မန္တလေးမီးရထားဝန်ထမ်းတွေ ဖိအားပေး ခြိမ်းခြောက်ခံနေရ


~~~~~
■ မန္တ​လေးမှာ အလုပ်ခွင်မဆင်းပဲ အာဏာဖီဆန်​နေတဲ့ မီးရထားဝန်ထမ်း​တွေအ​နေနဲ့ အလုပ်ပြန်မဝင်ရင် ဝန်ထမ်းလိုင်းခန်း​တွေက​နေဖယ်ရှား​ပေးဖို့ ဒီ​က​နေ့မှာ ရဲတပ်ဖွဲ့ဝင်​တွေက လိုင်းခန်း​တွေမှာ စာလာကပ်ခဲ့တယ်လို့ မီးရထားဝန်ထမ်း​​တွေဆီက သိရပါတယ်။

အဲ့ဒီစာထဲမှာ လာမဲ့ ၂၂ ရက်​နေ့မှာအလုပ်ပြန်ဝင်ဖို့နဲ့ အလုပ်မဝင်ပဲ ​လိုင်းခန်း​တွေမှာ ဆက်​နေရင် အင်အားသုံးရှင်းလင်းမယ်လို့ပါဝင်ပါတယ်။

"ကျွန်​တော်တို့ လူကြီး​တွေလာကပ်တာမဟုတ်ဘူး။ရဲ​တွေလာကပ်သွားတာ။ကျွန်​တော်တို့ကလည်း ၂၁ ရက် ​နေ့ထွက်ဖို့ ပြင်ထားကြပါတယ်။ နီးစပ်ရာ သွား​နေကြရမှာမို့ ​နေစရာ ကူညီနိုင်သူရှိရင် ​ကူညီ​​ပေး​စေချင်ပါတယ်" လို့ CDM လုပ်​နေတဲ့ စက်​ခေါင်း​မောင်း မီးရထားဝန်ထမ်းတစ်​ယောက်က​ပြောပါတယ်။

မီးရထားဝန်ထမ်း​တွေဟာ စစ်အာဏာရှင်အစိုးရကို မကြိုက်လို့ CDM လုပ်​​ဆောင်မှုအများဆုံးပါဝင်တဲ့ဌာန ဖြစ်ပြီး ​​နေ့စဉ် ဆန္ဒပြ​နေတဲ့သူ​တွေလည်းဖြစ်ပါတယ်။

မန္တ​လေးမြို့မှာ CDM မီးရထားဝန်ထမ်း ၁၅၀၀ ​ကျော်ရှိပါတယ်။

Comments

Popular posts from this blog

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်