မြစ်ကြီးနားတွင် ပင်စင်ထုတ်သူများထံက တုံကင်တခု ငွေ ၂၀၀၀ မှ ၃၀၀၀ ကျပ်အထိတောင်းနေ

Published By Nay Kyal DVB| 22 February, 2023
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြန်မာ့စီးပွားရေးဘဏ်မှာ ပင်စင်စားတွေကို ဘဏ်ဝန်ထမ်းတွေက ငွေထုတ်ယူတဲ့ တုံကင်နံပါတ်တွေ တရားမဝင် ရောင်းချပြီး ငွေတောင်းခံနေတယ်လို့ ပင်စင်ထုတ်ယူသူတွေက ပြောပါတယ်။

မြန်မာ့စီးပွားရေးဘဏ် ပင်စင်ထုတ်ရက်အတွင်း ပင်စင်ထုတ်ယူဖို့ ဘဏ်ဝန်ထမ်းတွေဆီက တုံကင်တခုကို ၂၀၀၀ ကျပ်မှ ၃၀၀၀ အထိ ပေးဝယ်ယူနေရတယ်လို့ ဆိုပါတယ်။

"ပင်စင်ထုတ်မယ်ဆို တုံကင်နံပါတ်ရဖို့ ကြိုဖုန်းဆက်ရတယ်။ ဘဏ်ရောက်ရင် ဘဏ်ဝန်ထမ်းကောင်လေးဆီက တုံကင်ကို ၁ ကနေ ၁၀၀ အတွင်းကို တခု နှစ်ထောင် နဲ့ ဝယ်ရတယ်။ ရှေ့ဆုံးမြန်မြန်ရချင်ရင် ၃၀၀၀ ပေးဝယ်ရတယ်။ တုံကင်မဝယ်ဘဲ သူတို့ဝေတာကို စောင့်ရင်တော့ နံပါတ် ၆၀၀ လောက်ဖြစ်သွားပြီး အချိန်အကြာကြီးစောင့်ရတယ်" လို့ ပင်စင်လာထုတ်တဲ့ အမျိုးသားတဦးက ပြောပါတယ်။

မြစ်ကြီးနားမြို့နယ်မှာ ပင်စင်ထုတ်သူတွေကို မြန်မာ့စီးပွားရေးဘဏ်က လစဉ်တိုင်းရဲ့ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ပင်စင်လစာ ထုတ်ပေးတာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပင်စင်စားပြည်သူတွေအပေါ် တရားမဝင်တုံကင် နံပါတ်ရောင်းချတာနဲ့ ပတ်သက်ပြီး ၂၀၂၂ ခုနှစ်အတွင်းက ဘဏ်မန်နေဂျာဆီ တိုင်ကြားခဲ့ပေမဲ့ အခုအချိန်ထိ အရေးယူမှုမရှိခဲ့ဘူးလို့ ပင်စင်စားတွေက ပြောတယ်။


 

Comments

Popular posts from this blog

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

၂၆ ၂၇ နောက်ပိုင်းတွေမှာ ပွဲကြီးတွေချည်းပဲ ဖြစ်လာတော့မယ်

ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထား

​ပူတင်က သူ့မိသားစုကို လျို့ဝှက် "မြေအောက်ဘန်ကာ" ထဲ ပုန်းခိုင်းထား

မြိတ်မြို့မှ ပုလောသို့ အင်အား ၃၀၀ ကျော်ဖြင့်တက်လာသော စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၅၀ ဦးထက်မနည်းသေဆုံး(ရုပ်/သံ)