ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ 

ဥရောပသမဂ္ဂ(EU) က ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ရန်ကုန်စီးပွားရေး ဝန်ကြီး မျိုးမြင့်အောင်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်  အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီ ၇ ခုကို ထပ် မံ စီးပွားရေးပိတ်ဆို့လိုက်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့ တွင် တရားဝင် သတင်းထုတ်ပြန်သည်။ 

စစ်အာဏာသိမ်းပြီးနောက် EU က ဒဏ်ခတ်ပိတ်ဆို့များ ဆက်တိုက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ အရေးယူခံရသူများတွင် စစ်ကောင်စီ စွမ်းအင်ဝန်ကြီး ၊ စစ်တပ်အတွက် လက်နက်နှင့်နည်းပညာများ ဝယ်ရာတွင် ပါဝင်ခဲ့ကြသည့်  စီးပွားရေးသမားများနှင့် စစ်အရာရှိကြီးများ ပါဝင်‌ေ‌ြာကာင်း သိရှိရသည်။ 

၂၀၂၂ ခုနှစ် ဇူလိုင်လတွင်  ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ၄ ဦးကို  သေဒဏ်ပေး ကွပ်မျက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် ရန်ကုန်တိုင်းအစိုးရ စီးပွားရေးဝန်ကြီး မျိုးမြင့်အောင်ကို လည်း  EU က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း သိရှိရသည်။ 

EU က ပိတ်ဆို့မှု ချမှတ်သူ လူပုဂ္ဂိုလ် ၉ ဦးတွင် 

၁-ဗိုလ်ချုပ်ကြီး မိုးအောင်
ကာကွယ်ရေးဦးစီးချုပ်ရေ 

၂-ဗိုလ်ချုပ်ကြီး မောင်မောင်အေး 
ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး

၃- ဒုတိယဗိုလ်မှူးကြီးဟောင်း မျိုးမြင့်အောင်
ရန်ကုန်တိုင်းစီးပွားရေးဝန်ကြီး
( ကိုဂျင်မီ၊ကိုဇေယျာသော် အပါအဝင် ဒီမိုကရေစီလှုပ်ရှားသူ ၄ ဦးကို စီရင်ဆုံးဖြတ်ချ၊ ကြိုးပေး စီရင်သူ)

၄-ဗိုလ်ချုပ်ဇင်မင်းထက်
  ဒုဝန်ကြီးနှင့် ရဲချုပ်
  ပြည်ထဲရေးဝန်ကြီးဌာန 

၅- ဗိုလ်ချုပ်ကိုကိုမောင်
မြောက်ပိုင်းတိုင်းမှူး

၆-မျိုးမြင့်ဦး 
စွမ်းအင်ဝန်ကြီး ၊ စစ်ကောင်စီ

၇-အောင်လှိုင်ဦး
စစ်တပ်အတွက် နည်းပညာနှင့် လက်နက်ပွဲစား
MCM ဥက္ကဋ္ဌ 

၈-စစ်တိုင်းအောင်
စစ်တပ်အတွက် နည်းပညာနှင့်လက်နက်ပွဲစား
Yatanarpon Aviation Support Company နှင့် Suntac Technologies Co.,ltd

၉-ကျော်မင်းဦး
စစ်တပ်အတွက် နည်းပညာနှင့် လက်နက်ပွဲစား
ဒါရိုက်တာ၊ Sky Aviator   တို့ပါဝင်သည်။ 

ထို့ပြင် EU က ပိတ်ဆို့မှု ချမှတ်သည့် အဖွဲ့ ၇ ခုတွင်  ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်ခံ စစ်ထောက် ချုပ်ရုံး၊ ကာကွယ်ရေး ပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေး ပစ္စည်းဝယ်ယူရေးရုံး၊ Asia Sun Group ၊ Dynasty International Company Limited ၊ International Gateways Group of Company Limited (IGG) နှင့် Sky Aviator Company Limited တို့ပါဝင်ကြောင်း သိရှိရသည်။ 

စစ်တပ် အာဏာသိမ်းပြီးနောက် EU က ပိတ်ဆို့ ဒဏ် ခတ်အရေးယူထားသူ စစ်တပ်နှင့်ပတ်သက်သော လူပုဂ္ဂိုလ် စုစုပေါင်း ၉၃ ဦးနှင့် အဖွဲ့အစည်း ၁၈ ခု ရှိလာပြီ ဖြစ်သည်။

 







 

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️