ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

၁။ မင်းအောင်လှိုင်လူယုံ  ထွန်းမင်းလတ်ကို ထိုင်းရဲတွေအနေနဲ့ ဖမ်းနိုင်အောင် အမေရိကန်က သတင်းအချက်အလက်တွေပေးတာဖြစ်ပါတယ်။ 

ထွန်းမင်းလတ်ဟာ မူးယစ်ဆေးဝါးမှ ရရှိတဲ့ငွေတွေနဲ့ မင်းအောင်လှိုင်တို့အတွက် လက်နက်တွေဝယ်ပေးနေတာဖြစ်သလို ငွေမဲကနေ ငွေဖြူဖြစ်အောင်လည်း ထိုင်းမှာအခြေစိုက်ပြီး မြေယာတိုက်တာအဆောက်အဦးများကိုဝယ်ယူထားတဲ့အပြင် အခြားစီးပွါးရေး ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကိုပါ စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ဥပကစ်နဲ့ပေါင်းပြီးလုပ်နေတာဖြစ်ပါတယ်။


ဒါကြောင့် ထိုင်းရဲမှ ထွန်းမင်းလတ်နဲ့ အပေါင်းပါတွေဖြစ်ကြတဲ့ ထွန်းမင်းလတ်ရဲ့အတွင်းရေးမှုး၊ ထိုင်းနိုင်ငံသားအဖြစ်ရော အမေရိကန်နိုင်ငံသားအဖြစ်ပါခံယူထားတဲ့ ဥပကစ်ရဲ့သမက်နှင့်၊ ဥပကစ်ရဲ့ ကိုယ်စားလှယ်လည်းဖြစ် အတွင်းရေးမှုးလည်းဖြစ်သူကိုပါ မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု၊လက်နက်ကုန်ကူးမှုများအပြင် အခြားအမှုတွေနဲ့ပါ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 


၂။ ထွန်းမင်းလတ်ဟာ မင်းအောင်လှိုင်တို့မိသားစုနှင့် တိုက်ရိုက်ပတ်သက်နေသလို၊ ထွန်းမင်းလတ်ရဲ့လုပ်ဖေါ်ကိုင်ဖက် စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ဥပကစ်ဟာလည်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်အပါအဝင် ထိပ်ပိုင်းစီးပွါး‌ရေးသမားတွေ နိုင်ငံရေးပါတီတွေနဲ့ပါ တိုက်ရိုက်ပတ်သက်နေတာဖြစ်ပါတယ်။ 


ဒါကြောင့် ဥပကစ်ကိုဖမ်းဖို့ တရားရုံးရဲ့အမိန့်ရခဲ့ပြီးဖြစ်ပေမယ့် အဲဒီဖမ်းဝရမ်းကို ရက်ပိုင်းအတွင်းမှာဘဲ ပြန်လည်ရုတ်သိမ်းခဲ့ရပြီး ယနေ့အထိ မဖမ်းဆီးနိုင်သေးတဲ့အပြင် ထွန်းမင်းလတ်တို့ကိုဖမ်းခဲ့တဲ့ ရဲမှူးကြီးကိုလည်း ပြစ်ဒါဏ်ပေးတဲ့အနေနဲ့ ဘန်ကောက်နဲ့အလွန်ဝေးတဲ့ တောရွာငယ်လေးကို ပို့လိုက်ပါတယ်။ အဲဒီရဲမှူးကြီးဟာ နာမည်ကြီးမူးယစ်ဆေးဝါးအမှုတွေနှင့် ငွေကြေးခဝါချမှုတွေကို အမြဲတမ်းဦးဆောင်ဖမ်းခဲ့တာကြောင့် နာမည်ကောင်းရသူလည်းဖြစ်ပါတယ်။


၃။ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ထွန်းမင်းလတ်နှင့် ဥပကစ်တို့နဲ့ ပတ်သက်ခဲ့သူတချို့ကို သေဒါဏ်ပေးလိုက်ပေမယ့်၊


ထွန်းမင်းလတ်ကို ထိုင်းမှာသေဒါဏ်မပေးနိုင်အောင်၊ ဒါမှမဟုတ် ထိုင်းမှာ‌နှစ်ရှည်ထောင်ဒါဏ်မကျအောင်၊ ဘာမဟုတ်တဲ့အမှုနဲ့ မြန်မာပြည်ကိုပြန်ပို့နိုင်အောင် လက်ရှိထိုင်းဝန်ကြီးချုပ် ပရာယွတ်မှ နောက်ကွယ်ကနေ ကူညီနေကြောင်းသိရှိရပါတယ်။ 


ထိုင်းစစ်ဦးစီးချုပ် တလောကမြန်မာပြည်သွားပြီး ရခိုင်မှာ မင်းအောင်လှိုင်နဲ့တွေ့တာဟ  ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ် နှစ်ပတ်လည် ပုံမှန်တွေ့နေကြလို့အကြောင်းပြပေမယ့် တကယ်တော့ အခြားအဓိကအကြောင်းအရာနှစ်ခုအတွက်ဖြစ်ပါတယ်။ 

နံပါတ်တစ် ထွန်းမင်းလတ်ကိစ္စနှင့်၊ နံပါတ်နှစ် မြန်မာပြည်ရဲ့နိုင်ငံရေးကိစ္စအတွက်ဖြစ်ပါတယ် (မြန်မာအပေါ် ထိုင်းရဲ့ရပ်တည်မှုနှင့် သဘောထားကို နောက်ပို့စ်မှာရေးပါမယ်)


၄။ ထွန်းမင်းလတ်နှင့် ဥပကစ်အကြောင်းပြန်ဆက်ရရင်...

ဥပကစ်ကို အထက်လွှတ်တော်အမတ်အဖြစ် လက်ရှိထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်မှ ခန့်ထားတာဖြစ်ပါတယ်။ 


ယ္ခုလာမယ့်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ပရာယွတ် ကိုယ်စားပြုပြီး ဝင်ပြိုင်မယ့်ပါတီဟာ "ဖတ်လိုဝမ်ထိုင်စန်းချာ့ဆိုတဲ့ပါတီဖြစ်ပါတယ်။


အဲဒီ "ဖတ်လိုဝမ်ထိုင်စန်းချာ့ပါတီရုံးချုပ်လုပ်ထားတဲ့ ဘန်ကောက်က အဆောက်အဦးရဲ့ပိုင်ရှင်ဟာ မင်းအောင်လှိုင် ထိုင်းမှာအားကိုးရတဲ့ ထွန်းမင်းလတ်ရဲ့လုပ်ဖေါ်ကိုင်ဖက် "ဥပကစ်ဆိုသူဘဲဖြစ်ပါတယ်။


၅။ ထွန်းမင်းလတ်နှင့် ဥပကစ်တို့နဲ့ပတ်သက်ပြီး မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေမှာ နောက်ထပ် တိုက်ရိုက်ပတ်သက်နေကြသူတွေကတော့...


▪︎ အမည်ရင်း "ဖန်နရုန်ခေါ် (အက်ဒီး)

သူက လန်ဒန်မှာ ဘတ်သန်းပေါင်း  ထောင်ကျော်တန် ဟိုတယ်ကိုဝယ်ထားပြီး ဖမ်းဆီးချိန် မြန်မာပြည်ကို သူ့မယားငယ်နှင့်အတူ ထွက်ပြေးသွားပြီးနောက် ယ္ခု လန်ဒန်မှာရောက်နေသူ။ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး အွန်လိုင်းလောင်းကစား လုပ်ငန်းပိုင်ရှင်။ ဝါရမ်းပြေး။ သူ့ကို ငွေကြေးလွှဲပြောင်းရာမှာ အကူအညီပေးသူဟာ ယ္ခင်ကဘဏ်မှာလုပ်ဖူးပြီး အွန်လိုင်းငွေအလွှဲအပြောင်းလုပ်ငန်းတွေမှာ အလွန်ကျွမ်းကျင်တဲ့ သူ့ရဲ့သူငယ်ချင်း "ပီတာဆိုသူဖြစ်ပါတယ်။


▪︎ "နော့ထ်"

သူက ထိုင်းနိုင်ငံရဲ့ "လိုတလီလို့ခေါ်တဲ့ အကြီးဆုံး အွန်လိုင်းထီ လုပ်ငန်းပိုင်ရှင်။ လွန်ခဲ့တဲ့  ပတ်တုန်းကဘဲ သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းချိတ်ပိတ်ခံခဲ့ရပြီး၊ ယ္ခု သူ့ရဲ့ အွန်လိုင်းထီလုပ်ငန်းကိုလည်း လုပ်ကိုင်ခွင့်ပိတ်ပင်ထားကာ အမှုပေါင်း ၉၀ ကျော်နဲ့တရားစွဲခံထားရပြီး အမှုရင်ဆိုင်နေရသူ။ 

သူ့ရဲ့ အွန်လိုင်းထီလုပ်ငန်းမှာ "ဆိုင်ဘာ ရဲဗိုလ်ချုပ်ကြီး ချတ်ပန်တကန်ရဲ့သား "စူရာချတ်ဆိုသူကို Chief Operation Officer ဆိုတဲ့ နေ့စဥ်လုပ်ငန်းလည်ပတ်မှုအဝဝအတွက် စီမံခန့်ခွဲရတဲ့ အရာရှိချုပ်ရာထူးကိုပေးထားပါတယ်။


၆။ ထွန်းမင်းလတ်နှင့် ဥပကစ်တို့ရဲ့ လက်ဝေခံ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး အွန်လိုင်းလောင်းကစား လုပ်ငန်းပိုင်ရှင်"ဖန်နရုန်ခေါ် အက်ဒီး၊ အခု ပိုင်ဆိုင်မှုအားလုံးကိုအသိမ်းခံရပြီး အမှုရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံရဲ့ "လိုတလီလို့ခေါ်တဲ့ အကြီးဆုံး အွန်လိုင်းထီ လုပ်ငန်းပိုင်ရှင် "နော့ထ်ဆိုသူနှင့်၊ အထက်ကပြောခဲ့တဲ့ အက်ဒီး သူငယ်ချင်း ပီတာတို့အားလုံးဟာ သူငယ်ချင်းတွေဖြစ်ကြပါတယ်။ (သူတို့ သူငယ်ချင်း  ယောက် တွဲရိုက်ထားတဲ့ဓါတ်ပုံ ပူးတွဲ)


မြန်မာပြည်ဘက် မယားငယ်နှင့်အတူ ပထမ ထွက်ပြေးသွားပြီး ယ္ခု လန်ဒန်မှာရောက်နေပြီဖြစ်တဲ့ "ဖန်နရုန် ခေါ်အက်ဒီးကိုထွက်ပြေးသွားနိုင်အောင် နော့ထ်ရဲ့ အွန်လိုင်းထီလုပ်ငန်းမှာ COO ရာထူးယူထားတဲ့ "စူရာချတ်ရဲ့အဖေ "ဆိုင်ဘာ ရဲဗိုလ်ချုပ်ကြီး ချတ်ပန်တကန်ကကူညီခဲ့တယ်လို့သတင်းရပါတယ်။ 


ဒီလောက်ဆိုရင် ထွန်းမင်းလတ်နှင့် ဥပကစ်တို့ရဲ့အချိတ်အဆက်ဟာ ဘယ်လောက်အထိကြီးမားကျယ်ပြန့်တယ်ဆိုတာ သဘောပေါက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ 

သူတို့အားလုံးရဲ့ ပိုင်ဆိုင်မှု ငွေကြေးတွေအားလုံးဟာလည်း မူးယစ်ဆေးဝါးမှ ရရှိခဲ့ကြတွေဖြစ်ပါတယ်။


ထိုင်းဝန်ကြီးချုပ်ပရာယွတ်ရဲ့ ထွန်းမင်းလတ်ကို နောက်ကွယ်ကကူညီနေမှုနှင့် မင်းအောင်လှိုင်ဘက်ရပ်တည်မှုကြောင့် ထိုင်းနိုင်ငံရော ထိုင်းပြည်သူတွေပါ ထိခိုက်မှုရှိကြောင်း၊ ထိုင်းပြည်သူတွေ မပါကြောင်း လက်မခံနိုင်ကြောင်းသိရှိရပါတယ်။ 


ဖေဖေါ်ဝါရီလ ၁၁ ရက်၊ ၂၀၂၃



#ထွန်းမင်းလတ်ရဲ့အမှုတွဲမှဥပကစ်မကြာခင်ထွက်ပြေးနိုင်ကြောင်းသတင်းရ


မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုအပြင် အခြားစွဲချက်တွေနဲ့ ဖမ်းဆီးခံထားရတဲ့ မင်းအောင်လှိုင်ရဲ့လူယုံ ထွန်းမင်းလတ်ဟာ အရွိုင်ဂရုနဲ့ရော စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ဥပကစ်နဲ့ပါ တိုက်ရိုက်သက်ဆိုင်နေတာကြောင့် ဥပကစ်ကိုစစ်‌ဆေးအရေးယူနိုင်ရေး "နိုင်အချာရိယဆိုသူက "ပေါပေါစောလို့ခေါ်တဲ့ မူးယစ်ဆေးဝါးကာကွယ်တိုက်ဖျက်ရေးအဖွဲ့ အတွင်းရေးမှုးနှင့် တရားရေးဝန်ကြီးဖြစ်သူ "နိုင်စုန်မ်စပ်ကို သက်သေအထောက်အထားတွေ သွားရောက်ပေးအပ်ခဲ့ပါတယ်။


ဥပကစ်ဟာ ထွန်းမင်းလတ်အမှုနှင့် တိုက်ရိုက်ပတ်သက်နေသလို ဖမ်းဝါရမ်းအထုတ်ခံထားရပြီး ပိုင်ဆိုင်မှု သန်းပေါင်း ၅၀၀၀ ထောင်ကျော်အသိမ်းခံထားရတဲ့ အက်ဒီး ခေါ် နိုင်ဖန်နရုန်ထံ သူပိုင်တဲ့ ကာစီနိုကို အမည်ခံရောင်းချကာ သူရဲ့ပိုင်‌ဆိုင်မှုငွေကြေးတွေကိုလည်း အက်ဒီးအမည်နဲ့ လွှဲပေးထားပါတယ်။ 


မြန်မာပြည်ဖက်မှာရှိတဲ့ ယာဘာ့မြင်းဆေးထုတ်လုပ်တဲ့ စက်ရုံပိုင်ရှင်နှင့် ရင်းနှီးမြှပ်နှံသူ "ဘင်းခေါ် နိုင်မာန ဟာအရွိုင်ဂရုရဲ့ ဝန်ထမ်းလည်းဖြစ် ဥပကစ်ရဲ့ဝန်ထမ်းလည်းဖြစ်သူထံ "နိုင်ခွန်ကရိဆိုတဲ့ဘဏ်စာရင်းအမည်နဲ့ ကစီကွန်ထိုင်ဘဏ်မှနေ မူးယစ်ဆေးဝါးမှရရှိငွေ ဘတ် ,၆၀၀,၀၀၀ (တသန်းခြောက်သိန်းကိုပထမလွှဲပေးခဲ့ပါတယ်။ပြီးနောက် အဲဒီငွေကိုထုတ်ပြီး နောက်ထပ် ဘတ်ငွေသန်းပေါင်း ,၉၇၈ သန်း (သန်းပေါင်း တထောင့်ကိုးရာ ခုနှစ်ဆယ့် ရှစ်သန်းကျော်နှင့်အတူ ဥပကစ်ရဲ့ဘဏ်အကောင့်ထဲကို ပြန်လွှဲပေးခဲ့ပါတယ်။


ဥပကစ်ဟာ ၂၀၁၉ ခုနှစ်ကတည်းကစပြီး မူးယစ်ဆေးဝါးအမှုနဲ့ပတ်သက်လို့ ဖမ်းဝါရမ်းအထုတ်ခံထားရသူတွေနဲ့ငွေကြေးအရ ဆက်စပ်လွှဲပြောင်းမှုတွေလုပ်ထားတာ အနည်းဆုံးသန်းပေါင်း  ထောင်ကျော်ရှိကြောင်းနှင့် အားလုံးစုစုပေါင်း ပေါင်းလိုက်ရင်တော့ ဘတ်ငွေသန်းပေါင်း ၁၀,၀၀၀ ကျော် (သန်းပေါင်း တသောင်းကျော်ရှိပါတယ်။ 


ဥပကစ်ဟာ သူ့ရဲ့ကာစီနိုနှင့် စီးပွါးရေးလုပ်ငန်းတွေကို "အက်ဒီး ခေါ် နိုင်ဖန်နရုန်ကိုရောင်းချခဲ့ပြီးဖြစ်တယ်လို့ပြောပေမယ့် ရောင်းဝယ်မှုနှင့် ငွေပေးချေမှုတွေ တရားဝင်အထောက်အထား ဘာတခုမှ မရှိခဲ့ပါဘူး။ ဒါကြောင့် ဥပကစ်ဟာ သူပိုင်ငွေကြေးတွေကို အက်ဒီး ထံ အမည်ခံအဖြစ်သာ လွှဲပြောင်းပေးထားတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ 


ဧပြီလ ၃၀ ရက်၊ ၂၀၁၉ ခုနှစ်မှနေ ၂၀၂၀ အထိ ဥပကစ်ဟာ သူ့ရဲ့စီးပွါးရေးလုပ်ငန်းတွေမှာ သူ့အမည်နဲ့သာဖြစ်ပြီး၂၀၂၀၊ ဧပြီလ ၃၀ ရက်နေ့ကျမှသာ သူ့သမက်အမည် "နိုင်ဒင်န်အမည်ကိုပြောင်းခဲ့တာဖြစ်ပါတယ်။ (ထွန်းမင်းလတ်က ပိုင်ရှင်ဖြစ်ပြီး ဥပကစ်ရဲ့သမက် "နိုင်ဒင်န်က အစုရှယ်ယာပိုင်ဆိုင်သူဖြစ်ပါတယ်)


မြန်မာပြည်က ကာစီနိုကို "နိုင်ချာကရစ်ဆိုသူကို အမေရိကန်ဒေါ်လာ  သန်းနဲ့ရောင်းချခဲ့ပြီး နိုင်ငံခြား (ထိုင်းနိုင်ငံပြင်ပမှာမှာငွေပေးချေဖို့ သဘောတူခဲ့ကြောင်း ဥပကစ်ကပြောသော်လည်း "နိုင်ချာကရစ်ပြောတာက အမှန်တကယ်အရောင်းအဝယ်လုပ်တာမဟုတ်ကြောင်း ဒါဟာ အယောင်ပြသာဖြစ်ကြောင်း ပြောပါတယ်။ 

ဥပကစ်အနေနဲ့ ရောင်းချလို့ရရှိခဲ့တယ်ဆိုတဲ့ အဲဒီငွေတွေကိုလည်း "ပေါပေါချောကိုတင်ပြခဲ့ခြင်းမရှိပါဘူး(လွှတ်တော်ထဲမဝင်ခင် ကိုယ့်ရဲ့ပိုင်ဆိုင်မှု ဘယ်လောက်ရှိတယ် ဘာတွေရှိတယ်ဆိုတာကို တင်ပြရတာဖြစ်ပါတယ်) 

ဒါကြောင့် အထက်ကပြောခဲ့တဲ့ ပိုင်ဆိုင်မှုတွေအားလုံးဟာ တခြားလူတွေကို အမည်ခံခိုင်းတာသာဖြစ်ပြီး အမှန်တကယ်ပိုင်ဆိုင်သူအစစ်အမှန်ဟာ ဥပကစ်သာဖြစ်ပါတယ်။


အဲဒီအချက်အလက် အထောက်အထားတွေအားလုံးကို "ပေါပေါစောလို့ခေါ်တဲ့ မူးယစ်ဆေးဝါးကာကွယ်တိုက်ဖျက်ရေးအဖွဲ့ အတွင်းရေးမှုးနှင့် တရားရေးဝန်ကြီးဖြစ်သူ "နိုင်စုန်မ်စပ်ကိုပေးအပ်လိုက်ပြီဖြစ်တာကြောင့် ဥပကစ်အနေနဲ့ အခုရက်ပိုင်းအတွင်းမှာ ထိုင်းနိုင်ငံထဲမှ ထွက်ပြေးဖို့စီစဥ်နေကြောင်း သတင်းရထားပါတယ်။


အက်ဒီး ခေါ် နိုင်ဖန်နရုန်ဟာ မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုတွေမှာ ထွန်းမင်းလတ်နဲ့ နိုင်ဒင်န်တို့နှင့် တိုက်ရိုက်သက်ဆိုင်မှုရှိပြီး "အရွိုင်ဂရုကို ငွေလွှဲရာမှာ ကြားခံအသုံးပြုတာဖြစ်ပါတယ်။

နောက်ပြီး ခဝါချပေးဖို့ အက်ဒီးထံ ဥပကစ်အပ်ထားတဲ့ငွေတွေကို အွန်လိုင်းထီလုပ်ငန်းလုပ်နေတဲ့ "နော့ထ်ထံလွှဲပြောင်းမှုရှိကြောင်း အထောက်အထားပါ ရရှိထားပါတယ်။ ဒါကြောင့် "နော့ထ်ဆိုသူကို "ဒီအက်စ်အိုင်လို့ခေါ်တဲ့ ရဲအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပေးဖို့ "နိုင်အချာရိယမှတင်ပြထားပါတယ်။


အက်ဒီးဟာ "မန်ကော်ဖယတ်" (မြန်မာလို နဂါးကြီးလို့အမည်ရပါတယ်လျှို့ဝှက်အမည်ရတဲ့ နိုင်ငံတော်အဆင့်နာမည်ကြီး ရဲအရာရှိကြီးနှင့် ဆက်ဆံရေးအလွန်ကောင်းမွန်တာကြောင့် သူ့ကို ထိုင်းနိုင်ငံထဲကနေ ထွက်ပြေးနိုင်အောင် ကူညီခဲ့တဲ့အပြင် သူ့ရဲ့အွန်လိုင်းလောင်းကစားလုပ်ငန်းကိုပါ ဆက်ပြီးလုပ်နေနိုင်တာဖြစ်ပါတယ်။ 


နောက်ပြီး ဘန်ကောက်က စွိုင်အာရီ မှာရှိတဲ့ "ဖတ်လိုဝမ်ထိုင်စန်းချပါတီရဲ့ ရုံးလုပ်ထားတဲ့အဆောက်အဦးဟာ ဥပကစ်မှပိုင်ဆိုင်ပြီး မူးယစ်ဆေးဝါးမှရရှိထားတာဖြစ်ကြောင်း သိရှိရပါတယ်။


ခုတလော ထိုင်းအွန်လိုင်းထီလောကမှာ နာမည်ကြီးနေတဲ့ "နော့ထ်ဆိုသူရဲ့ လည်ပတ်နေတဲ့ငွေတွေဟာလည်းအက်ဒီးရဲ့ငွေတွေဖြစ်ကြောင်း (ပိုင်ရှင်အစစ်အမှန်က ဥပကစ်ဖြစ်ပြီး အက်ဒီးက အမည်ခံပေးသူ) ဘာကြောင့်လဲဆိုတော့ ဥပကစ်မှ အက်ဒီးကို အနည်းဆုံး ဘတ်ငွေသန်းပေါင်းတသောင်းကို လွှဲပေးထားတဲ့အထောက်အထားရထားလို့ဖြစ်ပါတယ်။ 

အဲဒီအထောက်အထားတွေအားလုံးကို တရားရေးဝန်ကြီး နိုင်စုန်မ်စပ်ကို ပေးအပ်လိုက်ပြီဖြစ်ပါတယ်။ တရားရေးဝန်ကြီးမှလည်း မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုမှရရှိတဲ့ ဥပကစ်ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းမယ်လို့ပြောပါတယ်။ဒါပေမယ့် ရဲချုပ်တွေအနေနဲ့ အခုချိန်အထိ တရားရုံးမှာဝရမ်းတောင်းခံပြီး ဥပကစ်ကို စစ်ဆေးတာ ဖမ်းဆီးတာမရှိသေးပါဘူး။


ထွန်းမင်းလတ်နှင့် ဥပကစ်တို့ရဲ့အမှုတွဲဟာ တော်တော်ကိုကြီးပြီး တော်တော်ကိုလည်း နက်နဲရှုတ်ထွေးပါတယ်။မင်းအောင်လှိုင်တို့စစ်အုပ်စုရော ထိုင်းနိုင်ငံရဲ့ထိပ်ပိုင်းအရာရှိကြီးတချို့ပါ ဒီကိစ္စမှာပါဝင်ပတ်သက်နေကြတာကြောင့် ကျွန်တော်တို့ နိုင်ငံရေးသမားတွေ တော်လှန်ရေးသမားတွေအနေနဲ့ မျက်ချေမပြတ်သင့်ပါဘူး။ 


#stevensanyu 

ဇန္နဝါရီလ ၂၈ ရက်၊ ၂၀၂၃



#နောက်ဆက်တွဲတွေမကြာမှီဆက်ထွက်လာမည်


တနေ့ကပြောခဲ့တဲ့ မအလလူယုံ လက်နက် မူးယစ်‌ဆေးကုန်သည် ထွန်းမင်းလတ်နှင့် အထက်လွတ်တော်အမတ် ဥပကစ်တို့ရဲ့ လုပ်ဖေါ်ကိုင်ဖက် မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုအတွက် ဝါရမ်းအထုတ်ခံရပြီး ဖမ်းဆီးစဉ် မြန်မာပြည်ဖက်ထွက်ပြေးသွားတဲ့ စုန်ခလာမှ နိုင်ဖန်နုရုန်လို့ခေါ်တဲ့ အက်ဒီး เอ็ดดี้ ဟာ တာချီလိတ်မှာ ဟိုတယ်  လုံးကိုဝယ်ထားသလို၊ ပွိုင်ပက် ปอยเปต မှာလည်း အိမ်  လုံးကိုဝယ်ထားကြောင်း။ ဒါ့အပြင် ဘတ်သန်း ၂၀၀ ကျော်တန်တဲ့ အပါ့မင်းတခုကိုလည်း ဝယ်ထား‌သလို ထပ်ခနုံမ် ท่าขนอม မှာဟိုတယ်ကြီးတခုကိုလည်းဆောက်ထားကြောင်း။ 

အဂ်လန်မှာလည်း ဟိုတယ်အကြီးကြီးတခုကို ဘတ်သန်း  ထောင်ကျော်နှင့် ဝယ်ထားကြောင်း။


အဲဒီနောက်မှာမှ စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ဥပကစ်ဆီကနေ "အရွိုင်ဂရုကာစီနိုကိုဝယ်ယူခဲ့တာဖြစ်ကြောင်း။ 

အဲဒီ အက်ဒီးဆိုသူဟာ အွန်လိုင်းထီနှင့် လောင်းကစားလုပ်တာ နှစ်ပေါင်းမနည်းတော့ကြောင်း။ သန်းပေါင်း သောင်းချီချမ်းသာကြောင်း။


တချိန်ထဲမှာဘဲ ကွန်ပြုတာကျွမ်းကျင်တဲ့ သူ့တပည့် "ပီတာဆိုသူမှတဆင့် အရာရှိကြီးတဦးနှင့် သိကျွမ်းခဲ့ပြီးနောက်မှ 

အက်ဒီးနှင့် အဲဒီအရာရှိကြီးတို့ ငွေကြေးခဝါချမှုကို အတူလုပ်ကြကြောင်း (မကြာခင်မှာ အဲဒီအရာရှိကြီးနာမည်ထွက်လာပါမယ်)


အခုတော့ မူးယစ်ဆေးဝါးမှုနှင့် ငွေကြေးခဝါချမှုတို့အတွက် ဖမ်းဝါရမ်းအထုတ်ခံထားရတဲ့ နိုင်ဖန်နုရုန်ခေါ် "အက်ဒီးဟာ သူ့ရဲ့မယားငယ် နန်ကလျာဝီခေါ် "ကျွိုင်နှင့်အတူ လန်ဒန်တွင်ရောက်ရှိနေထိုင်နေကြကြောင်း သိရှိရပြီဖြစ်ပါတယ်။


ဒီကိစ္စကိုကိုင်တွယ်ဖို့ ရဲစုံစမ်းစစ်ဆေးရေးအဖွဲ့အပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တို့ရဲ့ အထက်အရာရှိများအားလုံးက မီးစိမ်းပြလိုက်ပြီဖြစ်တာကြောင့် မကြာခင်မှာ ထူးခြားမှုတွေ ဆက်ပြီးထွက်ပေါ်လာဖို့ရှိပါတယ်။ 




ဇန္နဝါရီလ ၂၅ ရက်၊ ၂၀၂၃


#သေဒါဏ်နောက်ဆက်တွဲနှင့်မအလလူယုံထွန်းမင်းလတ်


မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုတွေကို ထိုင်းရဲက ဖမ်းဆီးနှိမ်နင်းနေရာ အစုအဖွဲ့တခုကို (ဂိုဏ်းကြီးတခုကိုဖမ်းဆီးနိုင်ခဲ့ပေမယ့် နောက်အဖွဲ့တခုကတော့ မြန်မာပြည်ဖက်ကိုထွက်ပြေးလွတ်‌မြောက်သွားကြကြောင်း။ သူတို့ကို အွန်လိုင်း လောင်းကစားဒိုင်လုပ်မှုနှင့် နာမည်ကြီးကျော်ကြားလို့စက်တင်ဘာလ ၂၀၂၂ မှာ‌ ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း။ 


စုန်ခလာမှ အသက် ၄၅ နှစ်အရွယ် နိုင်ဖန်နုရုန် ခူဖိထပ် (အက်ဒီး နှင့်၊ သူ့ရဲ့ဒုတိယဇနီးဖြစ်သူ နန်ကလျာဝီ ထီရပရာဖုန် (ကျွိုင် တို့ဟာ မြန်မာပြည်ဖက်ကိုထွက်ပြေးသွားနိုင်ခဲ့ပေမယ့် သူရဲ့လုပ်ဖေါ်ကိုင်ဖက်တွေကိုတော့ဖမ်းဆီးနိုင်ခဲ့ကြောင်း။ 

နောက်ပိုင်း စုံစမ်းဖေါ်ထုတ်နိုင်ခဲ့သည်မှာ နိုင်ဖန်နုရုန်ဆိုသူဟာ အွန်လိုင်းလောင်းကစားတခုတည်းမဟုတ်ဘဲ အကြီးစား မူးယစ်ဆေးဝါးကုန်ကူးသူနှင့် ငွေကြေးခဝါချမှုတွေကိုပါလုပ်နေတဲ့ နောက်ကွယ်က အဓိကကြိုးကိုင်သူဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ 

သူတို့အားလုံးဟာ မူးယစ်ဆေးဝါးမှရရှိတဲ့ငွေတွေကို စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ဥပကစ် ပါကျရိရန်ကူဆီကိုလွှဲပြောင်းပေးပို့ခဲ့ကြတာဖြစ်ကြောင်းနှင့်၊ အကြီးစား ငွေတွေလွှဲပြောင်းပေးနေတာ  ဖွဲ့ရှိကြောင်းဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ 


၁။ နိုင်ဖိထဝမ် စင်စိုဖါ (နိုင်ခင်န် နွန်ထဘူရီ 

၂။ နိုင်အနုဖါ့ မူလစန်

၃။ နိုင်အာရီဖတ် ချူကန်း 

၄။ နိုင်အေကချိုင် အက်စန်ထရာ စတဲ့...

အဲဒီ  ‌ဖွဲလုံးဟာ သူတို့ရဲ့မူးယစ်ဆေးဝါးရောင်းပြီး ရရှိတဲ့ငွေတွေကို ပထမအဆင့် နိုင်ဖိစဝပ် ဆိုသူထံအရင်လွှဲပြီး၊နောက်တဆင့်အနေနဲ့ လျှပ်စက်မီးအရောင်းအဝယ်အကြောင်းပြကာ  

"အရွိုင်ဂရုကိုပြန်လွှဲကြောင်း။ အဲဒီလိုငွေလွှဲနေတဲ့ အမည်ခံ ဘဏ်စာရင်းတွေ အများကြီးရှိကြောင်း။ 


စစ်တပ်ခန့်အထက်လွှတ်တော်အမတ် ဥပကစ် (အရွိုင်ဂရုမှတဆင့် မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ် ကိုလွှဲကြောင်း။ 

ထွန်းမင်းလတ်မှတဆင့် ဥပကစ်ရဲ့သမက် နိုင်ဒင်န် ကိုပြန်လွှဲကြောင်း။ 

နိုင်ဒင်န်မှတဆင့် နိုင်ဖန်နုရုန် (အက်ဒီး ဆိုသူကိုပြန်လွှဲပြီး၊ အက်ဒီမှ လျှပ်စက်မီးဝယ်သည်ဟုအကြောင်းပြကာ"အရွိုင်ဂရုကိုပြန်လွှဲကြောင်း။


အထက်လွှတ်တော်အမတ် ဥပကစ်နှင့် မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်တို့ပိုင်တဲ့ "အရွိုင်ဂရုကိုငွေတွေလွှဲပေးနေတဲ့ ဘဏ်စာရင်းပေါင်း ၂၅၀ ရှိကြောင်း။ အရွိုင်ဂရုရဲ့ ငွေလည်ပတ်မှုဟာ ဘတ်သန်းပေါင်း ၁၅၀ ကျော်ရှိကြောင်း။


ဒါ့အပြင် ထွန်းမင်းလတ်အုပ်စုထံမှ ရဲတွေသိမ်းဆည်းလိုက်တဲ့ငွေတွေဟာ...

၁။ နိုင်ဖန်နုရုန် (အက်ဒီး ထံမှဘတ်ငွေ ၆၈၁ သန်းကျော် (သန်းပေါင်း 681,023,910.72)

၂။ နန်ကရာဝီ ထံမှဘတ်ငွေ ၄၁၆ သန်းကျော် (သန်းပေါင်း 416,427,545.51)

၃။ နိုင်ဒင်န် (ဥပကစ်ရဲ့ သမက်ထံမှဘတ်ငွေ ၁၁ သန်းကျော် (သန်းပေါင်း 11,303,373.86)

၄။ ထွန်းမင်းလတ် ထံမှဘတ်ငွေ ၂၃၁ သန်းကျော် (သန်းပေါင်း 231,091,020.23)

၅။ နန်စောင်နမ်းဟွန် (ထွန်းမင်းလတ်ရဲ့ အတွင်းရေးမှုးထံမှဘတ်ငွေ ၂၆ သန်းကျော် (သန်းပေါင်း 26,886,000)

၆။ နန်စောင်ပီယဒါ (ဥပကစ်ရဲ့ အတွင်းရေးမှုးထံမှဘတ်ငွေ ၁၁ သန်းကျော် (သန်းပေါင်း 11,686,700)

၇။ "အရွိုင်ဂရုကုမ္ပဏီထံမှဘတ်ငွေ ၃၇ သန်းနီးပါး (သန်းပေါင်း 36,908,375.95)

၈။ မဝင်းမင်းစိုး ထံမှဘတ်ငွေ ၁၃ သန်းနီးပါး (သန်းပေါင်း 12,720,215.58) ဖြစ်ပါတယ်။ 

သူတို့အ‌ပေါ်စွဲဆိုထားတဲ့ စွဲဆိုချက်အားလုံးကို တရားရုံးချုပ်က (ရာ့ချဒါတရားရုံးယနေ့၊ ဇန္နဝါရီလ ၂၃ ရက်မှာလက်ခံလိုက်ပြီဖြစ်ပါတယ်။


ထွန်းမင်းလတ်နှင့် ဥပကစ်တို့ရဲ့ အရွိုင်ဂရုအတွက် အလုပ်လုပ်တဲ့ နောက်အုပ်စုတခုဖြစ်တဲ့ နိုင်ဖန်နုရုန် (အက်ဒီးနှင့် သူ့ရဲ့မယားငယ် နန်ကလျာဝီ (ကျွိုင် တို့ကတော့ မြန်မာပြည်ဖက်ကိုထွက်ပြေးသွားတာကြောင့် ရုံးတင်တရားစွဲဆိုနိုင်ခြင်းမရှိ‌သေးပါဘူး။ 

သူတို့ဟာ လန်ဒန်မှာရှိတဲ့ ဟိုတယ်တခုကိုလည်း ဘတ်သန်း ၉၀၀၀ (ဘတ်‌ငွေသန်း ကိုးထောင်ပေးပြီးဝယ်ထားကြောင်း ထိုင်းရဲတွေမှ သတင်းရထားပြီးဖြစ်ပါတယ်။


သူတို့နဲ့ဆက်စပ်တဲ့ နွန်ထဘူရီက နိုင်ဝေါ်ရာဝမ် ဝမ်စဖါ ကို "မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုတွင် အားပေးကူညီမှုနှင့် သူ့ရဲ့အိမ်ကိုဝင်ရောက် ရှာဖွေဖမ်းဆီးရာ သူကတော့ထွက်ပြေးလွတ်မြောက်သွားပေမယ့် သူ့ရဲ့ပိုင်ဆိုင်မှု ဘတ်ငွေသန်း ၅၀၀ ကျော်ကိုသိမ်းဆည်းလိုက်နိုင်ပါတယ်။ နောက် နာရီပိုင်းအတွင်းမှာဘဲ သူ့ကို ပရာကျော့ပ်ခရိုင်ထဲက ပရမ်ဘူရီမှာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။


နိုင်ဝေါ်ရာဝမ် ကိုဖမ်းမိချိန်မှာ သူဟာ ဝန်ထမ်းကဒ်နှင့်အတူရာထူးလက်ရှိဖြစ်ပြီး စစ်တပ်ခန့်အထက်လွှတ်တော်အမတ် ဥပကစ်ရဲ့ "အကြံပေးတာဝန်ယူထားချိန်ဖြစ်ပါတယ်။ 

အဲဒီအမှုနှင့်ပတ်သက်ပြီး  ဦးကိုဖမ်းဆီးတရားစွဲဆိုနိုင်ခဲ့ကာ ယနေ့၊ ဇန္နဝါရီလ ၂၃ ရက်မှာ ရာ့ချဒါတရားရုံးကသေဒါဏ်ပေးလိုက်ပါတယ်။ 

ယနေ့သေဒါဏ်အပေးခံရသူ  ဦးကတော့...

၁။ နိုင်ဖိထဝမ့် စင်စိုဖါ (နိုင်ခင်န် နွန်ထဘူရီ 

၂။ နိုင်ချာယု စူ့ကထပ်

၃။ နိုင်ဝါထဝမ် ဝမ်စဖါ

၄။ နိုင်ပီယာစပ် ဘူယချလိုထော်

၅။ နန်စောင်စီရီဝမ် ဘူရ

၆။ နိုင်စူနန် စူတိကတ်စ် တို့ဖြစ်ပါတယ်။


နိုင်ချာယု စူဖါ့တဦးထဲမှာ ဘဏ်စာရင်းပေါင်း ၁၀၀ ကျော်ရှိပြီး၊ ဘဏ်စာရင်းတခုလျှင် ဘတ်သန်း ၁၀၀ ကျော်စီရှိပါတယ်။ (ကျန်သူများလည်း ဒီအတိုင်းဘဲဖြစ်ပါတယ်) 

သူတို့ရဲ့ ဘဏ်စာရင်းထဲကငွေတွေကို မဲစိုင်မှာနေတဲ့ နိုင်ပီယာစပ် ကိုအရင်လွှဲပါတယ်။ 

နိုင်ပီယာစပ် မှတဆင့် နိုင်ဝါထဝမ် ကိုလွှဲပါတယ်။

နိုင်ဝါထဝမ် မှတဆင့် နန်စောင်စီရီဝမ် ကိုလွှဲပါတယ်။ 

နန်စောင်စီရီဝမ် မှတဆင့် နိုင်စူနန် ကိုလွှဲပါတယ်။

နောက်ဆုံးအဆင့်မှာမှ ထွန်းမင်းလတ်နှင့် ဥပကစ်တို့ရဲ့ အရွိုင်ဂရုကို လျှပ်စက်မီးဖိုးဆိုပြီးပြန်လွှဲတာဖြစ်ပါတယ်။


အထက်ကပြောခဲ့တဲ့ မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုလုပ်တဲ့အဖွဲ့  ဖွဲ့လုံးကို အဓိကကြိုးကိုင်စီစဉ်သူက နိုင်ဖိထဝမ်လို့ခေါ်တဲ့ နိုင်ခင်န် နွန်ထဘူရီ (သူတို့ထဲက အရင်ဦးဆုံးသေဒါဏ်ပေးခံရသူဖြစ်ပါတယ်။ သူတို့ကို  နှစ်ကြာစုံစမ်းစစ်ဆေးခဲ့ရပါတယ်။ 


ဒါကြောင့်...

တဆင့်ခံလှုပ်ရှားတဲ့ ကြားကလူ  ယောက်ကိုတောင် သေဒါဏ်အထိပေးလိုက်တာကြောင့် ကျန်နေသေးတဲ့ ထွန်းမင်းလတ်တို့အုပ်စုအတွက်ကတော့ ပြောစရာမရှိတော့ပြီ။ ဒီအတိုင်းဆိုမြေကြီးကိုလက်နဲ့ရိုက်ရင်တောင် လွှဲချင်လွှဲသွားနိုင်ပေမယ့် သူတို့အတွက်ကတော့ သေဒါဏ်မှလွှဲပြီး တခြားမဖြစ်နိုင်တော့ပါဘူး။ 

အားမရမိတာတခုက စစ်တပ်ကခန့်ထားတဲ့ အထက်လွှတ်တော်အမတ် ဥပကစ်ဆိုသူကို အရေးယူအပစ်ပေးနိုင်အောင်ဘယ်သူမှ ဖိအားမပေးနိုင်တာကိုတော့ ယူကျုံးမရဖြစ်မိတယ်။


မှတ်ချက်။ ဒီကေ့စ်ဟာသေးသေးမဟုတ်ပါ။ ဘားမားအက်တွေ NDAA တွေကိုခဏထားပြီး မင်းအောင်လှိုင်ကိုပါတခါတည်းခုံရုံးတင်လို့ရပါတယ်။ ကျွန်တော်တို့ဖက်ကသာ လုပ်နိုင်စွမ်းရှိရင် မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံပြင်ပကို လုံးဝထွက်ရဲမှာမဟုတ်ပါဘူး။


#stevensanyu

ဇန္နဝါရီလ ၂၃ ရက်၊ ၂၀၂၃

ဆက်ဖတ်ရန်- -

မြန်မာခရိုနီ ထွန်းမင်းလတ်နှင့် ထိုင်းလွှတ်တော်အမတ်အကြား နက်နက်ရှိုင်းရှိုင်း ပတ်သက်နေကြောင်း ပေါ်ထွက်လာ


ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု



မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အ မတ်

Comments

Popular posts from this blog

NUG၊ NUCC ၊ CRPH နှင့် PDF များကို ချေမှုန်းရေး စစ်ကောင်စီ၏ ၈ နာရီ နီးပါး ကြာသော သွေးပျက်ခြောက်ခြားနေသည့် လျှို့ဝှက်အစည်းအဝေး မှတ် တမ်းများ ရန်ကုန်ခေတ်သစ်က မကြာမီ ထုတ်ပြန်မည်

စစ်ကိုင်းနှင့် မကွေးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

အစွန်းရောက်အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က မြန်မာဘာသာဖြင့် သူ၏ တွစ်တာ လူမှုကွန်ရက်တွင် သတင်း ထုတ်ပြန်ထား

မကွေးခရိုင် PDF တပ်ရင်း ၁ တွင် ရဲဘော်များကို လစာ တချို့ပေးအပ်၊

ယင်းမာပင်နှင့် ဆားလင်းကြီး အစပ်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

ခလရ ၂၆၉ နှင့် ခလရ ၂၆၆ မှ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံ၊ ခဲယမ်းများနှင့်အတူ အလင်းဝင်

စစ်ဘေးဒုက္ခသည် လေးသိန်းကျော်ကို NUG ထောက်ပံ့