အချိန်မရွေး လေကြောင်းတိုက်ခိုက်မှုများ ရှိလာနိုင်၍ ပြည်သူများ သတိထားကြရန် လိုအပ်

ချင်း၊ ကရင်နီ၊ ကချင်နှင့် ကရင်ပြည်နယ် တို့ကို လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်သည့်  အထူးစစ်ဆင်ရေးစတင်၊ နေ့ရော ညပါ  အချိန်မရွေးလေကြောင်းတိုက်ခိုက်မှုများ ရှိလာနိုင်၍ ပြည်သူများ သတိထားကြရန် လိုအပ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ခေတ်သစ်


အကြမ်းဖက်စစ်ကောင်စီက ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်သည့်   အထူးစစ် ဆင်ရေးတစ်ရပ်ကို စတင်နေပြီဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောသည်။ 


ဖေဖော်ဝါရီလ ၁၄ ရက်နေ့ညပိုင်းမှစတင်၍ ကချင်၊ ချင်း၊ ကရင်ပြည်နယ်ဘက်သို့ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ပုသိမ်လေတပ်၊ နမ့်စန် လေတပ်၊ နေပြည်တော် အေလာ လေတပ်၊ မန္တလေးတံတားဦးလေတပ်၊ မှော်ဘီ လေတပ်မှ တိုက်လေယာဉ်များ ယမန်နေ့ ညပိုင်း တစ်ပြိုင်နက်တည်း ပျံသန်း ဗုံးကျဲမှုများ လုပ်ဆောင် ခဲ့ကြောင်း သိရှိရသည်။ 


"နေ့ရော ညပါ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တာတွေရှိလာနိုင်တာမို့ သတိထားကြစေချင်ပါတယ်။ အထူးစစ်ဆင်ရေး ဖြစ်လို့ အကြိမ်ရေများစွာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိပါလိမ့်မယ်ဟု လေတပ်သတင်းရင်းမြစ်ကပြောသည်။ 


မင်းအောင်လှိုင်က PDF နှင့် ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ  ကြီးထွား ဖြစ်ထွန်းလာမှု၏ ရေသောက်မြစ်သည် တိုင်း ရင်းသား လက်နက်ကိုင် တော်လှန်ရေး EROsတပ်ဖွဲ့များကြောင့်ဖြစ်ပြီး အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်များကို အမြစ်ဖြတ် အင်အားချိနဲ့စေရေး လုပ်ဆောင်နိုင်မှသာလျှင် PDF တပ်များနှင့် ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရှင်သန်နေမှုကို ဖြတ်တောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လေကြောင်း တိုက်ခိုက်မှုနှင့်အထူးစစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။ 


စစ်ကောင်စီက CNA-CDF တပ်များ အခြေစိုက်ရာ ချင်းပြည်နယ်ရှိ ဌာနချုပ်နှင့် တပ်နေရာများကိုလည်းကောင်း၊KIA တပ်များ အခြေစိုက်ရာ ကချင်ပြည်နယ်ရှိ ဌာနချုပ်နှင့်တပ်နေရာများ ကိုလည်းကောင်း၊ KNU တပ်များ တည်ရှိရာ ကရင်ပြည်နယ်ရှိ ဌာနချုပ်နှင့် တပ်နေရာများကိုလည်းကောင်း KNDF အပါအဝင် ကရင်နီတပ်မတော်တို့တည်ရှိရာ ကရင်နီပြည်နယ်ရှိတပ်နေရာများကိုလည်းကောင်းအထူးစစ်ဆင်ရေးအနေဖြင့်ဗုံးကျဲတိုက်ခိုက်သွားရန်ရှိနေကြောင်း သိရှိရသည်။ 


စစ်ဆင်ရေးအတွက် တိုက်လေယာဉ်များ အသုံးပြုမှုအနေဖြင့် Yak-130  Su-30 FTC 2000 G  A-5  လေယာဉ်များကို အသုံးပြုမည်ဖြစ်ပြီး စစ်ဆင်ရေးအတွက် လေဆိပ်များအဖြစ် နေပြည်တော်အေလာလေတပ်၊ ရန်ကုန်မှော်ဘီလေတပ်၊ ပုသိမ်လေတပ်၊ မကွေးလေတပ်၊ တံတားဦးလေတပ်၊ မြစ်ကြီးနားလေတပ်၊ မိတ္တီလာလေတပ်တို့ကိုအဓိကထားအသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 


စစ်ကောင်စီက သက်တမ်းတိုးမြှင့်ထားသည့်  လတာကာလနှင့် ပွင့်လင်းရာသီတွင် တိုင်းရင်းသားဒေသများကိုလေကြောင်းတိုက် ခိုက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်သည့်အပြင် မြေပြင်တွင်လည်း စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ် ၃၇ မြို့နယ်ရှိ PDF နှင့် ဒေသကာကွယ်ရေးတပ်များကို အပြတ် ချေမှုန်းရန်ရည်ရွယ်ထားကြောင်း သိရှိရသည်။ 


စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်တစ်ခုကလည်း  လေကြောင်းအထူးစစ်ဆင် ရေး ပြုလုပ်ရန် ရှိနေသော်လည်းလက်ရှိတွင် လေ ယာဉ်ဆီ မလုံလောက်ခြင်း၊ လက်နက်ခဲယမ်းနှင့်ဒုံးများ အလျှဉ်မမီအောင် မရှိခြင်း ပြဿနာများရှိနေကြောင်း၊ စစ်တပ်က  လက် နက်ခဲယမ်း အသစ်များ စမ်းသပ် အသုံးပြုမှုများ ရှိနေသဖြင့် ပြည်သူများသတိထားသင့်ကြောင်း အကြံပြု ပြောဆိုသည်။


ဓာတ်ပုံလွန်ခဲ့သော ဒီဇင်ဘာလတွင် ပြုလုပ်သည့် လေတပ် နှစ်ပတ်လည် ပွဲမှ အကြမ်းဖက် မင်းအောင်လှိုင်နှင့်လေယာဉ်များ။



Comments

Popular posts from this blog

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော