ခေတ်သစ်ကို မယုံကြည်ကြရန် ဝန်ထမ်းများကို ပြော ဆို

စသုံးလုံး ဒုညွှန်ချုပ်၏ ကရင် ခရီးစဉ်တွင် ခေတ်သစ်ကို မယုံကြည်ကြရန် ဝန်ထမ်းများကို ပြော ဆိုပြီး NUG ၊ CRPH နှင့် PDF ဆက်သွယ်လျှင် ဝန်ထမ်း မိသားစုဆွေမျိုးများပါ မချန် ထောင်ချမည်ဟု ခြိမ်းခြောက်


ရန်ကုန်၊ ဖေဖော်၀ါရီ ၂၅ ခေတ်သစ်

ကရင်ပြည်နယ်၊မြ၀တီမြို့၊ ရွှေက္ကိုလ်မြို့သစ်တွင် အွန်လိုင်းလောင်းကစားဂိမ်းများက ဗီယက်နမ် နိုင်ငံ သားများထံမှ ဒေါ်လာ သိန်းချီ လိမ်လည်‌သော အမှုကို လာရောက်စစ်ဆေးသည့် စသုံးလုံး ဒုညွန်ကြားရေးမှူးချုပ် သိန်းနိုင်ထွန်းက စသုံးလုံး ဝန်ထမ်းများအနေဖြင့် ခေတ်သစ်သတင်းများကို မယုံကြည်ကြရန်နှင့် မဖတ်ကြရန် တိုက်တွန်းပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ လာရောက်သွားခဲ့သည့် စသုံးလုံး ဒုညွှန်ချုပ် သိန်းနိုင်ထွန်းက ခေတ်သစ်သတင်းများကို မယုံကြရန်၊ ခေတ်သစ်တွင် ဖော်ပြထားသည့် ဗီယက်နမ်နိုင်ငံက တိုင်ကြားသည့် ရွှေက္ကိုလ် လောင်းကစား ကိစ္စကြောင့် လာရောက်ခြင်းမဟုတ်ဘဲ ဝန်ထမ်းများ စည်းရုံးရေး အတွက် လာရောက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။ 

"ဒုညွှန်ချုပ်ခရီးစဥ်မှာ ခေတ်သစ်သတင်းတွေကိုမယုံဖို့ ခေတ်သစ်မှာ ဖော်ပြထားတဲ့ ကိစ္စအတွက် လာရောက်ခြင်းမဟုတ်ဘဲ  မိသားစုစည်းရုံးရေးအတွက် အထက်ကချမှတ် ပေးအပ်တဲ့ တာဝန် ဖြင့်သာလာရောက် စည်းရုံးကွင်းဆင်းခြင်းဖြစ်ပါတယ်လို့ ပြောတယ်" ဟု ပြည်ထဲရေး သတင်း ရင်းမြစ်က ပြောသည်။ 

စသုံးလုံး ဒုညွှန်ချုပ် သိန်းနိုင်ထွန်းက  စသုံးလုံး ဝန်ထမ်းများအနေဖြင့်  CRPH ၊ NUG ၊ PDF တို့ကိုထောက်ပံ့ခြင်း အားပေးအားမြှောက်ခြင်းများ မလုပ်ကြရန်၊  ဝန်ထမ်း မိသားစုဝင် များ အနေဖြင့် မဆက်သွယ်ကြရန် ၊ တားမြစ်ထားသည့်ကြားထဲမှ NUG CRPH PDF နှင့် ဆက်သွယ် ကူညီထောက်ပံ့မှုတွေ့ရှိပါက မိသားစု ဆွေမျိုးပါမချန် ထောင်ချ အရေးယူမည်ဟု ခြိမ်းခြောက်သည်။ 

" ဝန်ထမ်း(အိမ်ထောင်သည်)လင်စုံမယားစုံအရေးယူအပြစ်ပေးခံရမယ်။  လူပျို၊အပျို ဖြစ်ပါက သက် ဆိုင်သူမိသားစုပါ အရေးယူအပြစ်ပေးခြင်းခံရမယ်ဆိုပြီး ဒုညွှန်ချုပ်က ခြိမ်းခြောက်တယ် ။ ဝန်ထမ်း တွေကို ပျဥ်းမနား မျှစ်ချဥ်တွေ လက်ဆောင်ပေးသွားတယ်။ ဝန်ထမ်းတွေ သွေးတိုး အကြောတက်ပြီး တစ်ဖက်လှည့်နဲ့ သတ်နေသလားပဲ" ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ပြောသည်။ 

စသုံးလုံး ဒုညွှန်ချုပ်သည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းသို့ စုံစမ်းစစ်ဆေးရေး ခရီးစဉ် အဖြစ် လာရောက်ခဲ့ရာတွင်   ပြည်နယ်၂ခုပေါင်းခရီးစဥ် စားစရိတ် သိန်းရာချီကုန်အောင် သုံးဖြုန်း သွားကြောင်း၊  ဒုညွှန်ချုပ် သိန်းနိုင်ထွန်းခရီးစဥ်ကြောင့် ပြည်နယ် မြို့နယ် ခရိုင် စသုံးလုံး တာဝန်ခံ များ ဘတ်ဂျတ် ၃ လစာဝန်းကျင် အထိ နစ် နာဆုံးရှုံးရကြောင်း၊ ခေတ်ပျက်တွင် စည်းရုံးရေးပုံစံဖြင့် စစ်ဆေးရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။





Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

စစ်တပ်နောက်မှာ တရုတ်ရှိလို့ ပြည်ပနိုင်ငံတွေ မကူညီရဲတာဆိုတဲ့ ဂျင်း

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်