ကန့်ဘလူ၊ မြေမွန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

ကန့်ဘလူ၊ မြေမွန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ရာနှင့်ချီပြီး မီးလောင်ပြာကျ၊ ပုလဲမြို့နယ်၊ နွယ်အင်းရွာကိုလည်း စစ်တပ်က စီးနင်းပြီး ကျေးရွာ ဆေးပေးခန်းကို မီးရှို့ဖျက်ဆီး


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ်


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ရာနှင့်ချီပြီး မီးပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ မြေမွန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ရာနှင့်ချီပြီး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။ 


"မြေမွန်ရွာကို စစ်ခွေးတွေ ဒီနေ့ မီးရှို့သွားတာ ပျက်စီးဆုံးမှု အခြေအနေတော့ အတိကျ မသိရသေးဘူး။ ကျေးရွာရဲ့ သုံးပုံနှစ်ပုံ လောက် ပြာကျသွားတယ်။ ရွာမှာက နေအိမ် ၇၀၀ ကျော်လောက်ရှိတယ်။ နေအိမ် ရာနဲ့ချီပြီး မီးထဲပါသွားတယ်။ စစ်ခွေးတွေ ရွာကို မီးစရှို့ပြီး ၂ နာရီလောက် တိုက်ပွဲဖြစ်သွားသေးတယ်။ တိုက်ပွဲအခြေအနေ အသေးစိတ်တော့ မသိရသေးဘူး" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။


အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးလက် ဆေးပေးခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဇီဖြူကုန်း ပျူစောထီးရွာမှ ထွက်လာသည့် စစ်သားနှင့် ပျူစောထီးများက နွယ်အင်းရွာကို ဝင်ရောက်စီးနင်းပြီး စစ်ဘေးရှောင် ပြည်သူများ၏ တောတဲများကို မီးရှို့ဖျက်ဆီးပြီးနောက် နွယ်အင်းရွာမှာ တပ်စွဲကာ ကျေးလက် ကျန်းမာရေး ဆေးပေးခန်းကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။


အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နွယ်အင်းရွာ၌ ညအိပ် တပ်စွဲပြီးနောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားပြီး တုံးကန်ကျေးရွာ၌ တပ်စွဲထားကြောင်း သိရှိရသည်။










Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ