YMBA ဥက္ကဋ္ဌ၊ ပျူစောထီး ခေါင်းဆောင်မြေဩဇာဖြစ်

မော်လမြိုင်ကျွန်းမြို့နယ်၊ YMBA ဥက္ကဋ္ဌ၊ ပျူစောထီး ခေါင်းဆောင် ကျော်တင် ဦး ယမန်နေ့ ပစ်ခတ်ခံရပြီး ယနေ့မှ သေဆုံး၊ တောင်တွင်းကြီးတွင်လည်း အုပ်ချုပ်ရေးမှူး  ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ခေတ်သစ်
ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ YMBA ဥက္ကဋ္ဌ ပြည်သူ့စစ်(ခေါ်) ပျူ စောထီး ခေါင်း ဆောင် ကျော်တင်ဦးသည် ယမန်နေ့ ပစ်ခတ်ခံရပြီးနောက် ဆေး ကုသမှု ခံယူနေစဉ် ယနေ့ သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်  မော်လမြိုင်ကျွန်းမြို ၊ ဗိုလ် ချုပ်စျေးအနီး လက်ဖက် ရည်ဆိုင်တွင် လက်ဖက်ရည်ထိုင်သောက်နေ သော YMBA အသင်းဥက္ကဋ္ဌ၊ ပျူစောထီးခေါင်းဆောင် ကျော်တင်ဦးကို သေနတ် သမား တချို့ ပစ်ခတ်ခဲ့ကြောင်း၊ ကျော်တင်ဦးသည် ဒဏ်ရာရရှိပြီး မော်လမြိုင် ကျွန်းမြို့ ဆေးရုံမှ တစ်ဆင့် ပုသိမ်မြို့ရှိ စစ်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ယနေ့ သေဆုံးသွားကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့  နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်  မကွေး တိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ လိပ်တိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုးမြင့် သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ ၃ ချက် ပစ်ခတ်ခံရ၍ ခေါင်းပေါက်ထွက်ကာ သေဆုံးသွား ခြင်းဖြစ်ကြောင်း သိရှိရသည်။



 

Comments

Popular posts from this blog

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

အထက်မင်းလှမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် နှစ်ဦးသေ

ရှားတောမြို့စစ်ကောင်စီဗျူဟာကုန်း ရိက္ခာသယ်ယာဥ်တိုက်ခိုက်ခံရပြီး ၅ဦးသေ၊ အများအပြားဒဏ်ရာရ

​အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်။

ရုပ်ရှင်ရုံတွေပြန်ဖွင့်တော့မယ်တဲ့

​ယူကရိန်း ရုရှားအရေး စစ်နှုတ်ခမ်းက မငြိမ်းချမ်းတဲ့ကမ္ဘာ

မအလ ကြပ်ရောပြည့်ရဲ့လား နှီးကြောစာမိမယ်

ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်