မျောက်သေပါးရိုက်ထားတဲ့ရုပ်တွေနဲ့ Get link Facebook X Pinterest Email Other Apps By YeYint Nge March 18, 2021 မျောက်သေပါးရိုက်ထားတဲ့ရုပ်တွေနဲ့ဖိုးချစ်ဇာတ်ထဲက ကန့်လန့်ကာတွေသွားမလာတာ အနောက်ကကိုင်ပေးထားရတယ်တဲ့😂 Get link Facebook X Pinterest Email Other Apps Comments
မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား By YeYint Nge February 09, 2023 ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ် အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ မိန်းမ ကြူကြူလှ၊ အောင်ပြည့်စုံ၊ ခင်သီရိသက်မွန်တို့ကို မြေး ၅ ဦးနဲ့အတူ စင်ကာပူ Universal Studio Singapore ရဲ့ Accelerator ကစားနည်း ဆိုင်းဘုတ်နားမှာ ရှိနေတဲ့ ဓာတ်ပုံတချို့ရရှိလာပါတယ်။ Universal Studios Singapore က စင်ကာပူနိုင်ငံရဲ့ အပန်းဖြေ ၊ ဖျော်ဖြေရေး၊ ကလေးကစားနည်းပေါင်းများစွာ၊ စားသောက်ဆိုင်တွေ ၊ ရှိုးပွဲတွေ အပြည့်ရှိနေတဲ့ အပန်းဖြေဥယျာဉ်ကြီး တစ်ခုလည်းဖြစ်ပါတယ်။ မင်းအောင်လှိုင်ရဲ့ မိန်းမ၊ မြေးတွေရဲ့ မိသားစုဓာတ်ပုံတွေကို ပေးပို့တဲ့ စင်ကာပူရောက် မြန်မာတစ်ဦးကတော့ ဒီဓာတ်ပုံဟာ ၂၀၂၃ ခုနစ် ဖေဖော်ဝါရီ ၉ ရက် စင်ကာပူ အချိန် မွန်းလွဲ ၂ နာရီ လောက်က ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ရန်ကုန်ခေတ်သစ်အနေနဲ့တော့ ဒီဓာတ်ပုံတွေရဲ့ အချိန်ကာလကိုတော့ အတည်မပြုနိုင်ပေမယ့်လည်း ဓာတ်ပုံထဲမှာ ပါဝင်နေတဲ့ မင်းအောင်လှိုင် မိန်းမကြူကြူလှ၊ သား၊ချွေးမ၊ သမီးနဲ့ မြေးဖြစ်သူတွေဆိုတာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဓာတ်ပုံထဲမှာ ကြူကြူလှ၊ မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံနဲ့ ဇနီး မျိုးရတနာထိုက် ၊ သမီးအကြီး... Read more
ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ် By YeYint Nge June 21, 2024 အာဏာသိမ်း စစ်အုပ်စုက ဆရာတော်အား ပစ်ခတ်သတ်ဖြတ်မှု ဝန်မခံသေးဘဲ ဆက်လက် စုံစမ်းဦးမယ်လို့ဆို၊ MFP ၊ ဇွန်-၂၁ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့နဲ့ ကမ္မရွာကြားမှာ ဇွန်(၁၉)ရက် မနက်ပိုင်းက နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်(ငြိမ်း)၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါ လာတဲ့ မော်တော်ကားကို ဖောကားပေါ်နေ ဝိုင်းဝန်း ပစ်ခတ် သတ်ဖြတ်ခဲ့သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန်မြို့နယ် ပြည်သူ့စစ်ခေါ် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ မန္တလေးနန်းတွင်းမှာ အခြေပြုတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် - လပခ လက်အောက်ခံ အမှတ်(၂) အင်အားပြန်လည် ဖြည့်တင်းရေးတပ် (အပတ-၂-ကျောက်ဆည်တပ်နယ်)က ဗိုလ်မှူးအဆင့် မိုးမင်းဦးဟာ စစ်အာဏာသိမ်းစ ကတည်းက ငါန်းဇွန်နယ်ထဲ ရောက်ရှိလာကာ ဒေသတွင်း လူသတ်၊ လုယက်၊ အကြမ်းဖက်မှုတွေမှာ ဦးဆောင်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဇွန်(၁၉)ရက်က အဲ့ဒီ ဗိုလ်မှူးမိုးမင်းဦး ဦးဆောင်တဲ့ စစ်အုပ်စု အင်အား(၁၄)ယောက်၊ ငါန်းဇွန်မြို့နယ် ပျူခေါင်းဆောင် မျိုးမင်... Read more
စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ By YeYint Nge November 04, 2021 ဘိုတု မန္တလေးသွားတာလည်း ဓာတ်ဆင်ဓာတ်ရိုက် အတွက်ပဲ။ မနက်က ဘိုတု အောင်သပြေ ကိုင်ပြီး မဟာမြတ်မုနိဘုရားကြီးကပုံ တွေ့လိုက်တယ်။ ကျောက်ဝိုင်းမှာ အစောင့်များလို့ ဗုံးစာထိသေးတယ်။ ရွှေကျီးမြင် ဘုရားကိုလည်း သွားတယ်တဲ့။ အလာအလာအရ " မဟာ၊ ကြီးမြင့်၊ ချမ်းသာ " ဓာတ် လာယူတာပဲ ဖြစ်မယ်။ မဟာမြတ်မုနိဘုရားကြီး၊ ရွှေကျီးမြင်ဘုရား၊ ချမ်းသာကြီး ဘုရားတွေမှာ အလှူတူ၊ ဆုတောင်းတူ ပေါ့။ ဆုတောင်း ပြည့်တယ်တဲ့။ မဟာမုနိ နဲ့ ချမ်းသာကြီး ဘုရားတွေမှာ ရွှေကပ်လို့ရပေမယ့်။ ရွှေကြီးမြင်မှာတော့ မှန်နဲ့ ပိတ်ထားတာမို့ စောင်းတန်းထဲက ဘုရားတွေကိုပဲ ကပ်ရတယ်။ သို့ပေမင့် ဂေါတွေက ဘိုတုအတွက် မှန်ခန်း ဖွင့်ပေးမှာပါ။ ဒီဓာတ်က ကျဉ်းကြပ်ထဲ ရောက်ရင် လုပ်ရတာ ဆိုပေမယ့် စီးပွားရေး နဲ့ ဆိုင်တာမှာ ... Read more
ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။ By YeYint Nge April 03, 2021 UNက ခုတံခါးပိတ်ဆွေးနွေးတယ်။ ဖွင့်ရင်လဲဖွင့်မယ်။ ဟစိဟစိလုပ်ပြီး ဆွေးနွေးရင်လဲဆွေးနွေးမယ်။ တရုတ်ကတော့ ဗီတိုနဲ့ ပယ်ဖို့က သေချာသလောက်ပါ။ တရုတ်ပယ်ရင် diplomatic way ဇာတ်သိမ်းပြီးထင်တာ ကောက်ရိုးလေးတစ်မျှင်တွေ့ပါပြီ။ အဲ့ဒါကတော့ ဘယ်နိုင်ငံရဲ့ Veto နဲ့ပဲဖြစ်ဖြစ် သုံးပြီးတားလို့မရတဲ့ Emergency Special Session (ESS) ပါ။ General Assembly member အဖွဲ့ဝင် ၁၅နိုင်ငံမှာ ကိုးနိုင်ငံက တောင်းဆိုတာနဲ့လုပ်ရပြီး နိုင်ငံငယ် အခြား UN memberတွေက တောင်းဆိုရင်လဲ ကုလသမဂ္ဂဥက္ကဌက လက်ခံတာနဲ့ လုပ်ပေးရပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံကတော့ အမြဲအဖွဲ့ဝင် တရုတ် ပြင်သစ် ရုရှား ယူကေ ယူအက်စ် ပါဝါကြီး ငါးခု ပြီးတော့ ယာယီအဖွဲ့ဝင် Estonia, India, Ireland, Kenya, Mexico, Niger, Norway, Saint Vincent & the Grenadines, Tunisia နဲ့ Vietnam တို့ ပါဝင်ပါတယ်။ ၁၅ နိုင်ငံမှာ ၉ နိုင်ငံ vote ရင် ESS လုပ်ပေးရတယ်။ အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတစ်ခုက propose လုပ်ရင်တော့ assembly ခေါ်ပြီး အကုန် vote ပြီး ဆုံးဖြတ်ပါတယ်။ ခုက အဖွဲ့ဝင် ၁၅ နိုင်ငံမှာ ကိုးမဲက လွယ်တကူရနိုင်ပြီး irreland က ESS တင်မယ်လို့လဲ ခန့်မှန်းနေကြပါတယ်။ US လဲဖြစ်နို... Read more
ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ By YeYint Nge March 20, 2022 ▪️ပြည်သူလူထုဘက် ရပ်တည်မည်လားဆိုသည်ကို ဆုံးဖြတ်ရန် အချိန်တန်နေပြီဖြစ်ပြီး လက်ကမ်းကြိုနေသော ပြည်သူများရှိနေသည်ကို ပြောလိုကြောင်း ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်း ပြော —People’s Spring ပြည်သူလူထုကို ပြန်လည်သတ်ဖြတ်နေသည့် လုပ်ရပ်များကြောင့် စစ်တပ်က ဂုဏ်သိက္ခာမရှိတော့သည်ကို လက်ရှိတာဝန်ထမ်းဆောင်ဆဲ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းက သိရှိနေပြီဖြစ်ကြောင်း CDM တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်လာသည့် ခမရ (၃၅၁)တပ်ရင်မှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြည်သူ့ပန်းတိုင်အဖွဲ့မှ ဗိုလ်ကြီး ညီသုတနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ ဒုတိယဗိုလ်မှူးကြီးအဆင့်မှာ လက်ရှိအချိန်အထိ ထောင်နှင့်ချီသော ပြည်သူလူထုဘက်ကူးပြောင်းရပ်တည်လာသည့် တပ်မတော်သားများအနက် ရာထူးအကြီးဆုံးဖြစ်ပြီး အနည်းဆုံး ၂ ဦး ရှိနေပြီဖြစ်သည်။ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းအနေဖြင့် ပြည်သူ့လူထုဘက် ကူးပြောင်းရပ်တည်လာခြင်း၏ အဓိက တွန်းအားမှာ ရွာလုံးကျွတ်မီးရှို့ခြင်း၊ လေယာဉ် ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် စစ်ကောင်စီ၏ လုပ်ရပ်များကြောင့်ဖြစ်သည်ဟု ဆိုသည်... Read more
ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl By YeYint Nge June 19, 2024 စစ်ကောင်စီတပ် ပစ်သတ်ခဲ့သည့် ပဲခူး ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ ရုပ်ကလာပ် စစ်တပ်လက်ထဲမှ ပြန်ရရေး တပည့်များစောင့်ဆိုင်းနေ Myanmar Now ပဲခူးတိုင်း၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာန နာယကဆရာတော် အရှင်မုနိန္ဒာဘိဝံသသည် ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၏ ပစ်သတ်ခြင်းခံရကြောင်း ဆရာတော်နှင့် နီးစပ်သူများထံမှ သိရသည်။ ဆရာတော်ကြီးသည် မန္တလေးတိုင်း တံတားဦးမြို့နယ် တံတားဦးလေဆိပ်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။ ဆရာတော်ကြီးနှင့် နီးစပ်သည့် ပဲခူးဒေသခံတစ်ဦးက “မန္တလေးလေဆိပ်မှာ ဖြစ်တာ။ တံတားဦးလေဆိပ်ကနေ ကားနဲ့ လေဆိပ်ကနေ ထွက်တာ။ ထွက်တဲ့အချိန်မှာ ရဲကင်းရှိတာကို ဆရာတော်မောင်းတဲ့သူက မသိဘူးပေါ့နော်။ ရဲက တားတာကို ရပ်မပေးဘဲနဲ့ ဖြတ်မောင်းသလို ဖြစ်သွားလို့ဆိုပြီး နောက်ကနေ သေနတ်နဲ့ပစ်တာ ဆရာတော်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်” ဟု ဆိုသည်။ ဆရာတော်နှင့်အတူ ပါလာသည့် ဦးဇင်းတစ်ပါးလည်း သေနတ်ကျည်ထိမှန်ထားပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း ၎င်းက ပြောသည်။ ဝင်းနိမ္မိတာရုံကျောင်းတိုက်နှင့် နီ... Read more
ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု By YeYint Nge February 04, 2021 By Elaine Kurtenbach | AP Feb. 3, 2021 at 9:45 p.m. EST ဘန်ကောက် တနင်္လာနေ့ကမြန်မာနိုင်ငံတွင်အာဏာသိမ်းမှုမတိုင်မီက တရုတ်နှင့်တိုင်းပြည်၏ဆက်ဆံရေးသည်၎င်း၏အခြေခံ အဆောက်အအုံနှင့်မြန်မာနယ်စပ်တလျှောက်ရှိမြန်မာ စစ်တပ်၏လှုပ်ရှားမှုများတွင်ရင်းနှီးမြှုပ်နှံမှုများကြောင့် ရှုပ်ထွေးပြီးဖြစ်သည်။ တရုတ်သမ္မတရှီကျင့်ဖျင်သည် ၂၀၀၁ ခုနှစ်မှ စတင်၍ ဘေဂျင်းမှမြန်မာနိုင်ငံသို့ပထမဆုံးအကြိမ်လာရောက် လည်ပတ်ခြင်းနှင့်ပြသာနာပေါင်းစုံပါ၀င်သည့်သဘော တူညီမှု ၃၃ ခုမှသူမ၏ထောက်ခံမှုပြသမှုအပြီးတွင် အာဏာသိမ်းမှုကြောင့်အမျိုးသားခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်ကိုတစ်နှစ်အကြာတွင်ဖြုတ်ချလိုက်သည်။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်တစ်နှစ်အရေးပေါ်အခြေ အနေအောက်တွင်အစိုးရသစ်အားတာဝန်ယူခဲ့သည်။ တရုတ်သည်ဒေါ်အောင်ဆန်းစုကြည်ကိုဖြုတ်ချရာတွင် မည်သည့်အခန်းကဏမှပါ၀င်ခြင်းမရှိသော်လည်းပေကျင်း သည်တိုင်းပြည်အပေါ်လွှမ်းမိုးမှုများပိုများသည်ဟု လေ့လာသုံးသပ်သူများကဆိုသည်။ အထူးသဖြင့်ယူအက်စ်နှင့်အခြားအနောက်နို... Read more
ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ) By YeYint Nge March 14, 2021 ရွှေပြည်သာ အ.ထ .က (၁ )ကျောင်းရှေ့မှာ မျက်လုံးနဲ့ပေါင်ထိပီ ကျဆုံးသွားတာပါ နာမည်က ကျော်ဇေယျာထွန်းပါ 17 နှစ်ပဲရှိသေးတဲ့ ကလေးပါ ငြိမ်းချမ်းစွာ အနားယူပါတော့ ညီလေး မင်းတာဝန်ကျေခဲ့ပြီ R.I.P....ပါသူရဲကောင်းလေး...😓 မြင်းလှည်းသမားလေးရေ စိတ်မကောင်းဘူး ညနေဘက်ဆို သူမြင်းလှည်းမောင်းသံအမြဲကြားရတယ် လမ်းထဲမှာ အမှန်တရားဘက်တော်သားများအုပ်စု Read more
တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော By YeYint Nge February 22, 2023 ဂျကာတာ သို့ ရောက်ရှိလာသော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်း မှ တရုတ်သည် မြန်မာနှင့် ပတ်သကိ၍ အင်ဒိုနီရှား ဆောင်ရွက်ရန် ရှိနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အား အပြည့်အဝ ထောက်ခံသွားမည်ဟု ပြောကြောင်း ရိုက်တာ သတင်း တွင် ပါရှိလာခဲ့သည်။ အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီ မှ အာဆီယံ ၏ အချက် ငါးချက် ကို ယခုထိ မြန်မာ စစ်ဗိုလ်ချုပ်များ၏ ငြင်းဆန်နေမှု အပေါ် တရုတ် နိုင်ငံခြားရေး ဝန်ကြီး နှင့် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေး အလားအလာ များ ထွက်ပေါ်လာစေရန် တခုတည်းသော ရည်ရွယ်ချက်ဖြင့် အင်ဒိုနီရှား မှ အာဆီယံ ဥက္ကဌ အဖြစ် တာာဝန်ယူ ဆောင်ရွက်မည့် ပဋိပက္ခတွင် ပါဝင် ပတ်သက်နေသူ အားလုံး နှင့် ဆွေးနွေးသွားမည့် လုပ်ငန်းစဉ်များ ကို ယခုလို ထောက်ခံမှု ပေးလာမှု အပေါ် တန်ဖိုးထား ကျေးဇူးတင်ကြောင်း မစ္စက် မာဆူဒီ မှ ပြောခဲ့သည်ဟု သတင်းတွင် ပါရှိသည်။ ဆိုလိုသည်က အာဆီယံ မှ အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တွေ့ဆုံရန် ရှိနေသည်များကို တရုတ်ဖက်မှ ထောက်ခံကြောင်း မီးစိမ်းပြလိုက်ခြင်းလည်း ဖြစ်ပေသည်။ ယခင် ၎င်းတို့၏ လူ ဟွန်ဆန် ကိုပင် ထိုသို့ အခွင့်အရေးမျိုး ပေးခဲ့ခြင်း မရှိပေ။ ချင်ဂန်း သည... Read more
Comments