အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ပေါ်မှ MOGE ဖယ်ရှားခံရ

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ပေါ်မှ MOGE ဖယ်ရှားခံရ ကြောင်း Justic for Myanmar က သတင်းထုတ်ပြန်သည်။


အမေရိကန် ရေနံလုပ်ငန်း၏ ဝန်ဆောင်မှုကုမ္ပဏီများအကြောင်း ဖော်ထုတ်ရေးသား ထောက်ပြပြောဆိုပြီးနောက်တွင် ယင်းသို့ ဖယ်ရှားခံရခြင်းဖြစ်သည်ဟု Justic for Myanmar က ဆိုသည်။


အမေရိကန်အစိုးရ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုစီမံရေးအဖွဲ့က သူတို့ဝဘ်ဆိုဒ်  ပေါ်က မြန်မာနိုင်ငံစီးပွားရေး လမ်းညွှန်အောက်မှာပါတဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ကဏ္႑စာမျက်နှာကိုဖယ်ရှားလိုက်ပြီဖြစ်ပါတယ်ဟု Justic for Myanmar က ပြောသည်။


ယင်းစာမျက်နှာတွင် ယခင်က မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္႑ကို အမေရိကန်ရင်းနှီးမြှုပ်နှံသူများအတွက်အရေးပါပြီး အခွင့်အလမ်းကောင်းများ ရှိသော အလားအလာအကောင်းဆုံးကဏ္႑အဖြစ် ဖော်ပြထားသည်။


အဆိုပါ စာမျက်နှာတွင် ရှာဖွေတူးဖော်ခြင်း၊ ဖြစ်နိုင်ခြေလေ့လာခြင်း၊ ကုန်းတွင်းနှင့် ကမ်းလွန်တူးဖော်ရေး၊ကုန်ချောလုပ်ဆောင်ခြင်း၊ စက်ယန္တရားနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့အတွက် ပံ့ပိုးသည့် လုပ်ငန်းများ အပါအဝင်အခွင့်အလမ်းများကို ဖော်ပြထားပြီး ပြည်ပ ကုမ္ပဏီများကို စစ်အုပ်စု၏ တင်ဒါများတွင် တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ရယူရန် အကြံပြုချက်များကိုလည်း ဖော်ပြခဲ့သည်။


သို့သော် MOGE ကို ဝက်ဘ်ဆိုက်မှ ဖယ်ရှားရုံမျှသာမကဘဲ ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းလုပ်ဆောင်ရန် Justic for Myanmar က တိုက်တွန်းသည်။


ဘိုင်ဒင်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဝိရောဓိဖြစ်တဲ့ချည်းကပ်မှုနဲ့ MOGE အပေါ် ဒဏ္ခတ္ပိတ္ဆို့ဖို့ ပျက်ကွက်တာတွေက အမေရိကန်aရနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ ပုံမှန်အတိုင်း စီးပွားရေးတွေလုပ်ဆောင်ပြီး၊ စစ်အုပ်စုကို နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နိုင်စေဖို့ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းချမှတ်ဖို့ အမေရိကန်အစိုးရကို တောင်းဆိုပါတယ်ဟု JFM က ဆိုသည်။


စစ်ကောင်စီက မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှတဆင့် ရေနံနဲ့သဘာဝဓာတ်ငွေ့ ကဏ္႑ကိုထိန်းချုပ်ထားပြီး အကျိုးအမြတ်များပြားသည့် အခွန်အခနှင့် ရေနံတူးဖော်ခများ၊ စီမံကိန်းအမြတ်ဝေစုများကို ရရွိနေသည်။


MOGE ကို ပိတ်ဆို့အရေးယူရန် အဖွဲ့အစည်းများက တစိုက်မတ် မတ် တောင်းဆိုလျက်ရှိသော်လည်း မည်သည့်နိုင်ငံကမျှ အရေးယူခြင်း မရှိသေးပေ။

မဇ္ဈိမ



Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

စစ်တပ်နောက်မှာ တရုတ်ရှိလို့ ပြည်ပနိုင်ငံတွေ မကူညီရဲတာဆိုတဲ့ ဂျင်း

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်