ဆေးရုံနှင့်စာသင်ကျောင်းကိုစစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

အရာတော်၊ မလဲသာရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှု တိုက်နယ်ဆေးရုံနှင့် အထက်တန်း ကျောင်းတို့ ထိခိုက် ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မလဲသာရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်မှုကြောင့် အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံနှင့် ကျန်းမာရေးဌာနတို့ ထိခိုက် ပျက်စီးခဲ့ကြောင်း အရာတော်ပို့စ်ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ Mi 35 ရဟတ်ယာဉ်ဖြင့် မလဲသာကျေးရွာရှိ တိုက်နယ်ဆေးရုံ၊ အထက်တန်းကျောင်းနှင့် ကျန်းမာရေးဌာန အဆောက်အအုံတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း သိရသည်။

“ရဟတ်ယာဉ်နဲ့ပစ် စစ်ကူတွေချပြီးတော့ မြေပြင်ကနေလည်း ဆေးရုံကိုဝင်ပစ်တယ်။ ရဟတ်ယာဉ် နဲ့ စစ်ကူက အင်အား ၁၀၀ ကျော်လောက်ရှိတယ်။ လေယာဉ်နဲ့ ချသွားတာ အင်အား ၁၀ လောက်စီနဲ့ စစ်ကြောင်းနှစ်ခုခွဲပြီး လှည့်ပတ်မီးရှို့နေတာ၊ ကန်ရင်း၊ မလဲသာ၊ သခွပ်ပင်ရွာတွေလည်း မီးရှို့ဖျက် ဆီးခံရတယ်။ အဲဘက်မှာလဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်တာ၊ စစ်သားတွေ ထိခိုက် သေဆုံးမှုရှိတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် မလဲသာကျေးရွာ၊ ကန်ရင်းကျေးရွာနှင့် ညောင်ပင်ကျေးရွာအနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် လှည်ပတ်ပစ်ခတ်ပြီးနောက် Mi 17 ရဟတ်ယာဉ်ဖြင့် အကြမ်းဖက် စစ်သား အင်အား ၁၀၀ ခန့်ကို မြေပြင်တွင် ချပြီး မြေပြင်မှစစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားအင်အား ၁၀၀ ခန့်ဖြင့်ပူးပေါင်းကာ ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်တပ် စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့ ထိခိုက်ကျဆုံးမှုရှိကြောင်း PDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်လည်း အရာတော်မြို့နယ်ရှိ ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုး စီးနင်းလျက်ရှိပြီး PDF တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရှိရသည်။






 

အရာတော်တောင်ပိုင်း တိုက်ပွဲဖြစ်နေချိန် အင်အား​နည်းနေသည့် စစ်ကောင်စီစခန်းများအား ဝင်တိုက်


▪️စစ်တပ်အရာရှိနှင့်ပျူသေဆုံးပြီး စခန်းအချို့အား မီးရှို့ဖျက်ဆီး


▪️စစ်ကောင်စီတပ်က အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာနတို့ကို လေကြောင်း တိုက်ခိုက်


အောင်ဇေယျ/People's Spring


စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တောင်ပိုင်း၌ တိုက်ပွဲ ဖြစ်ပွားနေစဥ် တပ်ဖွဲ့အင်အားနည်းပါးနေသည့် ပျူစောထီးစခန်းနှစ်ခုနှင့် ရဲစခန်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အရာတော်(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။


တိုက်ခိုက်မှုကြောင့် စစ်တပ်အရာရှိတစ်ဦးနှင့် ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း ပကဖက ဆိုသည်။


စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် သုံးရက်အတွင်း၌ အရာတော်မြို့နယ်တောင်ပိုင်းမှ လေကြောင်းအကူဖြင့် အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ပွဲဝင်နေချိန် ဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ အင်အားနည်းပါးနေသည့် အခြားတပ်စခန်းနေရာများကို ရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အရာတော်(ပကဖ) အဖွဲ့က အသိပေးသည်။


 ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၆နာရီခွဲခန့်က အရာတော်မြို့နယ်၊ စပါးတွင်းကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တပ်စွဲထားသော စခန်းများအား လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ထို့နောက် ည ၈နာရီခန့်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ထိုကျေးရွာရှိ ပျူစောထီးစခန်းအချို့အား စီးနင်းဖျက်ဆီးနိုင်ခဲ့ကြောင်း ပကဖက ဆိုသည်။


တိုက်ပွဲကြားတွင် စစ်ကောင်စီတပ်များက ဓားစာခံလုပ်ထားသဖြင့် ပိတ်မိနေသည့် စပါးတွင်းကျေးရွာပြည်သူများအားလည်း အချိန်မီကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း အရာတော်(ပကဖ)က ထုတ်ပြန်သည်။


အဆိုပါ တိုက်ပွဲတွင်အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊မုံရွာခရိုင် အမှတ်(၁၉) PDF တပ်ရင်းတို့နှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။


 ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၂ နာရီခန့်တွင်လည်း နောင်ကြီးအိုင်ကျေးရွာ ရဲစခန်းအား (၆၀) မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုစခန်းတိုက်ခိုက်မှုကို အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်နယ် (၁)၊ (၂)၊ (၆)၊ (၈) ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။


ထို့အပြင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၇နာရီခန့်တွင်လည်း အမတ(၃၆၉)တပ်ရင်းအနီး သစ်ကျင်းကြီးကျေးရွာရှိ ပျူစောထီးခြေကုပ်စခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ထိတွေ့မှုဖြစ်ပွားပြီး စစ်တပ်အရာရှိတစ်ဦးနှင့် ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦးတို့ကို အသေပစ်ခတ်နိုင်ခဲ့ကြောင်း အရာတော်(ပကဖ)က အသိပေးသည်။


သစ်ကျင်းကြီးပျူစခန်း တိုက်ခိုက်မှုတွင် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊မုံရွာခရိုင် အမှတ်(၆) PDF တပ်ရင်းနှင့်မုံရွာခရိုင်အမှတ်(၁၉) PDF တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


အရာတော်တောင်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသေးပြီး စစ်ကောင်စီတပ်များကလည်း ဖြန့်ခွဲစစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း အရာတော်ပကဖအဖွဲ့က အသိပေးထားသည်။


ဖြစ်စဥ်များနှင့်ပတ်သက်၍ အရာတော်(ပကဖ) အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။


စစ်ကောင်စီတပ်သည်  ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၂ နာရီသာသာခန့်က မလဲသာကျေးရွာ အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာနတို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပျက်စီးထိခိုက်မှုများရှိခဲ့သည်။


"အရာတော်တောင်နယ်က ရွာကြီးတွေဖြစ်တဲ့ မလဲသာ၊ ကန်ရင်း ကျေးရွာများနဲ့ ရွာဘေးပတ်လည်၊ ဆေးရုံ၊ ကျောင်း နေရာတွေကို စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ ပျံတက်လာခဲ့တဲ့ Mi35 ရဟတ်ယာဉ်က အချိန်အတော်ကြာကြာ လှည့်ပတ်ပစ်ခတ်ခဲ့ပါတယ်။"ဟု ဒေသတွင်း အရာတော်ပို့စ်က ရေးသားသည်။


စစ်ကောင်စီတပ်သည် အရာတော်‌မြို့နယ် တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်ပြီးနောက် Mi17 ရဟတ်ယာဉ်တစ်စီးဖြင့် နမခမှ စစ်ကောင်စီတပ်ဖွဲ့များကို သယ်ဆောင်ကာ မလဲသာ၊ ကန်ရင်း၊ ညောင်ပင် ကျေးရွာများတဝိုက်၌ လေးကြိမ်ဆင်းသက်ပြီး စစ်အင်အားထပ်ဖြည့်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။


စစ်ကိုင်းတိုင်း၊ အရာတော်နယ်တောင်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းနှင့် ဒေသတွင်း PDFများ သုံးရက်နီးပါးတိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၁၀ဦးထက်မနည်းသေဆုံးပြီး PDF ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း ZERO ပြောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောကြားထားသည်။










Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️