မအလရဲ့ အာဏာတည်ဆောက်ရေး ခြေလှမ်း ဖြိုခွင်းခြင်း

မအလ အကျိုးစီးပွား ဖျက်စီးခြင်း
--------------------------------
မအလဟာ သူ့အကျိုးစီးပွားကြောင့် အာဏာသိမ်းတာပါ၊
သူ့အကျိုးစီးပွားတွေကဘာတွေလဲ?

၁။ အောင်မြင့်မိုရ်မင်း အသက်အာမခံ ကုမ္ပဏီ က စစ်သားတွေဆီကနေ 
တလကို သန်း ၁၀,၀၀၀ လောက် အတိုးမပေးရပဲ ယူထားပါတယ်။

၂။ စစ်တပ်ပိုင် ဦးပိုင်နဲ့ MEC ကုမ္ပဏီတွေကနေ 
ဘယ်လောက်ရနေလဲ မခန့်မှန်းနိုင်ပါဘူး၊
စာရင်းစစ်ပိုင်ခွင့်လည်း မရှိပါဘူး။

၃။ အခုသူ့နာမည်ပေါက်နေတဲ့ ၁ဧကကျော်တဲ့ ၁၄၊ အင်းယားလမ်းခြံက မြန်မာငွေကျပ် သိန်း၅၀ နဲ့ ဝယ်ယူထားတယ်ဆိုရင် ယုံနိုင်မလား၊

၄။ သူ့သားက စစ်တပ်ကဆောက်မယ့် ဆောက်လုပ်ရေးလုပ်ငန်းတွေကို အကုန်နီးပါး ဆောက်လုပ်ခွင့်ရယူသွားပါတယ်။

၅။ MyTel က $သန်းရာချီတန်ပြီး၊ 
စစ်တပ်ပိုင်လုပ်ဖို့ စီစဥ်ထားပေမယ့် 
သူ့သားက အစုရှယ်ယာရှင်အနေနဲ့ ဝေစုယူခဲ့ပါတယ်။

၆။ ရုပ်ရှင်လုပ်ငန်းဖြစ်တဲ့ 7 sense ဟာ နာမည်ကြီး မင်းသား၊ မင်းသမီးတွေနဲ့ သိန်းသောင်းနဲ့ချီ စာချုပ် ချုပ်ထားပါတယ်။

၇။ ပြည့်သူ့ရင်ပြင်ထဲမှာ စားသောက်ဆိုင်ဖွင့်ထားပါသေးတယ်၊

၈။ တခြား ဖော်ပြ၍မရသာ ဝင်ငွေတွေက အများကြီးပေါ့၊
ဥပမာ၊ လက်နက်ဝယ်တယ်၊ လက်မှတ်ထိုးခ မခန့်မှန်းနိုင်လောက်အောင်ပဲ။

=====================
ဒါတွေကိုကြည့်ရင် သူ့အကျိုးစီးပွားတွေဟာ သူ့ရာထူးနဲ့ ချိတ်ဆက်နေတာ တွေ့ရပါလိမ့်မယ်၊
သူသာ ကာချုပ်က အနားယူရင် သူ့စီးပွားက နောက်​ဖြစ်လာမယ့် ကာချုပ်က လက်ခံမှ ရမှာလေ။
ဒါကြောင့် သူ့ရာထူးကို သက်တမ်းတိုး၊ အာဏာဆက်ယူချင်တာပါ။

မဲစာရင်းမှားလို့ အာဏာသိမ်းတယ် ထင်နေတာလား?
ကိုယ့်ပါးကိုယ်ပြန်ချလိုက်။

-------------------------------------
သူ့အကျိုးစီးပွားအတွက် အာဏာသိမ်း၊ လူသတ်နေတာ။

ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ သိလောက်ရောပေါ။

- သူ့အကျိုးစီးပွားတွေ သူမျက်ရေကျလောက်အောင်၊ သူရူးလောက်အောင် ဖျက်ပစ်ရပါမယ်၊
- သူ့လုပ်ငန်းတွေကို သပိတ်မှောက် Boycott လုပ်ရပါမယ်၊
- သူ့မိသားစုနဲ့၊ ဝန်ထမ်းတွေကို Social Punishment လုပ်ရပါမယ်။

====================
အာဏာရှင်စနစ် ကျဆုံးရမည်။

အရေးတော်ပုံ အောင်ကို အောင်ရမည်။

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်