ရမည်းသင်း အကျဉ်းထောင်မှ အကျဉ်းသားနှင့် အချုပ် သား ၉ ဦး ကားပေါ်မှ ဆင်းပြေး၍ လက်နက် လုယူပြီး ရဲများကို ပစ်ခတ်ကာ လွတ်မြောက်

ရန်ကုန်၊ မတ် ၁ ခေတ်သစ်

မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းသား၊ အချုပ်သား ၉ ဦးသည် ယနေ့ ည နေ ၄ နာရီကျော်အချိန် အချုပ်ကားပေါ်မှ ဆင်းပြေး၍ လက် နက် များလုယူပြီး ရဲများကို ပြန်လည် ပစ်ခတ်ကာ လွတ်မြောက်သွားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ထံမှ သိရှိရသည်။ 


ယနေ့ မတ်လ ၁ ရက်နေ့တွင် ရမည်းသင်းထောင်မှ ပျဉ်းမနားသို့ တရားရုံးထုတ်လာသည့် အချုပ်သား ၂၁ ဦးကို ရုံးထုတ်ပြီး အပြန်လမ်း၊ ကင်းသားလမ်းခွဲတွင် ပါဆယ်ယူရန် ရှိသည်ဟုဆိုကာ အချုပ်ကားကို ခဏရပ်ခိုင်းကြောင်း၊  ယင်းနောက် အကျဉ်းသား၊ အချုပ်သား ၉ ဦးက ရဲများထံမှ လက် နက် လု ယူကာ ပစ်ခတ်ပြီး လွတ်မြောက်သွားကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားသဖြင့် ရဲတချို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။ 


"ရမည်းသင်းအကျဥ်းထောင်မှ ရုံးထုတ်လာတဲ့ အချုပ်သား ၊ အကျဉ်းသား  ၂၁ ဦးကို ပျဉ်းမနားမှာ ရုံးထုတ်ပြီး အပြန် ထောင်ပြန် အပို့  ကင်းသာလမ်းခွဲမှာ ပါ ဆယ် ယူဖို့ ရှိလို့ ကားခဏရပ်နေချိန်  အချုပ်သား ၊အကျဥ်းသား ၉ ဦး  ထွ က်ပြေး တယ်။ ရဲတွေဆီက  သေနတ်တွေပါ သွားတယ်။  ရဲတွေနဲ့ ပစ် ခတ်မှုဖြစ်တယ်။ ၉ ဦးလုံး လွတ်ပါတယ်။  လွတ်မြောက်သွား သူတွေထဲမှာ ထောင်ဒဏ် နှစ် ၅၀ ကျော် ချခံထားရတဲ့ သူတွေလည်းပါတယ်။  နိုင်ငံရေးအမှုတွေ အပါ အဝင် အမှုမျိုးစုံပဲ။  ဒုရဲအုပ်တစ်ဦး ခေါင်းကွဲပါတယ်။  ရဲတပ်သားတစ်ဦး သေ နတ် ထိမှန်ဒဏ်ရာဖြင့် ဆေးရုံပို့ထားရတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်း ရင်းမြစ်က ပြောသည်။ 


လက်ရှိတွင် စစ်တပ်နှင့်ရဲများက လွတ်မြောက်သွားသော အချုပ်သားနှင့်အ ကျဉ်း သားများကို ဖမ်းဆီးရရှိရေး တောနင်း ရှာဖွေမှုများ လုပ်ဆောင်နေပြီး အခင်းဖြစ်ပွားသည့်နေရာအနီးအနားမှ ကျေးရွာများကိုလည်း ပိတ်ဆို့ လျက်ရှိကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ အချုပ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်သည်)


Photo- EPA



Comments

Popular posts from this blog

“ယူကရိန်း အတွက် လေယာဥ်တွေပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက်အကောင်အထည် ဖော်ဖို့ခက်

အာဆီယမ် အမေရိကန်ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း

နေဝင်းစတိုင်ဖမ်းလာတဲ့သောင်းလှိုင်သား

အပစ်ရပ် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

မြန်မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ်မတ််ရပ်တည်ကြောင်း အီးယူထုတ်ပြန်

အသံတိတ်လူသတ်သမားတွေ