ- KIA တပ်ဖွဲ့ဝင်များ။



Comments

Popular posts from this blog

မိန်းမပျိုများကို နေပြည်တော်ရှိ စစ်ကောင်စီတပ်မှ အရာရှိများအား ပြုစုရန် အဓမ္မ စေလွှတ်ခံနေရ

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ပဲခူးတိုင်း မြို့နယ်အချို့တွင် စစ်ကောင်စီက VPN စစ်ဆေးမှုအကြောင်းပြ ငွေညှစ်နေ

အလုံမြို့နယ်တွင် စစ်ကောင်စီတပ်က အသက် ၄ နှစ်အရွယ် ကလေးငယ်ကို မူကြိုကျောင်းအတွင်း ဝင်ရောက် ဖမ်းဆီး

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်