UGများအား ဖမ်းဆီးရန်ဟုဆိုကာ နေပြည်တော်မှ အထူးလေ့ကျင့်ထားသည့် ဒုရဲအုပ် ၄၃ဦးအား ရန်ကုန်သို့ စေလွှတ်ထား

Author လင်းခိုင်

Published on Feb 22, 2023

ရန်ကုန်မြို့ရှိ မြေအောက်တော်လှန်ရေးအင်အားစုများအား စုံစမ်းဖော်ထုတ် ဖမ်းဆီးရန်ဟုဆိုကာ နေပြည်တော်မှအထူးလေ့ကျင့်ထားသည့် ဒုရဲအုပ် ၄၃ ယောက်အား ရန်ကုန်သို့ စေလွှတ်ထားကြောင်း ရဲသတင်းအရင်းအမြစ်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ ၂၀ ရက်တွင် နေပြည်တော်မှ ဒုရဲအုပ် ၄၃ ယောက်ကို ကော့မှူး၊ ကွမ်းခြံကုန်၊ ခရမ်း၊တွံတေးမြို့နယ်များတွင် တာဝန်ထမ်းဆောင်ရန်ဟုဆိုကာ စေလွှတ်ခြင်းဖြစ်ကြောင်း ရဲသတင်းအရင်းမြစ်က ဆိုသည်။

အဓိက ကော့မှူး၊ ကွမ်းခြံကုန်း၊ ခရမ်း၊ တွံတေးမြို့နယ်မှာ တာဝန်ထမ်းဆောင်ဖို့ဆိုပြီး စေလွှတ်တာ၊ ကျန်တဲ့ဘယ်လို ကိစ္စတွေရှိတယ်ဆိုတာတော့ သေချာမသိရဘူး။ အဲ့ဒီမြို့နယ်တွေမှာ စကစ တွေ  အုပ်ကြီးတွေ အသတ်ခံရရင် လုပ်တဲ့သူကို မဖမ်းမိတော့ အင်အားတိုးချဲ့တာလားမသိဘူး” ဟု ရဲသတင်းအရင်းအမြစ်က CJ Platform သို့ပြောကြားသည်။

စစ်ကောင်စီမှ ကော့မှူး၊ ကွမ်းခြံကုန်း၊ ခရမ်းနှင့် တွံတေးမြို့နယ်များတွင် ယခုကဲ့သို့ ဒုရဲအုပ်များ အင်အားတိုးချဲ့ချထားခြင်းသည် မြေအောက်တော်လှန်ရေးသမားများကို အသွင်ယူဖမ်းဆီးနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်းလည်း ရန်ကုန် UG တော်လှန်ရေးသမား တစ်ဦးက CJ Platform သို့ပြောကြားသည်။

အဲ့ဒီဘက်တွေမှာ က မြို့တွင်းလို CCTV ဘာတွေ သိပ်မရှိဘူး။ အဲ့တော့ ဒီကောင်တွေက UG သမားတွေကို ဖမ်းဖို့အင်အားတိုးတာဖြစ်နိုင်တယ်။ ” ဟု ပြောကြားသည်။

စစ်ကောင်စီသည် မြို့တွင်း UG တော်လှန်ရေးသမားများကို ဖမ်းဆီးနိုင်ရန်အတွက် UG အဖွဲ့များတွင် ယင်းတို့၏စစ်ထောက်လှမ်းရေးအရာရှိများ၊ ရဲများကို အသွင်ယူထည့်သွင်းထားကြောင်းလည်း ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များက သက်သေခံဖော်ပြလျက်ရှိကြောင်း ပြည်သူတစ်ဦးက ဆိုသည်။

ယမန်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဦးဆောင်ကာ၊ ဒုဝန်ကြီးများ၊ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာမှထိပ်တန်းအရာရျိ ၅၅ ဦး အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် UG ရဲဘော်များကို အသွင်ယူပြီးဖမ်းဆီးရန်၊ NUG  CRPH နှင့် PDF များကို ချေမှုန်းရန်၊ အစရှိသည့် အစည်းအဝေးမှတ်တမ်းများ ပေါက်ကြားခဲ့သည်။

ထိုကဲ့သို့ အစည်းအဝေးမှတ်တမ်း ပေါက်ကြားပြီးနောက် စစ်ကောင်စီ ဒုခေါင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဇန်နဝါရီ ၁၇ ရက်တွင် အောင်မင်္ဂလာဝင်းအရှေ့ရှိ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့သို့ လာရောက်ကာ လျှို့ဝှက်စာပေါက်ကြားခဲ့မှုနှင့် ပတ်သက်ပြီး စရဖ အကြီးပိုင်းအရာရှိမှုများကို ငေါက်ငမ်းပြီး ရဲမှူးချုပ် အောင်ဌေးမြင့်ကိုဖမ်းဆီးခဲ့ကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။

ဓာတ်ပုံ- Google
ပုံစာညွှန်း – ရန်ကုန်မြို့အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များအား မြင်ရပုံ
#CjPlatform #
ရန်ကုန် #UG #နေပြည်တော် #ဒုရဲအုပ် #အသွင်ယူ



Comments

Popular posts from this blog

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

UNHCR ဘယ်လိုလျှောက်ကြမလဲ

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

ငွေတောင် ဆိုင်ပိုင်ရှင်မိသားစုများ

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း